အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေနဲ့ ပတ်သက်နေတယ်လို့ ပြောဆိုပြစ်တင်ခံနေရတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က သူတို့ရဲ့ ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံခြားသားတွေ သယ်ဆောင်ခြင်း မလုပ်ရဘူးလို့ အမိန့်ထုတ်လိုက်ပါတယ်။

DKBA ထိန်းချုပ်နယ်မြေအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်စေ၊ မည်သူတစ်ဦးတစ်ယောက်ဖြစ်စေ နိုင်ငံခြားသားတွေကို သယ်ဆောင်ခြင်း တွေ့ရှိရင် ဖမ်းဆီးအရေးယူမယ်လို့ ဒီနေ့ နိုဝင်ဘာ ၂၄ရက် အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံသားတွေကို သယ်ဆောင်ခြင်း မလုပ်ရဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၃ရက် မနေ့က မြဝတီမြို့နယ်၊ မင်းလက်ပံရွာမှာ KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ကျားဖြန့်ရုံအတွင်း DKBA တပ်ဖွဲ့ဝင်တွေနဲ့အတူ တပ်စွဲထားတဲ့ DKBA (၉၀၅) တပ်ရင်း၊ ဒုတပ်ရင်းမှူး စောကျော်ကိုမင်း (ခ) သခွားသီးကိုလည်း တာဝန်ထက် ကျော်လွန်လုပ်ဆောင်မှုနဲ့ DKBA က ဖမ်းဝရမ်းထုတ်ထားတယ်လို့ သတင်းထွက်နေပါတယ်။

လက်ရှိမှာ အမေရိကန်ကလည်း ကျားဖြန့်တွေကို တိုက်ဖျက်ဖို့ အထူးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာထားသလို ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ဆက်စပ်နေမှုတွေကြောင့် DKBA နဲ့ ခေါင်းဆောင် ၄ယောက်ဖြစ်တဲ့ စောစတီး၊ စောစိန်ဝင်း၊ စိုင်းကျော်လှနဲ့ စောဆန်းအောင်တို့ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူကြောင်း ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

နပခ လက်အောက်ခံ စခန်းကုန်းကနေ ဆုတ်ခွာလာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ (၂ ) ယောက် သေပြီး သုံ့ပန်း (၁၄) ယောက်၊ လက်နက်ငယ် (၂) လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိ…

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ရှိ စခန်းကုန်းကနေ စွန့်ခွာလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ယောက် သေဆုံးပြီး သုံ့ပန်း (၁၄) ယောက်၊ လက်နက်ငယ် (၂) လက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စု၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် KNDF တပ်ရင်းအမှတ် (၃၄) မှ ရဲဘော် ခူးမီရယ်

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၃၄)မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်စုမှူး ရဲဘော်ခူးမီရယ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၈)ရက်က အကြမ်းဖက်စစ်တပ်ရဲ့ မတရားချုပ်နှောင်ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမှာ စစ်သားသစ် စုဆောင်းခံရသူ စစ်ကောင်စီတပ်သားသစ်တစ်ဦး စလင်း ပကဖ ထံ ခဲယမ်းများနှင့် အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သားသစ် ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (စလင်း ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်ခဲ့သည့် လောင်းလုံးတွင် စစ်အုပ်စုဘက်က ထိခိုက်သေဆုံး များပြားကာ ရေတပ်ပစ်ကူယူခဲ့ရ

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့ပေါ်က စစ်ကောင်စီအခြေစိုက်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများခဲ့ပြီး ရေတပ်ကနေပါလက်နက်ကြီးပစ်ကူပေးခဲ့ရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ ကိုရှဲဒိုးက မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေးတပ်များ ဆုတ်ခွာထားသည့် မော်လိုက်ကလေးရွာကို ကလေး (ဒု) ဒကစမှူးအမိန့်ဖြင့် စစ်အုပ်စု မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ ကလေး (ဒု)ဒကစမှူး အမိန့်နဲ့ အကြမ်းဖက်ခြေမြန်တပ်ရင်းတွေက မော်လိုက်ကလေးကျေးရွာအတွင်း မွှေနှောက်ခိုးယူကာ စစ်ရှောင်နေအိမ်တွေကို စိတ်ကြိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစုများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ ၆ရက် မနေ့က ညနေပိုင်းမှာ စစ်အုပ်စုက မော်လိုက်လေးကျေးရွာထဲ ဝင်ရောက် မွှေနှောက်ရှာဖွေရင်း အရပ်သားပိုင် တန်ဖိုးကြီးတဲ့ပစ္စည်းတွေ၊ အသုံးအဆောင်တွေကို ခိုးယူသယ်ဆောင်ခဲ့သလို နေအိမ်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာရှိ စစ်ကော်မရှင်တပ်သားများကို ဝင်ရောက်တိုက်ခိုက်၊ တပ်ကြပ်ကြီးအဆင့် (၂) ဦးအပါ ၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီးအပါ ၅ ဦး ဒဏ်ရာရ…

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်−ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာရှိ ယက္ကန်းစင်ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။