အစားအသောက်နဲ့ ပတ်သက်တဲ့ Vlog တွေ ရိုက်ကူးသလို တက္ကစီမောင်းတဲ့အလုပ်လည်း လုပ်ကိုင်တဲ့ ကျော်ဝဏ္ဏဟာ ကားဆွဲရင်း အသတ်ခံခဲ့ရကြောင်း စစ်ကော်မရှင်လက်အောက်ခံ သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။

နိုဝင်ဘာ ၂၂ ရက်‌နေ့က မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ မီးပွိုင့်အနီးမှာ ကျော်ဝဏ္ဏ မောင်းနှင်တဲ့ ပရိုဘောက် တက္ကစီကို ငှားစီးပြီး အနောက်ခန်းကနေ လိုက်ပါလာတဲ့လူက သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

နာမည်အရင်း ဝဏ္ဏဖေ ဖြစ်တဲ့ သေဆုံးသူ ကျော်ဝဏ္ဏဟာ အင်းစိန် စော်ဘွားကြီးကုန်းမှာ နေထိုင်သူဖြစ်ပြီး ဒီဖြစ်စဥ်ဟာ လုယက်တာလား တခြားဘယ်လိုအကြောင်းကြောင့် ပစ်သတ်ခံရတယ်ဆို သေချာမသိရသေးပါဘူး။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်လက်အောက်မှာ မြန်မာနိုင်ငံဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်က ဆုတ်ယုတ်ကျဆင်းပြီး ပြည်သူတွေဟာ လူနေမှုဘဝ အကြပ်အတည်းတွေကို နေ့စဥ် ရင်ဆိုင်နေရပါတယ်။

ဒီလိုဘက်ပေါင်းစုံက အကြပ်အတည်းတွေရဲ့ အကျိုးဆက်တွေအနေနဲ့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်တာတွေ၊ မြို့လယ်ခေါင်လူစည်ကားတဲ့ နေရာတွေမှာပါ ဓားပြတိုက်၊ လုယက်၊ သတ်ဖြတ်တာတွေ ပိုမိုများပြားလာပြီး ပြည်သူလူထုဟာ မလုံခြုံမှုတွေကို ခံစားနေရတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

စစ်သည်တော် ကျင့်ဝတ်စည်းကမ်း စာစောင်များကို 96 soldiers PDF မှာ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ဝေတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း (CoC) လက်ကမ်းစာစောင်တွေကို 96 soldiers PDF တပ်ဖွဲ့မှာ ဟောပြောပို့ချကာ လေ့လာခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်၊ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး သင်တန်းများ ပြန်လည်စတင်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးသင်တန်း (WCP) သင်တန်းကို ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာ စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို ထွက်ပြေးတိမ်းရှောင်ရင်း သက်ကြီးရွယ်အို ၃ ဦး အအေးမိ သေဆုံး

မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးနေမှုကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါ စစ်ရှောင်တွေထဲက သက်ကြီးရွယ်အို ၃ ယောက် ရာသီဥတုဒဏ်ကြောင့် အအေးမိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

KNU တပ်မဟာ(၁) ဒူးသထူခရိုင်မှာ အုပ်ချုပ်ရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာဝန်ဆောင်မှု သင်တန်းဆင်းပွဲ

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်က နိုဝင်ဘာလအတွင်း အုပ်ချုပ်ရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာ ဝန်ဆောင်မှု သင်တန်းကို ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်တိုင်းမှာ ဇွန်လအတွင်း စစ်ရေးဖော်ဆောင်မှု ၁၁ ကြိမ် ရှိခဲ့ကြောင်း Operation Flame ထုတ်ပြန်

ခဲ့တဲ့ ဇွန်လမှာ ရန်ကုန်တိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း ၁၁ ကြိမ်အထိ ရှိခဲ့ကြောင်း Operation Flame (OF) အဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ စုစုပေါင်း ၁၁ ကြိမ်ထဲမှာ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု ၈ ကြိမ်၊ လုပ်ကြံမှု ၁ ကြိမ် နဲ့ ဖယ်ရှားရှင်းလင်းခံရမှု ၂ ကြိမ် ပါဝင်တယ်လို့ ဆိုပါတယ်။