ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသူ/သားတွေကို စစ်အုပ်စုက ဖိအားပေးပြီး ကြိုတင်မဲပေးခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီိနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က သတင်းထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက အချုပ်သူ/သားတွေနဲ့ အကျဉ်းသူ/သားတွေကို ကြိုတင်မဲပေးဖို့ စစ်အုပ်စုက ဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

“ထောင်ထဲမှာရှိတဲ့ ထောင်ဒဏ်ကျ အကျဉ်းသားအကုန်ကို မဲပေးခိုင်းတာပါ။ ဒီလို ဖိအားပေး မဲပေးခိုင်းနေတာကို လွတ်မြောက်လာသူဆီကနေ ကြားသိထားရတာပါ။ သူကိုယ်တိုင်လည်း မဲပေးခဲ့ရတာပါ” လို့ KPPA ဒုဥက္ကဋ္ဌဖြစ်သူ ထားဖိုးက မောင်းကို ပြောပါတယ်။ 

ရွေးကောက်ပွဲ တင်မြောက်ခြင်းဆိုင်ရာ ဥပဒေအရ မဲပေးပိုင်ခွင့် မရှိတဲ့ လူစားရင်းမှာ ထောင်ဒဏ်ကျခံနေရတဲ့သူတွေ ပါဝင်ကြောင်း၊ အကျဉ်းကျခံနေရသူတွေကို အတင်းအကြပ် မဲပေးရန်စေခိုင်းတာဟာ စစ်ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ကျူးလွန်နေတာဖြစ်ပြီး တနည်းအားဖြင့် တရားမျှတစွာ မဲပေးပိုင်ခွင့်ဖြစ်တဲ့ နိုင်ငံသား အခွင့်အရေးကိုလည်း စော်ကားနေတာဖြစ်တယ်လို့ KPPA က ထောက်ပြအသိပေးလာတာ ဖြစ်ပါတယ်။ 

ထားဖိုးက ဆက်လက်ပြီး “စစ်ကော်မရှင်က သူတို့ ထုတ်ထားတဲ့ ဥပဒေကို သူတို့ပြန်ပြီး ကျူးလွန်နေတာပါ။ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို မဲပေးခိုင်းလို့ မရဘူးလေနော်။ ပြီးတော့ နောက်တချက်က အဲဒီကြိုတင်မဲတွေက ပွင့်ပွင့်လင်းလင်းလုပ်သွားတာ မဟုတ်ဘူးလေနော်။ ဒီကြိုတင်မဲတွေက နောက်ပိုင်းမှာ နိုင်ငံရေးအင်အား ဆော့ကစားတာတွေမှာ အသုံးချလာနိုင်တယ်ပေါ့နော်။ မဲမသာမှု ကျူးလွန်ဖို့ သူတို့တွေ ပြင်ဆင်နေတာလို့ ကျနော်တို့ ယူဆပါတယ်” လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ လာမယ့် အတုအယောင် ရွေကောက်ပွဲမှာ အနိုင်ရရေးအတွက် တက္ကသိုလ်ကျောင်းတွေမှာလည်း ကျောင်းသူ/ကျောင်းသားတွေကို ကြိုတင်မဲပေးပြီးမှသာ ကျောင်းအပ်လက်ခံတာတွေကို လုပ်ဆောင်နေတာဖြစ်ပြီး အခုတခါမှာလည်း အကျဉ်းသူ/အကျဉ်းသားတွေကို ဖိအားပေးပြီး ကြိုတင်မဲပေးခိုင်းတာတွေကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ 

0 Shares:
You May Also Like
Read More

လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ပုဒ်မ ၅၀ (ဂ)၊ ၅၀ (ည) တို့ နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရထားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်မှာ ကင်းလှည့်နေတဲ့ စစ်သားတွေကို တိုက်ခိုက်၊ စစ်သား ၅ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။  
Read More

လွတ်ရက်စေ့ပြီး ပြန်လွတ်လာသည့် နိုင်ကျဥ်း ၅ ဦးကို ထောင်ဗူးဝတင် စစ်အုပ်စု ပြန်ဖမ်း၊ မတရား အမှုထပ်ကပ်ကာ အကျဉ်းထောင် ပြန်ပို့ထား

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သာယာဝတီအကျဉ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ယောက်ကို စစ်အုပ်စုက ထောင်ဗူးဝမှာတင်ပြန်လည်ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မနဲ့ ထပ်မံတရားစွဲဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လနီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စင်ပေါ်တွင် လိင်ကိစ္စ ညစ်ညမ်းရိုင်းစိုင်းစွာ ပြောဆိုခဲ့သည့် ရက်ပ် အဆိုတော် ဖမ်းခံရဟု သတင်းထွက်

ပရိသတ်ကို ဖျော်ဖြေရင်း စင်ပေါ်မှာ ညစ်ညစ်ညမ်းညမ်း ပြောဆို ဆဲဆိုခဲ့တဲ့ Wink Owens ဂီတအဖွဲ့က ရက်ပ် အဆိုတော်ကို စစ်ကော်မရှင်က ဖမ်းဆီးလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Read More

KNU ဗဟို၏ စစ်ရေးနှင့် နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီး စောထူးထူးလေး၏ ဈာပနအခမ်းအနား

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) စစ်ရေးနဲ့ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီးစောထူးထူးလေးရဲ့ ဈာပနအခမ်းအနားပြုလုပ်တဲ့ ပုံရိပ်တွေကို KNU က မနေ့ကညပိုင်းမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။