အရပ်သားတွေ စစ်ရှောင်နေရမှုနဲ့ စပါးရိတ်သိမ်းရာသီ ရောက်ရှိလာတာကြောင့် မော်လိုက်ခရိုင်အတွင်းက  သိမ်းငှက်စစ်ဆင်ရေး ထိုးစစ်ကို ရက်အကန့်အသတ်မရှိ ရပ်နားထားကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

အခုနှစ် သြဂုတ်လကစပြီး လုပ်ဆောင်ခဲ့တဲ့ သိမ်းငှက်စစ်ဆင်ရေး ထိုးစစ်အတွင်း မော်လိုက်မြို့နယ်ထဲက ပျူစောထီးစခန်း ၈ခုနဲ့ ရွာ ၁၇ရွာကို တော်လှန်ရေးအင်အားစုတွေဘက်က စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်ဆုံးရှုံးမှု အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။

စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်တပ်ဆီက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းနိုင်ခဲ့သလို စစ်သုံ့ပန်းတွေ ဖမ်းဆီးရရှိခဲ့ကြောင်းနဲ့ စစ်ဆင်ရေးအတွင်း စစ်အုပ်စုဘက်က ၁၀၀ ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများပြားရှိခဲ့ကြောင်းသိရပါတယ်။

လက်ရှိမှာတော့  စစ်ဆင်ရေးနယ်မြေအတွင်းက တောင်သူလယ်သမားတွေ စပါးရိတ်သိမ်းချိန် ရောက်ရှိလာသလို စစ်ဘေးရှောင်နေရတဲ့ အရပ်သားတွေရဲ့ အခက်အခဲတွေကို ငဲ့ညာထောက်ရှုတာကြောင့် သိမ်းငှက်စစ်ဆင်ရေး ထိုးစစ်ကို အထက်ညွှန်ကြားချက်နဲ့အတူ ရက်အကန့်သတ်မရှိ ရပ်တန့်ထားတယ်လို့လည်း မော်လိုက်တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။

“အခုက စပါးရိတ်ရတဲ့ရာသီဖြစ်သလို ကျနော်တို့ထိန်းချုပ်ထားတဲ့နယ်တွေမှာ လေကြောင်းရန် ကြောက်နေရတဲ့ စစ်ဘေးရှောင်တွေရဲ့ ဒုက္ခအကျပ်တည်းတွေကြောင့် လောလောဆယ် ရပ်နားထားတာပါ။” လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ပထမပတ်က စတင်ခဲ့တဲ့ “သိမ်းငှက်စစ်ဆင်ရေး” အတွင်း မော်လိုက်မြို့နယ်ထဲက ထော်သာ၊ တောင်းအင်၊ ညောင်ဝန်း၊ နားပင်၊ အော်ဇီးခုံ၊ နောင်ပိန်း၊ စတဲ့ စစ်အုပ်စုစခန်း ၆ခုမော်လိုက်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့ပါတယ်။

စစ်အုပ်စုစခန်းတွေနဲ့အတူ တဆက်တည်းမှာပဲ ပျူစောထီးခေါင်းဆောင် အဲပန်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ယောက်နဲ့ ပျူစောထီးမိသားစုဝင် ၁၉၀ ကျော်ကိုပါ လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးတပ်တွေ ရရှိခဲ့ပါတယ်။

ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန် တော်လှန်ရေးအင်အားစုတွေရှိရာကို လက်နက်ယူ ထွက်ပြေးခိုလှုံလာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဆွတ်နန်း၊ အိုးဘို၊ သိန်းတာစတဲ့ စစ်အုပ်စုစခန်းတွေကို တော်လှန်ရေးတပ်တွေထပ်မံ သိမ်းပိုက်ရရှိခဲ့ပေမယ့် စစ်အုပ်စုဘက်က သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် အထက်ပါစခန်းတွေကနေ ပြန်ဆုတ်ထားရတယ်လို့လည်း သိရပါတယ်။

“အရင်သိမ်းခဲ့တဲ့ စခန်းတွေအပြင် အောက်တိုဘာလ ၁၅ရက်နေ့မှာ ဆွတ်နန်း၊ အိုးဘိုရွာတွေ သိမ်းနိုင်ခဲ့ပါတယ်။ အဲ့ရွာတွေကို စစ်အုပ်စုက သာလွန်အင်အားနဲ့ ထိုးလာတော့ ဒီလ ၁၅ရက်နေ့က လက်လွှတ်ထားရပါတယ်။” လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

“သိန်းငှက်စစ်ဆင်ရေး”ကို မော်လိုက် တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ ခရိုင် တပ်ရင်း ၄ခု (၁၊၂၊၃၊၄) နဲ့အတူ မော်လိုက်နဲ့ ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ)၊ ခရိုင်ကွပ်ကဲရေးရုံးတိုက်ခိုက်ရေးအဖွဲ့တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အောင်ပွဲတွေနဲ့အတူ ထိခိုက်ပေးဆပ်ရတာတွေလည်း ရှိခဲ့ပါတယ်။

သိမ်းငှက်စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်များ သိမ်းပိုက်ရရှိထားသည့် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ မော်လိုက်တော်လှန်ရေးအင်အားစု)

0 Shares:
You May Also Like
Read More

ဒဂုံတောင်က အုပ်ချုပ်ရေးမှူးရုံးအတွင်း စစ်ဆင်ရေးလုပ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေ မှာ ဖော်ပြလာပါတယ်။
Read More

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲမှုဟာ ရှမ်းမြောက် စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို တိုက်ရိုက်မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း MNDAA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ် လူနေရပ်ကွက်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုဟာ “စစ်ပြေငြိမ်းရေး” ကို စစ်မက်အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
Read More

ရေးဘီလူးတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးဟောင်းနဲ့ အုပ်ကြီးအပါအဝင် ၆ယောက်နီးပါး ဆေးရုံရောက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့က မနေ့က နိုဝင်ဘာ ၂၃ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
Read More

ဘားအံထောင်တွင် နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး (ခ) ကရင်လေးကို ထောင်ဝန်ထမ်း ၃၀ နီးပါးက သေဆုံးသည်အထိ ရိုက်နှက်၊ ရောဂါကြောင့် သေဆုံးသည်ဟု လိမ်လည်အကြောင်းပြ

ကရင်ပြည်နယ်၊ ဘားအံအကျဥ်းထောင်မှာ အကျဥ်းထောင်ဝန်ထမ်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်တာခံရပြီး ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး (ခ) ကရင်လေးရဲ့ သေဆုံးမှုကို နှလုံးရောဂါနဲ့ သေဆုံးမှုအဖြစ် ထောင်အာဏာပိုင်တွေက လိမ်လည်ထွက်ဆိုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

ဆင်မြီးဆွဲမြို့ စိုက်ပျိုးရေးစခန်းမှာ တပ်ဆွဲနေသည့် စစ်ကောင်စီတပ်သားများ ဝင်ရောက်တိုက်ခိုက်ခံရပြီး သေဆုံးမှုများ ရှိ

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့က စစ်ကောင်စီတပ်သားတွေ တပ်ဆွဲနေတဲ့ စိုက်ပျိုးရေးစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ ပိုင်ဆိုင်မှုများကို CDF ထန်တလန် ချိတ်ပိတ်သိမ်းဆည်း

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာမှုထန်ရဲ့ CDF ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း ပိုင်ဆိုင်ထားတဲ့ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုအားလုံးကို တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား အပြီးတိုင် သိမ်းဆည်းလိုက်မယ်လို့ CDF ထန်တလန်က ဒီနေ့ ထုတ်ပြန်ပါတယ်။