စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်ကော်မရှင်ဘက်က စစ်သား ၃၅ယောက် သေဆုံးပြီး လက်နက်များစွာကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့-ဝက်လက် က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက် မနက် ၈နာရီဝန်းကျင်အချိန်ကနေ ညနေ ၆နာရီခွဲအချိန်အထိ ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့ကနေ ဗိုလ်ကြီး ဆန်းညွှန့်ထွန်းဦးဆောင်တဲ့ တပ်မ ၃၃ လက်အောက်ခံ (ခမရ-၁၁)/ (ခလရ-၄၂)/ပျူပူးပေါင်းအပါ အင်အား ၁၂၀ ခန့်ဟာ ပုဏ္ဏားကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေစဥ် တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုမှာ စစ်ကော်မရှင်ဘက်က ၃၅ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော် ၃ယောက် (မစိုးရိမ်) ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်တပ်သားတွေထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းများ (ဓာတ်ပုံ People’s Servant Revolution – Wetlet)

ဒါ့အပြင် စစ်ကော်မရှင်တပ်သားတွေထံက MA1 ၁၁ လက်၊ MA2 ၃ လက်၊ MA3 ၁၀ လက်၊ ငါးကြင်းမြှီး ၂ လက် ၊ RPG  ၁ လက်၊ စနိုက်ဘာ ၁ လက်၊ BA100 (စိန်ပြောင်း) ၃ လက်၊ BA90 (စိန်ပြောင်း) ၁ လက်၊ ဂျန်ဘာစက် ၁ လုံး၊ ကျည်ဘောက် ၁၆ ဘောက်၊ ၅.၅၆ ကျည် အတောင့် ၃၉၀၊ ၇.၆၂ ကျည် ၁၇၁၉ တောင့်၊ RPG- ၄ ဖူး၊ RPG ပို့ကျည် ၇ လုံး ၊ ကျည်ကာဦးထုပ် ၁၀ လုံး၊ လက်ကိုင်ဖုန်း  ၂၈ လုံး ၊ အီနာဂါ ဗုံးသီး ၁၉ လုံးနဲ့ လက်ပစ်ဗုံး ၇ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကိုတော့ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး စီမံချက်နဲ့အတူ အမှတ် (၁၊၂၊၃၊၄၊၅၊၁၇) တပ်ရင်းတွေ၊ ဝက်လက်မြို့နယ် ပကဖ၊ ဟံလင်းတိုက်နယ် ပကဖ၊ အမှတ် (၂) ရွှေဘိုခရိုင် Drone အဖွဲ့၊ အမှတ် (၁/၂/၃/၄/၅/၁၇) Drone အဖွဲ့၊ ဇာမဏီ Drone အဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ Droneအဖွဲနဲ့ ဒေသခံပကဖတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းများ (ဓာတ်ပုံ People’s Servant Revolution – Wetlet)
0 Shares:
You May Also Like
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၅ ဦး လက်နက် ၂ လက်နှင့်အတူ KNU တပ်မဟာ (၄) ထံအလင်းဝင်

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံရပြီးနောက် စစ်သားစုဆောင်းရေးတပ်ထဲ အပို့ခံလိုက်ရတဲ့ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြစ်ဆုံဒေသကို သဘာဝနှင့် ယဉ်ကျေးမှုပေါင်းစပ် အမွေအနှစ်အဖြစ် NUG သတ်မှတ်၊ စီမံကိန်းများနှင့် စစ်ရေးအသုံးမပြုရန် တားမြစ်

"မြစ်ဆုံဒေသသည် မေခနှင့်မေလိခ သာစွမြစ်ဆုံဟူ၍ ဌာနေတိုင်းရင်းသားများနှင့် ကချင်ပြည်သားများ သာမက တနိုင်ငံလုံးက ချစ်မြတ်နိုးလေးစားရာဒေသအဖြစ် သမိုင်းကြောင်းတလျှောက် တည်ရှိခဲ့ပါသည်" ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

KNDF ၄ နှစ်ပြည့်အတွက် မြောက်ပိုင်းညီနောင် ၃ ဖွဲ့၊ ချင်းညီနောင်နှင့် MDY PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့အသီးသီး ဂုဏ်ပြုလွှာများ ပေးပို့

မနေ့က မေလ ၃၁ ရက်နေ့ဟာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ဖွဲ့ ဖွဲ့စည်းထူတောင်ခဲ့တာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များစွာကလည်း ဂုဏ်ပြုလွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။
Read More

တော်လှန်ရေးတပ်ပေါင်းစုရဲ့ ချေမှုန်းမှုမခံရခင် ဘီလူးစစ်ကြောင်းအပါအဝင် စစ်အုပ်စု ဘာတွေကျူးလွန်ခဲ့လဲ၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှာ မူးယစ်ဆေးစွဲသူတွေပါဝင်နေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းဝင်၊ မီးရှို့၊ လူသတ်၊ ပစ္စည်းလု လုယက်တာတွေ လုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ဘီလူးစစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုတွေက စည်းလုံးမှုအင်အားနဲ့ ဖြတ်တောက်ချေမှုန်းနိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ်၊ ရွေ့လျားစစ်ကြောင်း ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော် က မောင်းကိုပြောပါတယ်။
Read More

လေးမျက်နှာမြို့နယ် စက်စက်ယိုရွာကို AA ပူးပေါင်းတပ်များ ထိန်းချုပ်ထား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စက်စက်ယိုရွာကို‌ အာရက္ခတပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေဦးမြို့အဝင်က စစ်တပ်ဂိတ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ မြို့အဝင်ဂိတ်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရာ ထိခိုက်မှုသေဆုံးမူတွေရှိနိုင်ကြောင်း Wolf Guerrilla LDF Ye.U Air Force အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်မဲလုံး က မောင်းကိုပြောပါတယ်။