မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အထိနာခဲ့တယ်လို့ နတ်မောက်ဂဠုန် PDF ထံက သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက် ဒီမနက် ၈နာရီကျော်လောက်မျာ ကျောက်တန်းရွာအနီး တုံးလုံးကိုယ်တော်လမ်းဆုံကနေ သရက်ချောင်း ကံလှရွာဘက်ကို အင်အား ၈၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ဗျူဟာ ၁၇ ၊ တပ်ရင်း ၉၀၃ ကာကွယ်ရေးတပ်ဖွဲ့တို့ မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှု တစုံတရာ မရှိခဲ့ပေမယ့် စစ်တပ်ဘက်က စစ်ကူတွေတက်လာသလို လူအင်အား မမျှတော့တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

“ကာကွယ်ရေးအဖွဲ့က အကျအဆုံး မရှိပါဘူး။ သူတို့လာမှာကို ကျနော်တို့ ကြိုသိပါတယ်။ ‌ေ-ွးတပ်ကနေပြီးတော့ အမြန်လမ်းက တင်ကားတွေနဲ့ ကား ၄၊ ၅ စီး စစ်ကူဆင်းလာတယ်။ ကျနော်တို့က အင်အားနည်းတဲ့အတွက် ပြန်ဆုတ်ခဲ့ရပါတယ်။ ‌ေ-ွးဘက်ကတော့ ၁၀ ယောက် အနည်းဆုံးလောက် ကျတယ်” လို့ နတ်မောက်ဂဠုန် PDF ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

“လောလောဆယ် သူတို့ တိုက်ပွဲဖြစ်တဲ့နေရာမှာပဲ ရှိနေပါသေးတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာလည်း လယ်ရိတ်နေတဲ့ ပြည်သူတချို့ကိုလည်း ဖမ်းထားတယ် ကြားတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

နတ်မောက်ဂဠုန် PDF ဟာ ပျော်ဘွယ်မြို့နယ် တောင်ကျောင်းကျေးရွာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးသောင်းဝင်း (ခေါ်) ဦးသန်းဝင်းကို ပြည်သူတွေအပေါ် မတရား ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် လိုက်နာမှုမရှိတဲ့အတွက် နိုဝင်ဘာ ၁၄ ရက်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထိုတွင် အသံတိတ်သပိတ် ကျင်းပနေချိန် အပြင်ထွက်ပျော်ပါးသည့် ဒုအရာခံဗိုလ် ဖမ်းဆီးခံခဲ့ရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းစခန်းကျေးရွာက ကဒက်ချောင်းမှာ သောက်စားပျော်ပါးဖို့လာတဲ့ ဒုအရာခံဗိုလ် ၁ယောက်ကို သွားရောက်ဖမ်းဆီးခဲ့ပြီး အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံ အပ်နှံထားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အင်းတော် ဓားပြမှုအတွင်း အိမ်ရှင်လင်မယား အသတ်ခံခဲ့ရပေမယ့် မိန်းမဖြစ်သူ အသက်ရှင်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာစံပြကျေးရွာအုပ်စု၊ အောင်လယ်ပြင်ကျေးရွာရှိ နေအိမ်တစ်အိမ်ကို ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး အိမ်ပိုင်ရှင်က ဓားပြတွေရဲ့ ရုပ်ကို မှတ်မိသွားတာကြောင့် အစအနဖျောက်တဲ့အနေနဲ့ လင်မယား နှစ်ယောက်လုံးကို သတ်ခဲ့ပေမယ့် မိန်းမဖြစ်သူ အသက်ရှင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

Chinland Defense Force – Kalay-Kabaw-Gangaw တပ်ရင်း ၁ ရဲ့ အခြေခံ မွမ်းမံ စစ်သင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

Chinland Defense Force - Kalay-Kabaw-Gangaw (CDF - KKG) တပ်ရင်း (၁) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာ မွမ်းမံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

စစ်တပ် BGF ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဖာပွန်ခရိုင်အတွင်း ၄ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ မောင်လှကြိုင်ဦးဆောင်တဲ့ BGF တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။
Read More

သပိတ်ကျင်းမှာ မြို့နယ် ပကဖ က စစ်ရှောင်ပြည်သူများကို ရိက္ခာထောက်ပံ့၊ ကျန်းမာရေးစောင့်ရှောက်မှုများလည်း လုပ်ဆောင်ခဲ့

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ သပိတ်ကျင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေကို ရိက္ခာထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။
Read More

PDF စိုးမိုးနယ်မြေထဲ လမ်းမှားဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁ ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာမှာ စစ်ကောင်စီတပ်သား ၁ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိထားတယ်လို့ Young Force UG က သတင်းထုတ်ပြန်လာပါတယ်။