စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာမှာ ၄ရက်ကြာ အထိုင်ချ တပ်စွဲပြီးတဲ့နောက် ပျဥ်ထောင် ပျူစောထီးကျေးရွာကို စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စု အများအပြားကျဆုံးကာ အထိနာခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက် မနေ့ နေ့လယ်ပိုင်းက ကန့်ဘလူအခြေစိုက် နည်းဗျူဟာ ၃၃၂၊ ခြေမြန်တပ်ရင်း ၁၁၁ နဲ့ ကန့်ဘလူပျူစောထီး စုစုပေါင်း အင်အား ၁၈၀ ခန့်ပါ အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မုံရွာ-ပျဥ်ထောင် လမ်းခုလတ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံး တပ်ပျက်တဲ့အထိ အသေအဆုံးများခဲ့ကာ အလောင်းတွေ ချန်ရစ်ခဲ့ပြီး မုံလှယာယီအခြေစိုက်စခန်းဆီ ကစဥ့်ကလျား တပ်ဆုတ်ပြန်ပြေးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုထံက ငါးကြင်းမြှီး ၁ လက်၊ MA-1 ၁၀ လက်၊ MA-2 ၃ လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ MA-3 ၃ လက်၊ MA-4 ၁ လက်၊ G-3 ၄ လက်၊ MAS Sniper ၁ လက်၊ M1- ၅ လက်နဲ့ ဆက်စပ်ကျည်ခဲယမ်းအစုံ အများအပြား သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမှတ် (၂) ရွှေဘိုခရိုင်၊ အမှတ် (၃) တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် (၁) (၂) (၃) (၄) (၅) ပကဖတွေနဲ့ ခင်ဦးမြို့နယ် ပလဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ခင်ဦးပကဖ)

0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုနဲ့ နင်မိုင်းတို့ကြောင့် အရပ်သား (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁) လုံးနဲ့ စာသင်ကျောင်း (၁) ကျောင်းထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်နဲ့ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ ပစ်မှတ် ထားတဲ့ ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးတွေ ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူပိုင် နေအိမ်(၁)လုံး၊ စာသင်ကျောင်း (၁) ကျောင်းနဲ့ အရပ်သား ပြည်သူ(၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်း နင်းမိပြီး ပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီက အရပ်သားတွေကို လူမဆန်စွာ လိုက်သတ်နေပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်းကျူးလွန်နေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ရှုံးကောင်စီက ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

မောင်ရွှေလေးလို ရေတပ်စခန်းကြီးကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ပင်လယ်ပြင်လေ့ကျင့်ခန်း လုပ်ဦးမယ်လို့ ဆိုပြန်

အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် ရေတပ်စခန်းတွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီရေတပ်က ပင်လယ်ပြင်လေ့ကျင့်ခန်းကို ၄ ရက်ကြာ ပြုလုပ်မယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ကျပ်ဘီလီယံ တစ်ရာနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးအမှုတွင် AA ပါဝင်ပတ်သက်ခဲ့သည်ဟု စစ်ကောင်စီ စွပ်စွဲ

ရန်ကုန်မှာ ကျပ်ဘီလီယံတစ်ရာနီးပါးတန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းမိခဲ့တဲ့ဖြစ်စဉ်မှာ AA ပါဝင်ပတ်သက်မှုရှိနေကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့််မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

လက်ပံတန်းက စစ်ကောင်စီ လက်အောက်ခံရဲကင်း တိုက်ခိုက်ခံရ၊ ရဲနဲ့ပျူစောထီးအများအပြားသေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ကောင်စီ လက်အောက်ခံ ရဲကင်းကို PDFများကတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်(၂)တပ်ရင်းနှင့် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

DMO Local PDF တပ်ရင်း ၂ မှ အသက် ၂၆ နှစ်အရွယ် ဒုတပ်ရင်းမှူး၏ ဈာပန

ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) ရဲ့ တပ်ရင်း (၂) ဒုတပ်ရင်းမှူး ဟင်နရီလုအောင်ရဲ့ စျာပနအခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။