စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေါင်းမျိုးဆက်က သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက မုံရွာမြို့နယ် နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၄ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ တပ်စု ၂ ဒေါင်းမျိုးဆက် တပ်ဖွဲ့ ၊ မုံရွာခရိုင်အမှတ် ၂ တပ်ရင်း၊ မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၄ မီးတောက်တပ်ဖွဲ့၊ ချောင်းဦး မီးတောက်တပ်ဖွဲ့ (MTG) နဲ့ Royal God People Defence Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး သေနတ် ၂ လက် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်တပ်အနေနဲ့ အပြစ်မဲ့ ပြည်သူတွေကို ဦးတည်သတ်ဖြတ်နေမှုတွေ ဆက်လက်လုပ်ဆောင်ရင် ပိုမိုဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ ကြုံတွေ့ရမှာဖြစ်ပြီး တပ်မတော်ဆိုတဲ့ နာမည်ကို ထိန်းသိမ်းတဲ့အနေနဲ့ ယောက်ျားပီသစွာ စစ်သား အချင်းချင်းသာ သတ္တိရှိရှိ တိုက်ခိုက်ကြဖို့ ဒေါင်းမျိုးဆက်က အသိပေးထားပါတယ်။

Video – ဒေါင်းမျိုးဆက်

0 Shares:
You May Also Like
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)ရဲ့ စစ်ဒေသ(၁) ရဲဘော်သစ်တွေ ခေါ်ယူ (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ပြီး စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ဖို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) စစ်ဒေသ(၁)၊ အခြေခံစစ်ပညာသင်တန်း အပါတ်စဥ်(၃)အတွက် ရဲဘော်သစ်တွေကို ခေါ်ယူထားတယ်လို့ သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ သင်္ဘော ၁ စီး မီးလောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) ထံက သိရပါတယ်။
Read More

ပုလဲမြို့နယ်ထဲ လေယာဉ်နဲ့လာပို့တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေရဲ့ ဒရုန်းစစ်ဆင်ရေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲအပြီး စစ်ကောင်စီက လေကြောင်းကနေ အင်အားဖြည့်တင်းမှုတွေ လုပ်နေပါတယ်။
Read More

ဂန့်ဂေါမြို့ ရဲစခန်းကို Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရဲစခန်းကို စက်တင်ဘာ ၁၆ ရက်က Fixed Wings ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားတွေရဲ့ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
Read More

စလင်းမြို့က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားထိခိုက်သေဆုံး (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့ ခလရ ၂၅၃၊ ၂၅၄နဲ့ ၂၅၅ က  အင်အား ၃၀၀ ခန့်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်‌တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားထိခိုက် သေဆုံးခဲ့တယ်လို့ ဒေါင်းစစ်အောင် LPDF ထံက သိရပါတယ်။
Read More

စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာနမခဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းက အကြမ်းဖက်စစ်တပ် တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို အောက်တိုဘာ ၁၀ ရက်က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်သံပြာကာ ယာဉ် ၄ စီးကို တိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့ထံက သိရပါတယ်။