တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း နေအိမ် အလုံး ၆၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့က ဘုတ်တောင်ကနေတဆင့် သရက်ချောင်းမြို့နယ် အထက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ဝဲရစ်ရွာနဲ့ ကမြိုင်ရွာကြားမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းမှာတော့ စစ်အုပ်စုက ထားဝယ်-မြိတ် ကားလမ်းဘေးမှာရှိတဲ့ မင်းဒပ်ရွာထဲ ဝင်ရောက်ပြီး ရွာထဲက နေအိမ် ၆၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မင်းဒပ်ရွာခံတွေဟာ တိုက်ပွဲတွေကြောင့် ရွာထဲမနေတော့ဘဲ ရှောင်တိမ်းနေတာ ၁နှစ်ကျော်ရှိပြီဖြစ်ကာ လက်ရှိ ရွာထဲမှာ KNU က အထိုင်ချထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“KNU နဲ့ စစ်တပ် တိုက်ပွဲဖြစ်တာ။ အဲ့ရွာမှာ KNU စခန်းဖွင့် ဂိတ်ချပြီး ငွေကောက်နေတာ၊ အခုရော ကရင်လက်နက်ကိုင်တွေပဲ ရှိတော့တယ်။ စစ်တပ်ဝင်တဲ့အချိန် တိုက်ပွဲဖြစ်တာ.. ရွာသားတွေက ရွာမှာ မနေကြတာ ကြာပြီ” လို့ သရက်ချောင်း နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက်နေ့မှာတော့ အဆိုပါ စစ်ကော်မရှင်တပ်သားတွေက ပြင်းဖြူသားရွာထဲ ထပ်မံဝင်ရောက်သွားပြီး ရွာထဲက ပြည်သူတွေရဲ့ နေအိမ်တွေကို လိုက်လံ မွှေနှောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်အတွင်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားတွေက တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ လဘကျေးရွာအတွင်း နေအိမ် ၄၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

(ဓာတ်ပုံ KNU-MTD)

0 Shares:
You May Also Like
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ရဟန်း ၂ ပါးအပါ ၁၀ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ရဟန်း ၂ ပါးအပါအဝင် ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးမှာ စစ်ကောင်စီထုတ် မြန်မာဘီယာတွေ မြို့နယ် ပအဖ နဲ့ ပကဖ က ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့…

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီထုတ် မြန်မာဘီယာတွေကို ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ က ထုတ်ပြန်ထားပါတယ်။
Read More

ယဉ်ကျေးလိမ္မာ သင်တန်းတက်ရင်း ငလျင်ကြောင့် ပြိုကျ ပိတ်မိနေသည့် ကလေးမလေး ၂ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့၊ ၁၃ ဦး သေဆုံးခဲ့ရရှာ

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရာမှာ ပိတ်မိနေတဲ့ ကလေးမလေး ၂ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

KTLA တပ်ဖွဲ့များ ခြုံခိုတိုက်ခိုက်မှုကြာင့် KNLA တပ်မဟာ (၄) ရဲဘော် (၄) ဦး ထိခိုက်ဒဏ်ရာရဟု KNU ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ ထီးမိုပွာနယ်မြေအတွင်း ကော်သူးလေစစ်တပ် (KTLA) ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် KNU တပ်မဟာ ၄ မှ ရဲဘော် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (‎KNU) - မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG အစိုးရအနေနှင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ကာ ၂၀၂၅ မှာ သာလွန်စွမ်းဆောင်ရည်များဖြင့် ကြိုးစားကြဖို့ အစိုးရအဖွဲ့ကို ယာယီသမ္မတ တိုက်တွန်း

တော်လှန်ရေးအလုပ်တွေကို မြန်ဆန်၊ လွယ်ကူ၊ ထိရောက်အောင် ၂၀၂၅ မှာ ပြုပြင်ပြောင်းလဲရေးတွေကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။ 
Read More

မိုးဗြဲမြို့ကို သာလွန်အင်အားနှင့် ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို နေပြည်တော် PDF တပ်ရင်း ၈၀၅ က မဟာမိတ်တပ်များနှင့်အတူ ခုခံကာကွယ်နေ…

ကရင်နီပြည်နယ်ရှိ မိုးဗြဲမြို့ကို သာလွန်အင်အားနဲ့ ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၈၀၅ က မဟာမိတ်တပ်တွေနဲ့အတူ ခုခံကာကွယ်နေတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။