ထိုင်း-မြန်မာနယ်စပ်၊  မြဝတီ-မဲထော်သလေး (KK Park) နယ်မြေရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်း လုပ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံ ၆၀၀ ကျော်ထဲက ၂၀၀ ကျော်ကို ဖြိုချဖျက်ဆီးခဲ့ပြီး ဖြစ် တယ်လို့ အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ပါတယ်။

အမေရိကန်အပါအဝင် နိုင်ငံတကာက ကျားဖြန့်လုပ်ငန်းတွေကို ဖြေရှင်းဖို့ အာရုံစိုက်လာချိန် အကြမ်းဖက်စစ် အုပ်စု က ကျားဖြန့်လုပ်ငန်းတွေကို ရှင်းလင်းနေကြောင်း၊ အဆောက်အအုံတွေကို ဆက်တိုက်ဖြိုခွင်းနေကြောင်း လူသိအောင် နေ့စဥ်ကြေညာနေပြီး KK Park နယ်မြေအတွင်းရှိ ကျားဖြန့်အအောက်အအုံတွေကို အပိုင်း (၃) ပိုင်းခွဲ ဖြိုချဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။ 

အဲဒီလို ဖြိုချဖျက်ဆီးရာမှာ အပိုင်း (၁) နယ်မြေအတွင်းရှိ အဆောက်အအုံ ၁၄၈ လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သလို အပိုင်း (၃) နယ်မြေအတွင်းရှိ အဆောက်အအုံ ၄၂၅ လုံးအနက် ၈၀ လုံး ကို ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါ တယ်။

အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ KK Park နယ်မြေရှိ ကျားဖြန့် ကျူးလွန်ရာမှာ အသုံးပြုတဲ့ တရားမဝင်အဆောက်အအုံ ၆၃၅ လုံးရှိတဲ့အနက် ၂၂၈ လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းတွေကို ရှင်းလင်းဖယ်ရှားခဲ့ရာမှာ ၇ ရက်အတွင်း နိုင်ငံခြားသား စုစုပေါင်း ၁၈၄၇ ယောက်နဲ့ အွန်လိုင်းငွေလိမ်လည်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ကွန်ပျူတာ ၃၀၉၈ လုံး၊ မိုဘိုင်းဖုန်း ၂၁၇၅၀ လုံး၊ Star Link ဘန်း ၁၀၂ လုံး၊ Router ၂၂ လုံးနဲ့ လုပ်ငန်းသုံးပစ္စည်း အများအပြားကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို စစ်တပ်နဲ့ သူ့လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တွေက နိုဝင်ဘာ ၂၃ရက်မှာ လမ်းကြိတ်စက်နဲ့ နင်းခြေဖျက်ဆီးပြခဲ့ပါသေးတယ်။

KK Park အဆောက်အအုံတွေကို ဖြိုခွဲဖျက်ဆီးပြနေပေမယ့် ကျားဖြန့် ခေါင်းဆောင်ပိုင်း သူဌေးတွေကို စစ်တပ်နဲ့ BGF ကပဲ နေရာရွှေ့ပြောင်းပေးထားတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်က မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ပါဝင်တဲ့ အထူးအဖွဲ့ဖွဲ့စည်းပြီး နှိမ်နင်းမယ်လို့ သတင်းထုတ်ပြန်ပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်နဲ့ BGF တပ်ဖွဲ့တွေက အခုလို ကျားဖြန့်လုပ်ငန်းတွေကို ဦးဆောင်ရှင်းလင်းမှုတွေ ဟန်ပြလုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

(ဓာတ်ပုံ MOI)

0 Shares:
You May Also Like
Read More

ပဲခူးရိုးမထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး အယောက် ၄၀ သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်ထဲက ပဲခူးရိုးမအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား အယောက် ၄၀ သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမြို့နယ်မှာ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ယောက်သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာကျေးရွာက အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရေကြီးမှုကြောင့် မယ်စဲ့တံတားကျိုးကျ

ကရင်နီဒေသ၊ မယ်စဲ့မြို့က မယ်စဲ့တံတား ရေကြီးနစ်မြုပ်မှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စက်တင်ဘာလ ၂၁ရက်၊ မနေ့က မနက်ပိုင်းမှာ တံတား ကျိုးကျသွားတာဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်းက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့်နေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ၊ ဗျူဟာ ၄၇ စစ်ကြောင်း ၊ ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်း (People's Defence Army) ရဲဘော်တွေက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်း ၊ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့် လုပ်ဆောင်နေတယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ထီးလင်းမှာ စစ်ကောင်စီက ကျားခဲရွာသား ၄ ယောက်ကို ရက်ရက်စက်စက်မီးရှို့သတ်ဖြတ်ပြီး ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်…

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ​က ကျားခဲရွာကို ဝင်ရောက်စီးနင်းပြီး ရွာသား ၄ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ ဓားစာခံ ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဆီက သိရပါတယ်။
Read More

မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့ထံ MNLA အမှတ် (၅) တပ်ရင်းက တပ်ရင်းတစ်ရင်းလုံး လာရောက်ပူးပေါင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။