တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း အိမ်စီးကား ၂ စီးနဲ့ လာတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးပြီး ၃ ယောက်ကို အရှင်ဖမ်းဆီးမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၃ ရက် မနေ့က ကျွန်းစုမြို့နယ် ဘုရားထွက်ကျေးရွာကနေ ပဲ့တိုင်ကျေးရွာပျူစောထီးစခန်းသို့ အိမ်စီးကား ၂ စီးနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက ယမုံ‌ကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စု ကားကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ယောက်သေဆုံးပြီး ၃ ဖမ်းမိခဲ့ကာ ၆၀ မမ မော်တာပြောင်း ၁ ခု၊ ၆၀ မမ ဗုံး ၅ လုံး၊ ၉ မမ ကျည် ၃၈ တောင့်၊ နာနတ်သီးလက်ပစ်ဗုံး ၂ လုံး၊ အူဇီကျည်ဘောက် ၂ ခု၊ ဓားမြှောင် ၁ ချောင်း၊ ဖုန်း ၁ လုံးနဲ့ ပျူစောထီးယူနီဖောင်း ၁ စုံ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ

0 Shares:
You May Also Like
Read More

လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲထားတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲပြီး အနီးကပ်ဝင်ရောက်ပစ်ခတ်ရာ ၇ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြင်စည်လျှပ်စစ်ဓာတ်အားပေးခွဲရုံမှာ တပ်စွဲအထိုင်ချထားတဲ့ အင်အား ၃၀ ခန့်ရှိ အကြမ်းဖက်စစ်သားတွေကို ဒီဇင်ဘာ ၂ ရက်က တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။
Read More

မြို့သာမြို့လယ် ဆက်ကြေးကောက်နေသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့လယ်ခေါင်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင်တပ်သား‌တွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Special Task Force Ngazun က ထုတ်ပြန်ထားပါတယ်။
Read More

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကြဲသည့် စစ်ကောင်စီ တိုက်လေယာဉ် ၁ စီးကို PLA ပစ်ချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကြဲတဲ့ စစ်ကောင်စီတိုက်လေယာဉ် ၁ စီးကို ပစ်ခတ် နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေအပါအဝင် မြို့အများအပြားမှာ ပံ့သကူအလှူနဲ့ တော်လှန်ရေးသတင်း စကားများ ပြည်သူတွေထံ ဖြန့်ဝေ ( ရုပ်/သံ)

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအဝင် မြို့အများအပြားမှာ နိုဝင်ဘာ ၁၅ ရက် တန်ဆောင်မုန်း လပြည့်နေညပိုင်းမှာ ပံ့သကူအလှူနဲ့ တော်လှန်ရေးသတင်းစကားတွေကို ပြည်သူတွေထံ ဖြန့်ဝေခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု - AJAYက ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်သားတွေ လိုက်ပါလာတဲ့ တွဲကားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကနေ ဝမ်ပေါင်ကုမ္ပဏီဆီ အကြမ်းဖက်စစ်သား အစောင့်တွေနဲ့ ပစ္စည်းတွေ သယ်နေတဲ့ တွဲကားတွေကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက ပြင်းအားမြင့်မိုင်းပဒေသာ ၅ လုံးတွဲ တစ်ပွိုင့်၊ တစ်ဘက်ဖွင့် ရှေ့ထွက်မိုင်းပဒေသာ ၅ လုံးတွဲ တစ်ပွိုင့်နဲ့ မိုင်းပွိုင့် ၃ နေရာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။
Read More

တရားမျှတမှုအတွက် ကမ္ဘာကြီးသို့သတင်းစကား

ဇူလိုင်လ ၁၇ ရက်နေ့ဟာ The World Day for International Justice Day (အပြည်ပြည်ဆိုင်ရာတရားမျှတမှုနေ့) ဖြစ်ပါတယ်။ စစ်အာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့ကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်မှုကြောင့် ပုံစံမျိုးစုံနဲ့ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ကလေးငယ်တွေနဲ့ အရပ်သားတွေအတွက် တရားမျှတမှုပြန်ရနိုင်ဖို့ တောင်းဆိုသံတွေကို ကမ္ဘာကြီးက ကြားနိုင်ပါရဲ့လား။