နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတစ်ခုဖြစ်တဲ့ အင်အားကြီးမားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီကနေ့ ထုတ်ပြန်ပါတယ်။ 

ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ရာမှာ ကရင်အမျိုးသားအစည်းရုံးတစ်ခုတည်းနဲ့ မတတ်နိုင်တာကြောင့် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ ဒီမိုကရက်စီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်ရာ မင်းလက်ပံကို စုံစမ်းစစ်ဆေးရှာဖွေပြီးနောက် သက်သေခံပစ္စည်းတွေရရှိထားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်ကနေ ၂၅ ရက်အတွင်း KNU ရဲ့ စုံစမ်းစစ်ဆေး တွေ့ရှိချက်အရ  DKBA ထိန်းချုပ်ရာ မင်းလက်ပံထဲ ကျားဖြန့်လုပ်ကိုင်ရာ ဝင်းအတွင်းမှာ လူ ၂၀၀၀ ကျော်တွေ့ရှိခဲ့ပြီး အဲဒီထဲက ၇၀၀ ကျော်ဟာ နိုင်ငံခြားသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံများစွာကိုခြိမ်းခြောက်နေတဲ့ နိုင်ငံဖြတ်ကျော်လိမ်လည်မှု ရာဇဝတ်ဂိုဏ်းကြီးဖြစ်တာကြောင့် ထိုင်းနိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံ‌တွေ၊ ဥပ‌ဒေစိုးမိုးရေးအဖွဲ့တွေနဲ့ ခိုင်မာစွာ ပူးပေါင်းဆောင်ရွက် တိုက်ဖျက်မှ အောင်မြင်မှာဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က မြဝတီမြို့ တောင်ဘက် ၁၆ ကီလိုမီတာခန့်အကွာ မင်းလက်ပံမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် အဆိုပါနေရာကို KNU က ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ ကာကွယ်ရေး ထိုးစစ်ဆင်နွှဲနေချိန်အတွင်း DKBA တပ်ဖွဲ့ဝင် ၂၃၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၈ ၏ အရာရှိငယ် သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်ဆိုတာ ဘာမှန်းသေချာမသိကြောင်းနှင့် မိမိ လုံး၀မပတ်သက်ကြောင်း စောချစ်သူ ငြင်းဆို

ကျားဖြန့်လုပ်ငန်းတွေနဲ့ မိမိဟာ လုံး၀ပတ်သက်ခြင်းမရှိဘူးလို့  ကရင်နယ်ခြားစောင့်တပ် (BGF/KNA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောပါတယ်။
Read More

ပွင့်ဖြူတွင် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ၂၁ ဦး မျက်မြင်သေဆုံး၊ နှစ်ဖက်စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြိုနယ်မှာ အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၂၁ ယောက် မျက်မြင်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ က သတင်းထုတ်​ပြန်ပါတယ်။
Read More

တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ် (၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ တောင်ငူခရိုင်၊ အမှတ်(၁)တပ်ရင်း၊ တပ်ရင်းအမှတ်(၃၅၀၁)၊ အပတ်စဉ် (၁/၂၀၂၄) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်တွေကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်မှာ ချေမှုန်းခံရတဲ့ အင်အား ၇၀ ပါ အကြမ်းဖက်စစ်ကြောင်းကနေ ၄၇ ယောက်သေ၊ ၆ ယောက် ဖမ်းမိ၊  ၁၇ ယောက် ပျောက်ဆုံးနေကြောင်း အမှတ် ၁ စစ်ဒေသ တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာအနီး အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၇၀ ပါ စစ်ကြောင်းကို ချေမှုန်းတိုက်ခိုက်ရာ ၄၇ ယောက် သေပြီး ၆ ယောက် အရှင်ဖမ်းမိကာ ၁၇ ယောက်ပျောက်ဆုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ကျဆုံး အာဇာနည်သူရဲကောင်းများ၏ မိသားစုဝင်များအား “ပြည်သူမှပြည်သူသို့” အစီအစဥ်ဖြင့် ထောက်ပံ့ ဂုဏ်ပြုပေးအပ်

အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့အာဇာနည် သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ငွေနဲ့ ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့ကြောင်း Natogyi PDF က ထုတ်ပြန်ထားပါတယ်။