မြဝတီမြို့ တောင်ဘက် ၁၆ ကီလိုမီတာအကွာရှိ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်ရာ မင်းလက်ပံ (ဖလူး) ဒေသ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နေရာကို နိုင်ငံတကာအနေနဲ့ လာရောက် လေ့လာဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU)  က ဒီနေ့ ဖိတ်ခေါ်လိုက်ပါတယ်။ 

မင်းလက်ပံ (ဖလူး) ဒေသဟာ နိုင်ငံတကာစုံစမ်းစစ်ရေးအဖွဲ့တွေအတွက် ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်ပြီး လက်တွေ့ဖြစ်ရပ်တစ်ခုအနေနဲ့ လေ့လာဖို့ အင်မတန်အရေးကြီးတဲ့နေရာဖြစ်တယ်လို့ KNU က ဆိုပါတယ်။

“နိုင်ငံတကာအနေနဲ့ လျင်မြန်စွာ ပါဝင်ဆောင်ရွက်မှု မရှိရင်တော့ ဒီအခွင့်အရေးရှုံးမှာဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ KNU က ရေးသားဖော်ပြထားပါတယ်။

DKBA ထိန်းချုပ်ထားတဲ့ မင်းလက်ပံ ကျားဖြန့်နေရာကို KNU က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး အွန်လိုင်းငွေလိမ်လည်မှုတွေ လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ဖုန်းနဲ့ ကွန်ပျူတာ သက်သေခံပစ္စည်းတွေကို သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။ 

အဆိုပါနေရာမှာ ကွန်ပျူတာပစ္စည်းတွေနဲ့ မိုဘိုင်းဖုန်းစက်ပစ္စည်းတွေကို အမြင့် ၄ ပေခန့်ရှိတဲ့ မီးခံသေတ္တာတွေထဲမှာ သိမ်းဆည်ထားပြီး နှစ်ရက်အတွင်း ကွန်ပျူတာအလုံး ၁၅၀၀၀ ကနေ ၂၀၀၀၀ ကြားနဲ့ မိုဘိုင်းလ်ဖုန်း ၁၀၀၀၀ အထိ ရှာဖွေသိမ်းဆည်းရမိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အဲဒီကျားဖြန့်ဂိုဏ်းခြံဝင်းအတွင်း လေးထပ်အဆောက်အအုံ ၂လုံး၊ ဆေးရုံ ၁ရုံနဲ့ လူနေအိမ် အဆောက်အအုံတွေ အပါအဝင် ကွန်ကရစ် အဆောက်အအုံ အလုံး ၂၀ ရှာဖွေတွေ့ရှိပြီး ၂၀၁၆ ခုနှစ် ဩဂုတ်လရက်စွဲနဲ့ Myanmar Future Stars ကုမ္ပဏီစာရွက်စာတမ်းတွေ၊ အခြားအရေးကြီးတဲ့စာရွက်စာတမ်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ KNU အနေနဲ့ ထိုင်းအာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်ကိုယူထားပြီးတော့ ကျားဖြန့်ဂိုဏ်းခြံဝင်းမှာ တွေ့ရှိတဲ့ ထိုင်းနိုင်ငံသား ၂၈ ယောက်ကိုလည်း ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့  ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးလိုက်တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးထိန်းသိမ်းနိုင်ဖို့၊ နိုင်ငံတကာ ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့၊ လိမ်လည်ခံရသူတွေကို ကာကွယ်ဖို့နဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့ ထိုင်းအစိုးရအပါအဝင် အခြားသက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံကရင်နယ်ခြားစောင့်တပ် (BGF) တို့က အွန်လိုင်း လိမ်လည်လောင်းကစား (ကျားဖြန့်) နေရာအဆောက်အအုံတွေကို ရှင်းလင်းဖျက်ဆီးပစ်နေသလို ကွန်ပြူတာ ပစ္စည်း ထောင်ကျော်နဲ့ မိုဘိုင်းဖုန်းတွေကိုလည်း ဖျက်ဆီးပြနေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကြောင်းမှ စစ်သား ၄ ဦး အလင်းဝင်နိုင်ရန် Yenanthar Column သွားရောက်ခေါ်ထုတ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ စစ်မှုထမ်းတပ်သား ၄ ယောက် လက်နက်နဲ့ ထွက်ပြေးအလင်းဝင်ရောက်လာပြီး အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်သွားဖို့ရှိကြောင်း မကွေးတိုင်း ပကဖရွေ့လျားစစ်ကြောင်း Yenanthar Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါက်ခေါင်းနဲ့ မင်းလှမှာ စစ်တပ်သတင်းပေးလုပ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းနဲ့ မင်းလှမြို့နယ်တို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေ ပစ်ခတ်ရှင်းလင်းခံရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

အောင်ပွဲရ တော်လှန်ရေးရဲဘော်များကို ပြည်သူလူထု ကြိုဆို (ဓာတ်ပုံသတင်း)

ရှေ့တန်းမှာ အောင်ပွဲရပြီး ပြန်လည်ရောက်ရှိလာတဲ့ မုံရွာခရိုင် အမှတ်(၅) တပ်ရင်း Aung San Force ရဲဘော်တွေကို ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါ တပ်ရင်းက အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် (၁၃) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှ ဒေသခံများကို စားနပ်ရိက္ခာ ကူညီထောက်ပံ့

မကွေးတိုင်း၊ စလင်းမြို့နယ်က (၁၃)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ ဂွေးကုန်းကျေးရွာနဲ့ စနေချောင်ကျေးရွာတို့က အိမ်ထောင်စု ၂၇၄ စုအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ အဘွားဖြစ်သူကို ဂါရဝပြုခဲ့တဲ့ ကင်အဲရစ် (ခ) ကိုထိန်လင်း

လွတ်လပ်ရေးဖခင်လို့ အများက တင်စားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ် (ခ) ထိန်လင်းက ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။
Read More

အမ်းမြို့အနီးက စစ်စခန်းအများစုကို AA က တိုက်ခိုက်သိမ်းပိုက်၊ အာရက္ခပြည်တစ်ခုလုံး စစ်ကောင်စီကင်းစင်ရေး အရှိန်မြှင့်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီး စစ်စခန်းအားလုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အသိပေး ထုတ်ပြန်ပါတယ်။