အကြမ်းဖက် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အဂ္ဂမဟာသရေစည်သူဘွဲ့ ချီးမြှင့်ခံထားရတဲ့ ဘယ်လာရုစ်နိုင်ငံ သမ္မတ Mr. Alexander Gregoryevich ဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် လာရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ဟာ ဘယ်လာရုစ်နိုင်ငံဆီက စစ်ရေး အကူအညီများစွာ ရရှိထားခဲ့ပြီး ဒီနှစ်အတွင်းမှာပဲ မင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံမြို့တော် မင့်ဇ်ကို နှစ် ကြိမ်တိုင် သွားရောက်ထားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း မင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံကို ဒုတိယအကြိမ်သွားရောက်ထားခဲ့တာဖြစ်ပြီး ၈ လအကြာမှာ ဘယ်လာရုစ်နိုင်ငံ သမ္မတက မြန်မာနိုင်ငံကို ချစ်ကြည်ရေးလာရောက်မှာ ဖြစ်တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘယ်လာရုစ်နိုင်ငံကို သွားရောက်ပြီး စစ်ရေးနဲ့ စီးပွားရေးပူး ပေါင်းဆောင်ရွက်ဖို့ တောင်းဆိုထားခဲ့သလို ဒုတိယအကြိမ်မြောက် ခရီးစဉ်အတွင်း ဘယ်လာရုစ်နိုင်ငံ သမ္မတ Mr. Alexander Gregoryevich ကို အဂ္ဂမဟာသရေစည်သူဘွဲ့ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ် အကြမ်းဖက်မင်းအောင်လှိုင် ဘီလာရုစ်နိုင်ငံကို သွားရောက်လည်ပတ်စဉ်၊ မင်းအောင်လှိုင်နဲ့ ဘယ်လာရုစ်သမ္မတ Aleksandr Lukashenko တို့ မတ်လ ၆ ရက်နေ့က မြို့တော် Minsk မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ စစ်ကော်မရှင်)

ပြီးခဲ့တဲ့လပိုင်းကလည်း ဘယ်လာရုစ်နိုင်ငံက အနုပညာရှင်အဖွဲ့ မြန်မာနိုင်ငံကို ရောက်လာပြီး ရန်ကုန်၊ မန္တလေးနဲ့ ပြင်ဦးလွင်မြို့တွေဆီ သွားရောက်လည်ပတ်ခဲ့တယ်လို့ စစ်အုပ်စု ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အခုနှစ်ထဲထုတ်ပြန်ထားတဲ့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်အရ ဘယ်လာရုစ်နိုင်ငံဟာ အကြမ်းဖက် စစ်တပ်အတွက် သီးသန့်ဒီဇိုင်းဆွဲထားတဲ့ လေကြောင်းကာကွယ်ရေး အမိန့်ပေးစနစ် ရောင်းတာ၊ စစ်လက်နက် ထုတ်လုပ်ရေးမှာ စစ်ဘက်ဝန်ထမ်းတွေ ဘယ်လာရုစ်တက္ကသိုလ်မှာ လေ့ကျင်းသင်ကြားပေးတာတွေကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေအပြင် စီးပွားရေးနယ်ပယ်အတွက်လည်း ပို့ကုန်၊ သွင်းကုန်တွေ၊ ဘဏ်လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ ရေးထိုးထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကထုတ်ကုန်တွေကို ဘယ်လာရုစ်နိုင်ငံကို တင်ပို့နိုင်ဖို့အတွက် ဘယ်လာရုစ်နိုင်ငံက ပို့ကုန်ချေးငွေ (Export Loan) ပံ့ပိုးပေးဖို့ရှိနေတယ်လို့လည်း စစ်အုပ်စုလက်အောက်ခံ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်တွေအရ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

မြန်မာ့အခြေအနေ အလွန်ဆိုးရွားနေပြီး လူဦးရေထက်ဝက်ကျော် ဆင်းရဲတွင်းနက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) မှာ “အလွန်အမင်း ဆင်းရဲနွမ်းပါးမှုနှင့် လူ့အခွင့်အရေး” ခေါင်းစဉ်နဲ့ အပြန်အလှန်ဆွေးနွေးရာမှာ မြန်မာ့အခြေအနေဟာ အလွန်ဆိုးရွားနေပြီး လူဦးရေထက်ဝက်ကျော်ဟာ ဆင်းရဲတွင်းနက်နေကြောင်း ထောက်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာအရေးဆွေးနွေးဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ဩစတေးလျသွားမယ်

မြန်မာအရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ဟာ ဩစတေးလျကို ၁၀ ရက်ကြာ သွားရောက်မှာဖြစ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးရုံးက စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဗြိတိန်က မြန်မာ့ငလျင်ဘေးကို စတာလင်ပေါင် ၁၅ သန်းအထိ ကူညီထား၊ ထောက်ပံ့မှုများ စစ်ကောင်စီထံမှ စီးဆင်းမည်မဟုတ်ဟု ဆို

ဗြိတိန်က မြန်မာ့ငလျင်ဘေးအတွက် ကူညီလှူဒါန်းထားမှုဟာ စုစုပေါင်း စတာလင်ပေါင် ၁၅ သန်း အထိ ရှိသွားပြီလို့ ထုတ်ပြန်ကြေညာပါတယ်။
Read More

မြန်မာမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီမှုအချို့ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ လက်မှတ်ထိုး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်းမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီချက် (၁၀) ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်အုပ်စုရွေးကောက်ပွဲ အာဆီယံက လေ့လာသူ စေလွှတ်ဖွယ်မရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြော

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေအတွက် အာဆီယံအဖွဲ့ကြီးက လေ့လာသူတွေ စေလွှတ်ပေးဖို့ သဘောတူလိမ့်မယ်လို့ မထင်ကြောင်း အောက်တိုဘာလ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို တခြားနိုင်ငံတွေထက် တရုတ်က ပိုလိုလားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော..

မြန်မာ့အရေးမှာ နိုင်ငံရေး ရင်ကြားစေ့ကြပြီး၊ တည်ငြိမ် တာရှည်ခံမယ့် ငြိမ်းချမ်းရေးကို ရရှိဖို့ ကူညီပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ့အရေးကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။