အကြမ်းဖက်စစ်တပ်ဟာ အများပြည်သူရဲ့ဆန္ဒကို သွေဖယ်ပြီး အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ရိုဟင်ဂျာ အတိုင်ပင်ခံကောင်စီ က နိုဝင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုဟာ လက်ရှိအာဏာ သိမ်းထားတဲ့ အကြမ်းဖက်စစ်တပ် ကျူးလွန်ခဲ့တာဖြစ်သလို ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်ကစပြီး စစ်တပ်ဟာ ရိုဟင်ဂျာလူမျိုးတွေရဲ့ မွေးရာပါ အခွင့်အရေးကို ပယ်ဖျက်တာ၊ ရိုဟင်ဂျာလူမျိုးတွေရဲ့ ဖြစ်တည်မှုကို ပုံဖျက်တာ၊ ရိုဟင်ဂျာလူမျိုးတွေအပေါ် ပြည်သူတွေ အထင်အမြင်လွဲမှားအောင် လုပ်ဆောင်တာတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာ လက်ရှိအချိန်ထိဖြစ်တယ်လို့ ဆိုပါတယ်။

“အာဏာသိမ်း မြန်မာစစ်တပ် စစ်ကောင်စီသည် စစ်ကော်မရှင်ဟု အမည်ပြောင်းလဲကာ အတုအယောင် ရွေး ကောက်ပွဲတစ်ရပ်ကို အများပြည်သူလူထု၏ ဆန္ဒနှင့် သွေဖြည်ကာ ကျင်းပဖို့ ပြင်ဆင်နေမှုအား ရိုဟင်ဂျာ အ တိုင်ပင်ခံ ကောင်စီက အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်အပ်ပါသည်” လို့ ဖော်ပြထားခဲ့ပါတယ်။ 

အလားတူ  ရိုဟင်ဂျာပြည်သူတွေအနေနဲ့လည်း ခေတ်အဆက်ဆက် ရိုဟင်ဂျာလူမျိုးတွေအပေါ် ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို သတိထားကာ မပူးပေါင်း၊ မပတ်သက်ဖို့ တိုက်တွန်းထားခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ အပေါင်းအပါ စစ်အာဏာရှင်တစ်စုဟာ သူတို့ရဲ့ ကျရှုံးမှုကို ကုစားဖို့အတွက် ရိုဟင်ဂျာ ပြည်သူတွေကို သွေးဆောင်ဖြားယောင်း လှည့်စားတာတွေ လုပ်ဆောင်နေတာမို့ သတိထားဖို့ လိုအပ်တယ်လို့လည်း ရိုဟင်ဂျာ အတိုင်ပင်ခံ ကောင်စီက ဆိုပါတယ်။  

ရိုဟင်ဂျာ အတိုင်ပင်ခံကောင်စီဟာ ပြီးခဲ့တဲ့ မေလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ရိုဟင်ဂျာတွေရဲ့ မူလအခွင့်အရေး၊  သာတူညီမျှ အခွင့်အရေး ၊ စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပူးပေါင်းလက်တွဲသွားမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီရဲ့ မာထောတပ်စခန်းကြီးကို KNU သိမ်းပိုက်ရရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်)အတွင်းမှာရှိတဲ့ မာထော စစ်ကောင်စီတပ်စခန်းကြီးကို သိမ်းပိုက်ရရှိခဲ့ပြီလို့ KNU က ယနေ့ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အုပ်စုထံ ရေဦးပကဖ တပ်ဖွဲ့ဝင် ၆ ဦး ပူးပေါင်းသွားကြောင်း သတင်းထွက်ပေါ် ၊ ရည်ရွယ်ချက်ရှိရှိ ပူးပေါင်းသွားတာမဟုတ်ဘဲ ထွက်ပြေးရာမှ ဖမ်းခံရပြီး ဝါဒဖြန့်တာလို့ ရေဦးပကဖ ပြော 

ကျည်ဆံခိုးရောင်းမှုကြောင့် ပြစ်ဒဏ်ပေးခံထားရသူနဲ့ အကျယ်ချုပ် ထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားသူတွေကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး စစ်တပ်ထံ အလင်းဝင်ရောက်လာတဲ့ပုံစံမျိုး ဝါဒဖြန့် ပုံဖျက်တာတွေ လုပ်ဆောင်နေတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်ဘေးသင့် ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမည်ဆိုလျှင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးမည်ဟု IEC အသိပေးကြေညာ၊ ငလျင်ဘေးကို အကြောင်းပြု ပိုမိုဆိုးရွားတဲ့ ဖိနှိပ်ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်သည်ကိုလည်း သတိကြီးစွာ တုံ့ပြန်ဖို့ IEC သတိပေး

ငလျင်ဒဏ်ခံ ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမယ်ဆိုရင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဒီနေ့မှာ အသိပေးကြေညာထားပါတယ်။
Read More

ဒီမိုကရေစီအရေးမှာ တက်ကြွစွာ ပါဝင်ပြီး စစ်အာဏာရှင်ကို ဓမ္မဖြင့် တော်လှန်ခဲ့သည့် ရွှေညဝါဆရာတော် ပျံလွန်၊ ဆရာတော်နှင့်အတူ ထောင်မှ တစ်ရက်တည်း အတူလွတ်လာသည့် စာရေးဆရာ မောင်သာချိုလည်း ကွယ်လွန်

ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး အကြမ်းဖက်စစ်အာဏာရှင်ကို ဓမ္မနဲ့ တော်လှန်ခဲ့တဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟ ဟာ ဒီနေ့ မနက်အစောပိုင်းက ရန်ကုန်မြို့မှာ ပျံလွန်တော်မူခဲ့ပြီးနောက် စာရေးဆရာမောင်သာချိုလည်း ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ဇူလိုင်လ ပထမပတ်အတွင်း အကြမ်းဖက်စစ်‌ကောင်စီကိုစွန့်ခွာပြီး အလင်းဝင်လာတဲ့ စစ်သား၊ ရဲနှင့် ပြည်သူ့စစ် ၅၁ ဦး ရှိ၊ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း ၅၈ ဦး ဖမ်းမိ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကိုစွန့်ခွာကာ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သား၊ရဲ၊ ပြည်သူ့စစ် ၅၁ ဦးအထိရှိခဲ့ပြီး လက်နက်ချ၊ စစ်သုံ့ပန်း ၅၈ ဦးရှိခဲ့တယ်လို့ ပြည်သူ့ ပန်းတိုင်ထံက သိရပါတယ်။
Read More

ရန်ကုန်အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့နှင့် ရန်ကုန်ဒရုန်းအဖွဲ့ ပူးပေါင်း

ရန်ကုန်မြို့မှာ အခြေစိုက်ပြီး စစ်အာဏာရှင်ကို ပြောက်ကျားသပိတ်တွေ ဆင်နွှဲနေတဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ ရန်ကုန်ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ မဟာမိတ်အဖြစ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ပါတယ်။