အကြမ်းဖက်စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ပြီး စစ်တပ်ကို တရားဝင် လူသတ်လိုင်စင် မပေးဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မလုပ်မိစေဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နှိုးဆော်လိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လူသတ်စစ်ဖိနပ်အောက်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ လုံးဝ မရှိနိုင်တာမို့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့လိုကြောင်း KNU က ဆိုပါတယ်။

စစ်ကော်မရှင်ဟာ ပြည်သူလူထုနဲ့ သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်တွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ထားသလို အတိုက်အခံ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာ၊ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို မတရားသဖြင့် ဖမ်းဆီးထောင်ချတာ၊ ကြိုးပေးသတ်ဖြတ်တာတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် အတုအယောင် ရွေးကောက်ပွဲအတွက် ပြည်သူလူထု နားလည်ဖို့ခက်ခဲတဲ့ မဲပေးစနစ်တွေကို လုပ်ဆောင်ထားပြီး လိုအပ်သလို ပြုပြင်ပြောင်းလဲနိုင်တဲ့ မဲပေးစက်တွေကြောင့် စစ်တပ်လိုလားတဲ့ မဲရလဒ်တွေရအောင် ပြင်ဆင်ထားတာဖြစ်တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စစ်တပ်က သူတို့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုရဲ့ အသက်ကို သက်ရှိစည်းရိုးအဖြစ် အသုံးချတဲ့ စစ်မှုထမ်းဥပဒေ၊ ရွေးကောက်ပွဲအနိုင်ရရေးအတွက် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်တာ၊ ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေ ပြဌာန်းတာ၊ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပါ ပြဌာန်းချက်တွေကို ဖျက်သိမ်းပြီး အရွေးကောက်ပွဲကနေ အကြမ်းဖက်လိုင်စင်ရဖို့ ကြိုးပမ်းနေတာသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်က ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ဒုတိယအကြိမ် ကပ်ထားတဲ့ မဲစာရင်းတွေကို သွားရောက်စစ်ဆေးဖို့ နှိုးဆော်နေပြီး တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြု၊ မဲမပေးကြဖို့ ပြည်တွင်းမှာရော ကမ္ဘာနိုင်ငံအသီးသီးမှာပါ ဆန္ဒပြနေကြပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ မဲစာရင်းတွင် သေတဲ့လူတွေ ပါနေပြီး အုပ်ချုပ်ရေးမှူးနှင့် အမတ်လောင်းမိသားစု မပါသည်အထိ အမှားများနေကြောင်း ဘူးလက်လှဆွေ ပြော

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေများစွာ ကွာဟနေတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မဲစာရင်းမှာ မှားယွင်းမှု များပြားနေတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ နေပြည်တော်နယ်မြေဥက္ကဋ္ဌ ဘူးလက်လှဆွေက မနေ့က လူမှုကွန်ရက်ကတဆင့် ဝေဖန်ပြောဆိုလိုက်ပါတယ်။
Read More

ရေးမြို့နယ်တွင် (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနား ပြုလုပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ (၇၅)နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနားကို သြဂုတ်လ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီး PDF ၏ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကျင်းပပြီး ရဲဘော်များကို လက်နက် တပ်ဆင်ပေး

နွားထိုးကြီး PDFရဲ့ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၃ ရက် ဒီနေ့မှာ ကျင်းပခဲ့ပြီး မွမ်းမံသင်တန်းဆင်း ရဲဘော်တွေကို မဟာမိတ်အဖွဲ့က လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ နွားထိုးကြီး PDF (မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀) တပ်ရင်း)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်နယ် ရှိန်းမကားတွင် အရပ်သား ၁၀ဦးထက်မနည်းကို စစ်ကောင်စီမှ သေနတ်ပစ်ခတ်ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်း- မြစ်ကြီးနား အမှတ် (၃) လမ်းပေါ်မှာ အရပ်သား ၁၀ယောက်ထက်မနည်း စစ်​ကောင်စီတပ်ရဲ့ ပစ်ခတ် ဖမ်းဆီးခြင်း ခံထားရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျားဖြန့်ကိစ္စ အမေရိကန် စွက်ဖက်ဖို့ လုပ်တာဟာ ပွဲလန့်တုန်း ဖျာဝင်ခင်းတာလို့ ဇော်မင်းထွန်း ပြော

ကျားဖြန့်နှိမ်နင်းရေးကိစ္စမှာ အမေရိကန်နိုင်ငံက ဝင်ရောက်စွက်ဖက်ဖို့ လုပ်ဆောင်နေတာဟာ ပွဲလန့်တုန်း ဖျာခင်း ဖို့သာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

ခင်ဦးမှာ စစ်ကောင်စီထုတ် မြန်မာဘီယာတွေ မြို့နယ် ပအဖ နဲ့ ပကဖ က ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့…

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီထုတ် မြန်မာဘီယာတွေကို ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ က ထုတ်ပြန်ထားပါတယ်။