မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အားကိုးနဲ့ မူးယစ်ဆေး သယ်ယူရောင်းချနေတဲ့ ပျူစောထီး ၁ယောက်ကို WY မူးယစ်ဆေးတွေနဲ့ လက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၂၅ရက် မနေ့ နေ့လယ်ပိုင်းက ပုသိမ်-မုံရွာလမ်းပေါ်မှာ မူးယစ်ဆေး အရောင်းအဝယ်လုပ်နေတဲ့ နေသွေးဆိုသူကို သရက်ခရိုင် အမှတ်(၄) တပ်ရင်းတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ နေသွေးနဲ့ အတူ WY မူးယစ်ဆေးပြား (၁၀၀၀၀) ကိုလည်း လက်ဝယ်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

နေသွေးဟာ သရက်ခရိုင်အတွင်းက လက်နက်ကိုင် ပြည်သူ့စစ် (ပျူ)ခေါင်းဆောင် ဖိုးပြားရဲ့ တပည့် ပျူစောထီး ၁ယောက်ဖြစ်ပြီး ပုသိမ် – မုံရွာလမ်းပိုင်းက ညောင်ပင်သာကျေးရွာမှာ နေထိုင်သူဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်အားကိုးနဲ့ မူးယစ်ဆေးဝါးတွေ သယ်ယူရောင်းချရင်း မှောင်ခိုလုပ်ငန်းတွေ လုပ်ကိုင်နေသူဖြစ်ကြောင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ဖော်ပြပါတယ်။

ဖမ်းဆီးရမိသည့် နေသွေးအား တွေ့ရစဥ်

“သတင်းရရှိတာနဲ့ သွားဖမ်းခဲ့တာပါ။ လောလောဆယ် စစ်ဆေးစရာရှိတာ စစ်ဆေးနေတယ်။ အထက်ကိုတင်ပြပြီး ဆက်လုပ်သွားပါမယ်။ လောလောဆယ် အချုပ်အနေနဲ့ ထိန်းသိမ်းထားပါတယ်။” လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။

သရက်ခရိုင် အမှတ်(၄) တပ်ရင်းအနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလအစပိုင်းကလည်း သရက်-ကံမလမ်းပိုင်းမှာရှိတဲ့ ရေနံသာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

လူ့အခွင့်အရေးနေ့တွင် မြောက်ဦးဆေးရုံကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ၊ ပြည်သူ အယောက် ၃၀ ကျော် သေဆုံးကာ အယောက် ၇၀ ကျော် ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဆေးရုံကြီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အယောက် ၃၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
Read More

ပါတီမဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးသည်ဆိုကာ စစ်တပ်က လူငယ် ၄ဦးကို စစ်ကော်မရှင်က အရေးယူဖမ်းဆီး

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်း၊ သဃ်န်းကျွန်းမြို့နယ်ထဲက လူငယ်၄ယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၁၄ ရက်၊ မနေ့မနက်ပိုင်းမှာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းနဲ့ ဦးဘဟန်လမ်းထောင့်က ကြံ့ဖွံ့ပါတီ ဆိုင်းဘုတ် ၁ ခု အပါအဝင် လေးထောင့်ကန်လမ်းနဲ့ ဗမ္ဗူဒိပ်လမ်းထောင့်ရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခု၊ ဇဝနလမ်းဆုံရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခုနဲ့ PPP ပါတီ ဆိုင်းဘုတ် ၁ ခု တို့ကို လူငယ်တွေကဖျက်ဆီးခဲ့တယ်လို့ စစ်အုပ်စုက စွပ်စွဲထားတာပါ။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်ထံမှ အလင်းဝင်သူနှင့် လက်နက်ချ စစ်သုံ့ပန်း အယောက် ၁၈၀၀ ရှိပြီဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံတဝန်း ဩဂုတ်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ကနေ အလင်းဝင်လာသူ ၁၄ ယောက်နဲ့ ​စစ်သုံ့ပန်း ၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်း ၁၅ မှ ရဲဘော်များ၏ ရှေ့တန်းစစ်ဆင်ရေးပုံရိပ်များ… (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ်(၁၅)တပ်ရင်းအနေနဲ့ ရှေ့တန်းစစ်ဆင်ရေးတွေမှာ ပါဝင်လှုပ်ရှားနေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ KNDF အမှတ်(၁၅)တပ်ရင်းအနေနဲ့ အခြားတော်လှန်ရေးတပ်တွေနဲ့အတူ နေ့စဉ်နအမျှ အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
Read More

စစ်တပ်လေယာဥ်ကွင်းအတွက် သုံးမည့် ကျွန်းသစ်တင် ဆယ်ဘီးကားကို Southern Yesagyo တပ်ပေါင်းစု ဖမ်းဆီးထား၊ ကျောတိုက်နယ်ပအဖထံမှ လေလံအောင်ထားသော ကျွန်းသစ်များဟု သိရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်ကွင်းတည်ဆောက်ရေးအတွက် အသုံးပြုဖို့ ကျွန်းသစ်တွေသယ်ဆောင်လာတဲ့ ဆယ်ဘီးကား ၁ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ Southern YSO PDF က အောက်တိုဘာ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

နတ်မောက်နှင့် မြို့သစ်တွင် စစ်ထောက်ပို့ကားတန်းနှင့် ကင်းပုန်းဝပ်စစ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး ထက်မနည်း သေ

မကွေးတိုင်း၊ မကွေးခရိုင်အတွင်းက မြို့သစ်နဲ့ နတ်မောက်မြို့နယ်တို့မှာ ကင်းပုန်းဝပ် စစ်သားတွေနဲ့ ထောက်ပို့ စစ်ကားတန်း တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၇ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ အဖွဲ့တွေက အသီးသီး ထုတ်ပြန်ထားပါတယ်။