ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ကျော်ဇင်ထွန်းနဲ့ စစ်သား ၄ ယောက် သေဆုံးကာ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၂၃ ရက် မနက်ပိုင်းက ကြို့ပင်ကောက်မြို့နယ် GBK ဆေးရုံအနီး သဲကုန်းလေးကျီစု အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးရဲဘော်တွေက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ဒုရဲအုပ်ကျော်ဇင်ထွန်းနဲ့ စစ်သား ၄ ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဆေးရေးဂိတ်ကနေ MA13 ၁ လက်၊ G3 ၁လက်၊ G4 ၁ လက်၊ G3ကျည် ၄၀ တောင့်၊ MA13 ကျည် ၂၀ တောင့်၊ ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၃ လုံးနဲ့ လက်ထိပ် ၁ ခုတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – UGF OKPO 2

0 Shares:
You May Also Like
Read More

ဧရာဝတီမြစ်ကြောင်းအတွင်း စစ်သင်္ဘော၊ ရိက္ခာတင်သင်္ဘောများကို KIA ပူးပေါင်းတပ်တပ်ဖွဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သင်္ဘော ၂ စီး ထိမှန်ပျက်စီး (ရုပ်/သံ)

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီး ထိမှန်ပျက်စီးခဲ့ပြီး ရွှေကူမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မန္တလေးမြို့မှာ နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ်မှုကြောင့် ပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ရ (ရုပ်/သံ)

မန္တလေးမြို့မှာ ဒီနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့ ပြင်းအား ၄ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရမည်းသင်းတွင် ကားကို ဆိုင်ကယ်ဝင်တိုက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် အမျိုးသား ၂ ဦး သေဆုံး (ရုပ်သံ)

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ကားကို ဆိုင်ကယ်က နောက်ကနေ ဝင်တိုက်ရာက ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့တပ်မ ၃၃ ကနေ မုံရွာကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို  ရှေ့ထွက်တစ်ဖက်ဖွင့် မိုင်းပွိုင့်နဲ့ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Area 71 PDF Monywa က အသိပေးထုတ်ပြန်ပါတယ်။
Read More

အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ငလျင်ထိခိုက်ပျက်စီးမှုနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်က မြန်မာစကား‌နဲ့ ပြောဆိုရှင်းပြ (ရုပ်/သံ)

နိုင်ငံကို မတရားအာဏာသိမ်းရယူထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ငလျင်ကြောင့် သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေကို ဖုန်းနဲ့ ဆက်သွယ်ရှင်းပြနေတဲ့ ရုပ်သံဖိုင် ကို စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
Read More

S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဆောက်လုပ်ထားသည့် မြေအောက်စာသင်ကျောင်းဆောင် (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ ဆောက်လုပ်ထားတဲ့ မြေအောက်စာသင်ကျောင်းဆောင်ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံထုတ်ပြန်ခဲ့ပါတယ်။