မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ မြင်းကပိုင်ရွာ အုပ်ချုပ်ရေးမှူးဆိုသူက ကျေးရွာအတွင်း ယောက်ျားသားရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းကြေး တိုးကောက်တာတွေ၊ လူငယ်တွေကို အတင်းအကြပ် စစ်မှုထမ်းခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ အောင်လံမြို့နယ်တွင်း သတင်းတွေဖော်ပြနေတဲ့ အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောင်လံမြို့နယ်၊ မြင်းကပိုင်ကျေးရွာအုပ်စုထဲက မြင်းကပိုင်ရွာနေ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး ဦးကြည်ရှိန်ဟာ သူအုပ်ချုပ်ရတဲ့ ကျေးရွာတွေအတွင်း လူငယ်တွေကို စစ်မှုထမ်းအတွက် အတင်းအကြပ် ဖိအားပေးတာတွေအပြင် ယောက်ျားသားရှိတဲ့ နေအိမ်တိုင်းကို တစ်အိမ်ထောင် စစ်မှုထမ်းကြေး လစဥ် ၁သောင်းခွဲအထိ တိုးမြှင့်ကောက်ခံနေတယ်လို့သိရပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ကျောက်ဆွယ်ကျိုးကျေးရွာ စာသင်ကျောင်းမှာ အရပ်သားတွေကို မလာမနေရ ဆင့်ခေါ်ကာ ကျေးရွာအတွင်း ယောက်ျားသားရှိတဲ့နေအိမ်တွေကို စစ်မှုထမ်းကြေး တိုးမြှင့်ကောက်ခံဖို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အရင် လတိုင်း ၅ ထောင်ပေးနေရတဲ့အစား ယောက်ျားသားရှိတဲ့အိမ်တွေဆို ၁လ ၁သောင်းခွဲအထိ ပေးရမယ်ဆိုပြီး ပြောလာတယ်။ မိအိုဖအို ၂ယောက်တည်းရှိတဲ့ အိမ်တောင် မရမက တောင်းပါတယ်။ ကျန်တဲ့ သားသမီးရှိတဲ့အိမ် ပြည်ပကိုထွက်နေလည်းတောင်းတယ် လစဥ်တိုင်းပဲ ပေးနေရတာ။ လောလောဆယ် ဒီလို တိုးတောင်းဖို့ အစည်းဝေးခေါ်တာ ကျောက်ဆွယ်ကျိုးရွာပဲ။ ကျန်တဲ့ရွာတွေတော့ မသိသေးဘူး” လို့ အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဦးကြည်ရှိန်ဟာ ကျောက်ဆွယ်ကျိုး၊ မြင်းကပိုင်နဲ့ စစ္စပါးရွာ ၃ ရွာကို အုပ်ချုပ်ရတဲ့ အကြမ်းဖက်စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ၁ယောက်ဖြစ်ပြီး ကိုယ်ပိုင်သေနတ် ကိုင်ဆောင်ခွင့်ရှိသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

“သူကရွာ၃ရွာကို အုပ်ချုပ်တာ၊ သေနတ်အတိုကိုင်ထားတယ်။ နေတာက မြင်းကပိုင်ရွာမှာနေတယ်။ ကျောက်ဆွယ်ကျိုးရွာကိုက သူ့တပည့် စန်းဝင်းထိုက်နဲ့ အုပ်ချုပ်ခိုင်းထားတာ၊ အခုလို စစ်မှုထမ်းကြေးကောက်တာအပြင် ရွာထဲက လူငယ် ၁၅ ယောက်ကိုလည်း စစ်မှုထမ်းဖို့ တောင်းထားပြီးသားပါ” လို့ အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဦးကြည်ရှိန်နဲ့ ကျောက်ဆွယ်ကျိုး အုပ်ချုပ်ရေးမှူး အုပ်ကလေး (ခေါ်) စန်းဝင်းထိုက် တို့ကို တော်လှန်ရေးအင်အားစုတွေဘက်က သတိပေးစာ ၂ကြိမ်ပို့ဆောင်ခဲ့ပြီးဖြစ်ပေမယ့် လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်အတွက် ဆက်လက်အလုပ်လုပ်ပေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“ကြည်ရှိန်က အရင်က ချဲရောင်းတာ၊ အာဏာသိမ်းတော့မှ စစ်တပ်အားကိုးနဲ့ အုပ်ချုပ်ရေးမှူးဖြစ်လာတာ၊ အခုတော့ တိုက်နဲ့ဖြစ်နေပြီ။ သူနဲ့ သူ့အပေါင်းအပါတွေက စစ်ကော်မရှင်နဲ့ ပေါင်းပြီး ရွာခံတွေကို အနိုင်ကျင့်ဗိုလ်ကျနေတာ။ ရွာထဲ ရွာသားတွေ အပြစ်တစ်ခုခုလုပ်တာမျိုး၊ ဥပမာ စကားများရန်ဖြစ်တာမျိုးဆိုရင်တောင် သူ့အိမ်မှာထင်းခွဲ၊ ရေခပ်ခိုင်းတယ်။ စစ်မှုထမ်းဖို့လူလည်း အတင်းအကြပ်တောင်းတယ်” လို့ အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အောင်လံမြို့နယ်နဲ့ ပြည်မြို့နယ်ကြား ကျေးရွာတွေမှာ စစ်အုပ်စုလက်ပါးစေ ကျေးရွာအာဏာပိုင်ဆိုသူတွေက ရပ်ရွာအတွင်း လစဥ် စစ်မှုထမ်းကြေး မတရားကောက်ခံတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်ရင်း စစ်အုပ်စုရဲ့ စစ်အင်အားကို စိတ်လက်ကိုယ်ပါ ဖြည့်တင်းပေးနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမှာ စစ်ရှောင်ပြည်သူတွေကို မြို့နယ် ပကဖ က ဆန်နဲ့ ဆီ ပေးဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေက စစ်ဘေးရှောင်ဒေသခံပြည်သူတွေကို သပိတ်ကျင်း ပကဖ တာဝန်ခံတွေနဲ့ အဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၁ ရက် မနေ့က ဆန်၊ ဆီ ရိက္ခာတွေ ပေးဝေခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်နှင့် မြိုင်အစပ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်တွေ တစ်ရက်တည်း ၂ ကြိမ် တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၃ ယောက် သေ၊ ၁၃ ယောက် ထိခိုက်ပြီး TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံလည်း ကျဆုံးခဲ့ရ

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ တစ်ရက်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
Read More

ဘီးလင်းမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူပိုင်အဆောက်အဦးတွေ ထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူပိုင်အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်မှုမှာ ပါဝင်သူတွေကို ဖမ်းမိထားပြီဟု ဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စက်တင်ဘာလအတွင်း ဖော်ဆောင်ခဲ့သည့် MSFC ကာကွယ်ရေးဌာနအောက်ခံ တပ်များနှင့် မဟာမိတ် စစ်ဆင်ရေးများ 

အခုလ စက်တင်ဘာ (၁) လတာအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန (DoD) အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို MSFC က ထုတ်ပြန်ပါတယ်။ 
Read More

မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

မန္တလေးမြို့က မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို တော်လှန်လူငယ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။