စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားတွေကို လက်နက်ချဖို့ PDF ရဲ‌ဘော်တွေက ပြောဆိုခဲ့ပေမယ့် ခုခံတဲ့အတွက် စစ်ကော်မရှင်တပ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။

ဝက်လက်မြို့နယ်အတွင်း နိုဝင်ဘာ ၂၃ ရက်မနေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲမှာ စစ်ကော်မရှင်တပ်က အထိနာနေတဲ့အတွက် လေကြောင်းပစ်ကူတွေ ပေးခဲ့ရပါတယ်။

တောကြီးမြွေးပွေးအဖွဲ့ခေါင်းဆောင် ဗိုလ်တီက လူမှုကွန်ရက်ကနေ မျှဝေခဲ့တဲ့ ရုပ်သံဖိုင်အတွင်း တော်လှန်ရေးရဲဘော်တွေက လက်နက်ချဖို့ ပြောဆိုခဲ့ပေမယ့် အကြမ်းဖက်စစ်သား ၁ ယောက်က ပြန်လည်ပစ်ခတ်ပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တဲ့အတွက် ပြန်လည်ပစ်ခတ်ခဲ့ရာမှာ အကြမ်းဖက်စစ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။

Video – ဗိုလ် တီ

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကူစစ်ကြောင်းအား တိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ အထိနာ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများခဲ့ပြီး အထိနာခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နမခ က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ထွက်လာတဲ့ မိုးကာအုပ်ယာဉ် ၃ စီးနဲ့ သံပြားကာ ၁၀ စီးယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

မတ္တရာက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဆင်ကျွန်းကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူတံတားထိပ်မှာ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄‌ ယောက် သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်မှာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၁ ညနေပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ Dawei National Libration Army ထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ် ခမရ ၅၅၈ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်ရှိ  အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ ၅၅၈ တပ်ရင်းကို မတ်လ ၁ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ရေစကြိုမြို့နယ် တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ် ၈/၂၀၂၄ အ​ခြေခံစစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်အခမ်း အနားကျင်းပ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ် ၈/၂၀၂၄ အ​ခြေခံ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ တယ်လို့ Southern YSO PDF မှ နိုဝင်ဘာ ၃၀ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။