အကြမ်းဖက်စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ပြီး စစ်တပ်ကို တရားဝင် လူသတ်လိုင်စင် မပေးဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မလုပ်မိစေဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နှိုးဆော်လိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လူသတ်စစ်ဖိနပ်အောက်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ လုံးဝ မရှိနိုင်တာမို့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့လိုကြောင်း KNU က ဆိုပါတယ်။

စစ်ကော်မရှင်ဟာ ပြည်သူလူထုနဲ့ သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်တွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားသလို အတိုက်အခံ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာ၊ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို မတရားသဖြင့် ဖမ်းဆီးထောင်ချတာ၊ ကြိုးပေးသတ်ဖြတ်တာတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် အတုအယောင် ရွေးကောက်ပွဲအတွက် ပြည်သူလူထု နားလည်ဖို့ခက်ခဲတဲ့ မဲပေးစနစ်တွေကို လုပ်ဆောင်ထားပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်တဲ့ မဲပေးစက်တွေကြောင့် စစ်တပ်လိုလားတဲ့ မဲရလဒ်တွေရအောင် ပြင်ဆင်ထားတာဖြစ်တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စစ်တပ်က သူတို့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုရဲ့ အသက်ကို သက်ရှိစည်းရိုးအဖြစ် အသုံးချတဲ့ စစ်မှုထမ်းဥပဒေ၊ ရွေးကောက်ပွဲအနိုင်ရရေးအတွက် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်တာ၊ ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေ ပြဌာန်းတာ၊ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပါ ပြဌာန်းချက်တွေကို ဖျက်သိမ်းပြီး အရွေးကောက်ပွဲကနေ အကြမ်းဖက်လိုင်စင်ရဖို့ ကြိုးပမ်းနေတာသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်က ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ဒုတိယအကြိမ် ကပ်ထားတဲ့ မဲစာရင်းတွေကို သွားရောက်စစ်ဆေးဖို့ နှိုးဆော်နေပြီး တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြု၊ မဲမပေးကြဖို့ ပြည်တွင်းမှာရော ကမ္ဘာနိုင်ငံအသီးသီးမှာပါ ဆန္ဒပြနေကြပါတယ်။

0 Shares:
You May Also Like
Read More

ပိုင်ကျုံမြို့နယ်ရှိ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံ (တာကရယ်) မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းတွင် စစ်ကော်မရှင်ယာဥ်တန်းကို လုံခြုံရေးယူရန် ထွက်လာသည့် စစ်သား ၄ ဦး တိုက်ခိုက်ခံရ၊ ၃ ဦး သေပြီး ၁ ဦး သွေးရူးသွေးတန်း ထွက်ပြေး

မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ စစ်ကော်မရှင်ယာဥ်တန်းအတွက် လုံခြုံရေးယူဖို့ ချောင်းဦးမြို့ပေါ် အထိုင်စခန်းကနေ ထွက်လာတဲ့ စစ်သား ၄ယောက်ကို စောင့်ကြိုတိုက်ခိုက်ရာ ၃ ယောက် သေဆုံးသွားတယ်လို့ Special Forces 11 – PDF တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မွန်တပ်တော် ပေါ်ပေါက်လာရေး မွန်တော်လှန်ရေးတပ်များ သဘောတူ ပူးပေါင်း

မွန်တော်လှန်ရေးတပ်ဖွဲ့ (၄) ဖွဲ့ဟာ မွန်တော်လှန်ရေးတပ်တွေ အားလုံးပါဝင်တဲ့ မွန်တပ်တော် ပေါ်ထွန်းလာရေးအတွက် သဘောတူညီခဲ့ကြတယ်လို့ မွန်ပြည် တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

စစ်အုပ်စုထံမှ ကားတစ်စီးနှင့် ဒရုန်း ၅စီး KIA/KPDF ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းကို KIA/KPDF တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရင်း စစ်အုပ်စုရဲ့ ကား ၁စီးနဲ့ ဒရုန်းတစ်စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နယ်မြေခံတပ်ဖွဲ့တွေနဲ့ နီးစပ်သူထံက သိရပါတယ်။
Read More

KNU ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

KNU ထိန်းချုပ်ထားတဲ့ မူးမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ယူဆောင်ကာ KNU ထံ အလင်းဝင်လာတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

နမခကို ရော့ကတ်များဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့မှုတွင် အရာရှိ ၃ ဦးနှင့် စစ်သား ၅ ဦး ပွဲချင်းပြီး သေ၊ ၇ ဦး အပြင်းအထန် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရော့ကတ်တွေနဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိတွေ အပါအဝင် အကြမ်းဖက်စစ်သား (၈) ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်း ရှိခဲ့တယ်လို့ Chindwin Rocket Brothers-CRB အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။