စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်က စစ်သား ၃၅ယောက် သေဆုံးပြီး လက်နက်များစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့-ဝက်လက် က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက် မနက် ၈နာရီဝန်းကျင်အချိန်ကနေ ညနေ ၆နာရီခွဲအချိန်အထိ ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့ကနေ ဗိုလ်ကြီး ဆန်းညွှန့်ထွန်းဦးဆောင်တဲ့ တပ်မ ၃၃ လက်အောက်ခံ (ခမရ-၁၁)/ (ခလရ-၄၂)/ပျူပူးပေါင်းအပါ အင်အား ၁၂၀ ခန့်ဟာ ပုဏ္ဏားကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေစဥ် တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုမှာ စစ်ကော်မရှင်ဘက်က ၃၅ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော် ၃ယောက် (မစိုးရိမ်) ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်တပ်သားတွေထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းများ (ဓာတ်ပုံ People’s Servant Revolution – Wetlet)

ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေထံက MA1 ၁၁ လက်၊ MA2 ၃ လက်၊ MA3 ၁၀ လက်၊ ငါးကြင်းမြှီး ၂ လက် ၊ RPG  ၁ လက်၊ စနိုက်ဘာ ၁ လက်၊ BA100 (စိန်ပြောင်း) ၃ လက်၊ BA90 (စိန်ပြောင်း) ၁ လက်၊ ဂျန်ဘာစက် ၁ လုံး၊ ကျည်ဘောက် ၁၆ ဘောက်၊ ၅.၅၆ ကျည် အတောင့် ၃၉၀၊ ၇.၆၂ ကျည် ၁၇၁၉ တောင့်၊ RPG- ၄ ဖူး၊ RPG ပို့ကျည် ၇ လုံး ၊ ကျည်ကာဦးထုပ် ၁၀ လုံး၊ လက်ကိုင်ဖုန်း  ၂၈ လုံး ၊ အီနာဂါ ဗုံးသီး ၁၉ လုံးနဲ့ လက်ပစ်ဗုံး ၇ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကိုတော့ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး စီမံချက်နဲ့အတူ အမှတ် (၁၊၂၊၃၊၄၊၅၊၁၇) တပ်ရင်းတွေ၊ ဝက်လက်မြို့နယ် ပကဖ၊ ဟံလင်းတိုက်နယ် ပကဖ၊ အမှတ် (၂) ရွှေဘိုခရိုင် Drone အဖွဲ့၊ အမှတ် (၁/၂/၃/၄/၅/၁၇) Drone အဖွဲ့၊ ဇာမဏီ Drone အဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ Droneအဖွဲနဲ့ ဒေသခံပကဖတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းများ (ဓာတ်ပုံ People’s Servant Revolution – Wetlet)
0 Shares:
You May Also Like
Read More

တော်လှန်ရေးကို မယုံ၊ တည်ဆောက်ရေးကိုသာ ယုံသည်ဆိုတဲ့ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲ ဝင်ချင်လို့ အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်သေး

ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ သက်သက်ခိုင်ဟာ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့  စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို အသနားခံစာ ၂ စောင် တင်သွင်းထားပေမယ့် အကြောင်းမပြန်လာသေးဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ 
Read More

ရှေ့တန်းရောက် ရဲဘော်တွေရဲ့ မိသားစု၀င်တွေကို ထောက်ပံ့ငွေများ ပေးအပ် (ဓာတ်ပုံသတင်း)

ရှေ့တန်းစစ်မြေပြင်ရောက် ရဲဘော်တွေရဲ့ မိသားစုဝင်များကို ရွှေဘိုခရိုင်တပ်ရင်း-၁၅ မှ ရိက္ခာနှင့်ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပလက်ဝရှိ စစ်ဘေးရှောင် နေအိမ်အများအပြား ရေနစ်မြုပ်

အိန္ဒိယနဲ့ ချင်းနယ်အစပ်မှာရှိတဲ့ မီဇိုရမ်၊ လောင်တလိုင်ခရိုင်၊ တွီဒင်းရွာနဲ့ ကာကီရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ပလက်ဝနယ်က စစ်ဘေးရှောင် နေအိမ်အများအပြား ရေမြုပ်သွားတယ်လို့ ပလပ်ဝကောင်စီ အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

မြိုင်မှာ NUG ရဲ့ အောင်ဆန်းပညာရပ်စုံ တက္ကသိုလ်နေရာ သတင်းပေါက်ပြီး ဗုံးကြဲခံရ၊ CDM ကျောင်းသူ ၁ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်မယ့် အောင်ဆန်းပညာရပ်စုံတက္ကသိုလ်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDM ကျောင်းသူ ၁ယောက် သေဆုံးပြီး ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းမကြီးဘေး တိုက်နယ်ဆေးရုံအတွင်းရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်က စစ်ကောင်စီတပ်တွေတပ်စွဲထားရာ ကျောက်တိုင်ကျေးရွာ၊ တိုက်နယ်ဆေးရုံဝန်းအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က အရာရှိအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်မြဲရေးကို ထောက်ခံကြောင်း ဆားလင်းကြီးမှာ ဆန္ဒပြတောင်းဆို

ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ပြည်သူတွေ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။