စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအပြီးမှာတောင် အာဆီယံအနေနဲ့ မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခက်ခဲနေဦးမှာဖြစ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးချိန်တန်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ AFP နဲ့ Reuters သတင်းဌာနတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက နိုဝင်ဘာလ ၂၆ ရက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုအနေနဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစပြီး ရွေးကောက်ပွဲတွေကို အပိုင်းလိုက်ပြုလုပ်ဖို့ စီစဉ်ထားတာဟာ သူတို့ရဲ့ အာဏာရှင်စနစ်ကို ပိုမို အမြစ်တွယ်ခိုင်မာစေဖို့ လှည့်ဖျားမှုအဖြစ် အကဲခတ်တွေနဲ့ နိုင်ငံတကာက ပယ်ချထားပါတယ်။ ဒီမိုကရေစီပါတီတွေကို ဖျက်သိမ်းပြီး ပြည်သူလူထုကို ဖမ်းဆီးထောင်ချထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်ကလည်း ရွေးကောက်ပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ မပြုလုပ်နိုင်ဘူးလို့ ဝန်ခံထားတာပါ။

“ကျနော့်အနေနဲ့ကတော့ လက်ရှိအခြေအနေတွေအရရော၊ လိုအပ်တဲ့ ဘက်ပေါင်းစုံပါဝင်တဲ့ ဆွေးနွေးမှု မရှိသေးဘဲ ရွေးကောက်ပွဲ ကျင်းပမယ့် အခြေအနေတွေအရပါ၊ မြန်မာနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စိဟာဆတ်က ထိုင်းနိုင်ငံခြားသတင်းထောက်များ ကလပ် (FCCT) က အခမ်းအနားတခုမှာ ပြောကြားခဲ့ပါတယ်။

“ဒီလိုရပ်တည်ခြင်းအားဖြင့် (အာဆီယံရဲ့) ညီညွတ်ရေးကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” “ရွေးကောက်ပွဲကို လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲဖြစ်စေချင်ပေမယ့်၊ အဲဒီလို ဖြစ်လာမှာမဟုတ်ဘူးဆိုတာ ကျနော်တို့ သိပါတယ်” “ကျနော့်ရဲ့ ခံစားချက်ကတော့ ကျနော်တို့အနေနဲ့ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုမယ့် အနေအထားမျိုးမှာ မရှိနိုင်ပါဘူး” လို့ သူက ဆိုပါတယ်။

တဖက်မှာတော့ ဒါဟာ ပြုပြင်ပြောင်းလဲမှုဆီ ဦးတည်သွားနိုင်တဲ့ ခြေလှမ်းတရပ် ဖြစ်နိုင်ကြောင်း “၂၀၁၀ ရွေးကောက်ပွဲ” ကို ဥပမာပေးပြီး သူက ပြောဆိုပါတယ်။

“မပြည့်စုံတဲ့ ရွေးကောက်ပွဲဟာလည်း နိုင်ငံကို တည်ငြိမ်မှုနဲ့ ဒီမိုကရေစီဆီ ပြန်လည်ရောက်ရှိစေဖို့အတွက် အခွင့်အရေးကောင်းတခု ဖြစ်နိုင်ပါတယ်” လို့ သူက ဘန်ကောက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် မစ္စတာ စိဟာဆတ်က ဒေါ်အောင်ဆန်းစုကြည်ကို လူသားချင်းစာနာမှုဆိုင်ရာ အကြောင်းပြချက်တွေအရ ပြန်လွှတ်ပေးဖို့ကိုလည်း စစ်အုပ်စုကို တိုက်တွန်းထားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အောက်တိုဘာ ၂၆ ရက်၊ ၂၀၂၅ ခုနှစ် က ကျင်းပတဲ့ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ပြင်ပ သတင်းစာရှင်းလင်းပွဲမှာ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Sihasak Phuangketkeow ကို တွေ့ရစဉ် (ဓာတ်ပုံ REUTERS/Edgar Su)

“သူမကို လွှတ်ပေးဖို့ အချိန်တန်ပါပြီ” “တခါတလေကျရင်တော့ ကျနော်တို့အနေနဲ့ ပြောသင့်ပြောထိုက်တာကို ပြောဆိုရပါမယ်” “သူမ အကျယ်ချုပ်ကျနေတာ အရမ်းကြာနေပါပြီ။ သူမရဲ့ အသက်အရွယ်အရ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိမလဲဆိုတာ ကျနော်တို့ မသိပါဘူး။ ဒါကြောင့်မို့ သူမကို လွှတ်ပေးဖို့ကို အမြန်ဆုံး ဒါမှမဟုတ် ချက်ချင်း လုပ်ဆောင်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် အာဆီယံဟာ ဘုံသဘောတူညီချက်ငါးရပ်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို အာဏာသိမ်းစစ်အုပ်စုရဲ့ သဘောတူညီချက်နဲ့ ချမှတ်ခဲ့ပေမယ့် စစ်အုပ်စုအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိတာကြောင့် ငြိမ်းချမ်းရေးအစီအစဉ်ဟာ အသက်မဝင်ဘဲ ရှိနေတာပါ။

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲထက် အကြမ်းဖက်မှုတွေရပ်တန့်ရေး ဦးစားပေးဖို့ အာဆီယံက ပြီးခဲ့တဲ့ ထိပ်သီးအစည်းအဝေးတွေမှာ ပြောဆိုထားသလို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ စေလွှတ်ဖို့ရှိမရှိကိုလည်း သဘောတူညီချက်မရသေးကြောင်း သိရပါတယ်။

မူရင်းသတင်း – ASEAN re‑engagement with Myanmar ‘difficult’ even after polls, Thai foreign minister says

(ဓာတ်ပုံ Reuters/ Chanat Katanyu)

0 Shares:
You May Also Like
Read More

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏ ကလေးစစ်သားအသုံးပြုမှု မြင့်တက်လာကြောင်း HRW ထုတ်ပြန်

ကလေးစစ်သားအသုံးပြုမှု ကာလရှည်နာမည်ဆိုးရှိခဲ့တဲ့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကလေးစစ်သား စုဆောင်း အသုံးပြုမှု ပိုများလာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇွန်လ ၂၀ ရက်မှာ ပြောပါတယ်။ 
Read More

ထိုင်းမှာ တရုတ်နိုင်ငံသားတွေကို ပြန်ပေးဆွဲမှုအတွက် ထိုင်း ရဲ ၄ ဦးနဲ့ မြန်မာ ၁ ဦးအပါ ၈ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း Ubon Ratchathani ပြည်နယ်၊ Phibun Mangsahan ခရိုင်အတွင်းက တရုတ်နိုင်ငံသား ခုနစ်ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိသူ ၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းသတင်း PBS က ဇန်နဝါရီလ ၂၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။
Read More

မဲခေါင်မြစ်ကြောနိုင်ငံများ ရေလွှမ်းမိုးမှုမှာ လက်သည်မဟုတ်ဘူးလို့ တရုတ်ငြင်းဆို

ရေလွှမ်းမိုးမှုလျော့ပါးရေး စစ်ကောင်စီနဲ့ ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့ကပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောကြားမှုနဲ့အတူ တဆက်စပ်ထဲမှာပဲ မဲခေါင်မြစ်ကြောက နိုင်ငံတွေ ရေလွှမ်းမိုးမှုမှာ လက်သည်မဟုတ်ဘူးလို့ တရုတ်ဘက်က ငြင်းဆိုထားကြောင်း စက်တင်ဘာလ ၁၇ ရက် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြခဲ့ပါတယ်။
Read More

ငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှု ပိုဆိုးလာသည်ဟု ကမ္ဘာ့ဘဏ် ပြော

မတ်လနှောင်းပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှုဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ပိုဆိုးလာဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

အမေရိကန်ကွန်ကရက် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌများက အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ဖို့ သမ္မတဒေါ်နယ်ထရန့်ထံ တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စု ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့အတွက် အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက နိုင်ငံခြားရေးရာကော်မတီဥက္ကဌများနဲ့ လွှတ်တော်အမတ်များက သမ္မတဒေါ်နယ်ထရန့်ထံ တိုက်တွန်းခဲ့တယ်လို့ အမေရိကန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက  ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ကလေးငယ် ၅ သိန်းလောက် အာဟာရချို့တဲ့နေ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကကလေးငယ် ၅ သိန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။