စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းပျက်တဲ့အထိ တိုက်ပွဲရှုံးပြီး နောက်ပြန်ဆုတ်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ထပ်မံတိုက်ခိုက်ခဲ့ရာ ၁ ယောက်သေဆုံးခဲ့တယ်လို့ ဗန္ဓုလနှင့်အဖွဲ့သားများက သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၃ ရက်က ဝက်လက်မြို့နယ် ပုဏ္ဏားကျေးရွာအနီး စစ်ကြောင်းပျက်တဲ့အထိ သေဆုံးမှုများကာ နောက်ပြန်ဆုတ်လာတဲ့ စစ်ကော်မရှင်တပ်သား ရှေ့ပြေး ၁၀ ယောက်ခန့်ကို သားနားရွာ မူးသုံးခွအရှေ့ဘက် ဝက်ခေါင်းပြွန်အနီး တော်လှန်ရေးတပ်ဖွဲ့တွေက ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သား ၁ ယောက် သေဆုံးကာ ခဲယမ်းမလုံလောက်တဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပန်းပျိုးလက်တော်လှန်ရေးများနှင့် မုံရွာဗန္ဓုလနှင့်အဖွဲ့သားများ၊ သိဒ္ဓိရှင်တိုက်နယ်ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကာ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – မုံရွာဗန္ဓုလနှင့်အဖွဲ့သားများ

0 Shares:
You May Also Like
Read More

ဒုံးပျံ Local PDF အဖွဲ့ ထုတ်လုပ်ထားသည့် တာဝေးပစ်အမြောက်ဖြင့် စစ်အုပ်စုကို စမ်းသပ်ပစ်ခတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာကို ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက ဒုံးပျံ Local PDF ထုတ်လုပ်ထားတဲ့ တာဝေးပစ်အမြောက်လက်နက် ကြီးနဲ့ စမ်းသပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့ခံများ အကြမ်းဖက်စစ်တပ်ကို လက်မခံကြောင်း သံပုံးတီး ဆန္ဒပြ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ နိုဝင်ဘာ ၆ ရက် မနေ့ည ၈ နာရီဝန်းကျင်ခန့်မှာ မြို့ခံ ပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီကို လက်မခံနိုင်ကြောင်း သံပုံးတီးဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

အရှေ့ချောက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား

မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ကျေးရွာစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၅ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Young Force - UG အဖွဲ့ထံက သိရပါတယ်။
Read More

အမ်းမြို့သိမ်းစစ်ဆင်ရေးနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ပြီး ပြန်လာတဲ့ စလင်းပကဖရဲဘော်တွေကို ပြည်သူများ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့သိမ်းစစ်ဆင်ရေးနဲ့ အနောက်ပိုင်းစစ်ဌာနချုပ် (နပခ)စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိူက်ပြီး ပြန်လာတဲ့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေကို ပြည်သူ တွေက ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ စလင်းပကဖမှ ထုတ်ပြန်ထားပါတယ်။
Read More

KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ မံစီမြို့ရှိ ခမရ ၆၀၁ တပ်ရင်းမှူးအိမ်ရှေ့မှာ တော်လှန်ရေးရဲဘော်တွေ အောင်ပွဲခံကခုန် (ရုပ်/သံ)

ကချင်ပြည်နယ် မံစီမြို့ရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ ခမရ ၆၀၁ တပ်ရင်းမှူးအိမ်ရှေ့ မှာ တော်လှန်ရေးရဲဘော်တွေ အောင်ပွဲခံကခုန်နေကြတဲ့ ဗီဒီယီုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါ တယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကူစစ်ကြောင်းအား တိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ အထိနာ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများခဲ့ပြီး အထိနာခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။