ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကူအင်အားဖြည့်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက် ညနေ ၄နာရီ ဝန်းကျင်အချိန်မှာ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်ရဲစခန်းကနေ အင်အား ၃၀ ခန့်ပါ စစ်တပ်စစ်ကြောင်းဟာ ကျောက်ကြီးတောင် စစ်ကော်မရှင် အထိုင်စခန်းကို အင်အားဖြည့်တင်းဖို့ ထွက်ခွာလာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဖောကားနဲ့ ထွက်ခွာလာခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်တွေက ကျောက်ကြီးတောင်နဲ့ အဂ္ဂရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျနော်တို့ ကြိုတင်သတင်းရလို့ စောင့်ဆိုင်းပြီး မိုင်းထောင်ထားတာပါ။ ကားကတော့ လုံးလုံးလျားလျား ပျက်စီးသွားတယ်။ ၃ယောက်လောက် လဲကျသွားတာတော့ မြင်ခဲ့ရတာပေါ့နော်” လို့ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ်။

မိုင်းဆွဲခဲ့တဲ့ နေရာဟာ ကွင်းပြင်ဖြစ်နေတာကြောင့် အနားကပ်ပြီး စစ်ဆေးရေး မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုမှာ သေဆုံးမှုတွေ ရှိနိုင်တာကြောင့် နောက်ဆက်တွဲ အခြေအနေကိုတော့ ဆက်လက်စုံစမ်းဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ (၅) ကနေ ဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြို့ပြတော်လှန်ရေးတပ်ဦး (URF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front - URF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည် နောက်တန်းစခန်း တစ်နေရာမှာ ဇွန် ၇ ရက် ဒီနေ့ မှာ ပြုလုပ်ခဲ့တယ်လို့ URF က ထုတ်ပြန်ပါတယ်။ 
Read More

ပြည်သူ့လွတ်လပ်ရေးတပ်တော်ရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independence Army) ရဲ့ အပတ်စဥ် (၁) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ရေကြီးရေလျှံနေတဲ့အတွက် တပ်တော်ရဲ့ ဗဟိုဌာနချုပ်မှာ အကျဥ်းချုံး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်သားများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းထဲ ဝင်ပြေး

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း ထံက သိရပါတယ်။
Read More

လင်းဇင်းတိုက်နယ်ရဲစခန်းကို တိုက်ခိုက်မှု စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးပြီး လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခဲ့ရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က လင်းဇင်းတိုက်နယ်ရဲစခန်းကို သွားရောက်တိုက်ခိုက်မှုမှာ ရဲစခန်းဘိုတဲကုန်းအထိ ရရှိထားပြီး ဘန်ကာ ၁လုံးပဲ သိမ်းပိုက်ဖို့ ကျန်ရှိချိန် စစ်အုပ်စုလေကြောင်းပစ်ကူကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရွှေဘိုမှာ ၇ ရက် ပြုလုပ်ခဲ့တဲ့ ဒရုန်းမစ်ရှင်အတွင်း စစ်ကောင်စီတပ်သား ၃ယောက်သေပြီး ပျူ ၄ယောက် ထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းမှာ ရှိတဲ့ ပျူကျေးရွာတွေကို တော်လှန်ရေးအင်အားစုတွေက ၇ ရက်တာအတွင်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ယောက်သေဆုံးပြီး ပျူစောထီး ၄ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ShweBo Crocodile ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူကို ဒုက္ခပေးနေသည့် အောင်လံမှ နတ်မောက်ဂိတ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှုကြောင့် စစ်အုပ်စု ၈ ဦး သေ

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွှေပန်းတောတိုက်နယ်ထဲက အရပ်ခေါ် နတ်မောက်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၈ယောက် သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင်တပ်ရင်း (၂) ကနေ သတင်းထုတ်ပြန်ပါတယ်။