ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ရုံကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းရာ DKBA တပ်ဖွဲ့ဝင်တချို့နဲ့ လက်နက်များစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စစ်တပ်နဲ့ DKBA တပ်တွေက KNLA တပ်တွေကို စတင်ပစ်ခတ်ခဲ့ပြီးနောက်မှာ အခုလို ဝင်ရောက်စီးနင်းမှုကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“မင်းလက်ပံ ကျားဖြန့်ရုံကို ဝင်စီးတာ အတည်ပြုပါတယ်။ ကျန်တာတော့ ပြောလို့မရသေးပါဘူး။ ကျားဖြန့်ရုံ အဆောင် ၂၀ လောက်မိပါတယ်။ စစ်သုံ့ပန်းတွေလည်း မိတယ်။ ဗိုလ်တာဘောနဲ့ တပ်ပေါင်းစုပါ.. ဝင်စီးတာပါ” လို့ ကရင်စစ်ရေး သတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

KNLA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းခဲ့တဲ့ ကျားဖြန့်ရုံတွေဟာ DKBA ရဲ့ ဗိုလ်သခွားသီးကနေ ဦးစီးပြီး လုံခြုံရေးယူပေးထားတဲ့ ကျားဖြန့်ရုံတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဝင်ရောက်စီးနင်းမှုမှာတော့ KNLA နဲ့ ပူးပေါင်တပ်ဖွဲ့တွေက DKBA တပ်တွေရဲ့ လက်နက်အများအပြားနဲ့ အဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်အပြီး လက်ရှိ မင်းလက်ပံကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာလည်း ထိုင်းနိုင်ငံအတွင်းကို ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် ထိုင်းစစ်တပ်ကနေလည်း နယ်စပ်တဝိုက်မှာ အရန်သင့်အနေအထားနဲ့ ရှိနေသလို မြန်မာဘက်ကို လက်နက်ကြီး ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း DKBA တပ်ဖွဲ့နဲ့ ခေါင်းဆောင် ၄ယောက်ဖြစ်တဲ့ စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်နဲ့ စိုင်းကျော်လှတို့ကို ကျားဖြန့်အွန်လိုင်းငွေလိမ်မှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့ကို ကိုယ်စားပြုသည့် Chin Defence Force – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့တို့ကို ထိန်းချုပ်ထားတဲ့ Chin Defence Force - Kanpetlet က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမှာ စစ်မှုထမ်း အဓမ္မစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်မှုထမ်း အတင်းအဓမ္မစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း ၊ P2-3702 က ထုတ်ပြန်ထားပါတယ်။
Read More

ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူအခြေစိုက် စစ်ကော်မရှင်၏ ခမရ ၄၀၉ မှ စစ်မှုထမ်းစစ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်လာ၊ ဆုငွေကျပ် သိန်း ၅၀ စီ ချီးမြှင့်…

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ (၄၀၉) က စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင် လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဘေးသင့် ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမည်ဆိုလျှင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးမည်ဟု IEC အသိပေးကြေညာ၊ ငလျင်ဘေးကို အကြောင်းပြု ပိုမိုဆိုးရွားတဲ့ ဖိနှိပ်ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်သည်ကိုလည်း သတိကြီးစွာ တုံ့ပြန်ဖို့ IEC သတိပေး

ငလျင်ဒဏ်ခံ ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမယ်ဆိုရင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဒီနေ့မှာ အသိပေးကြေညာထားပါတယ်။
Read More

ညောင်ရွှေနှင့် ပင်လောင်းကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ရေ ၈၀ ထက်မနည်း တိုက်ခိုက်ခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနဲ့ ပင်လောင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။