မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်သား ၁ ယောက်နဲ့ နယ်ခြားစောင့်တပ်သား ၄ ယောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းလောက်က သူတို့ ၅ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်ခရိုင်၊ နိုင်ခုံချာရီမြို့နယ်၊ ဂူမ်ဒမ်နယ်စပ်မှာ ဖမ်းဆီးခဲ့တာပါ။

နိုင်ခုံချာရီ ရဲစခန်းမှူး Masrurul Haque က “မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်သားတွေကို ဖမ်းဆီးထားကြောင်း ကျနော်တို့ သိရပါတယ်။ ဒါပေမယ့် သူတို့ကို အခုထိတော့ ရဲစခန်းကို မလွှဲပြောင်းပေးသေးပါဘူး” လို့ ပြောပါတယ်။

“ဖမ်းဆီးခံရသူတွေကို ရဲလက်ထဲ လွှဲပြောင်းပေးတာနဲ့ ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

စနေနေ့ နေ့လယ်ပိုင်းမှာ စစ်အုပ်စုလက်အောက်ခံ တပ်သား ၅ ယောက်က ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရွာသားတွေဆီမှာ ခိုလှုံဖို့ လာရောက်တောင်းခံခဲ့ကြောင်း၊ နောက်ပိုင်းမှာတော့ နယ်ခြားစောင့်စခန်းရဲ့ ကင်းလှည့်အဖွဲ့တွေက သူတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ကြောင်း ဒေသခံတွေက သတင်းထောက်တွေကို ပြောပါတယ်။

ကော့ဘဇား အမှတ် (၃၄) နယ်ခြားစောင့်တပ်မှူး ဒုတိယဗိုလ်မှူးကြီး SM Khairul Alam ကို အကြိမ်ကြိမ် ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ဘူးလို့ သိရပါတယ်။

နိုင်ခုံချာရီမြို့နယ် အုပ်ချုပ်ရေးအရာရှိ Mazharul Islam Chowdhury ကတော့ ဖမ်းဆီးခံရသူတွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ထိန်းသိမ်းထားတယ်လို့ ကြားသိရကြောင်း အတည်ပြုပါတယ်။

မူရင်းသတင်း – 5 Myanmar army, BGP members detained at Ghumdhum border

0 Shares:
You May Also Like
Read More

အမေရိကန်အကူအညီ ဖြတ်တောက်မှုဟာ မလိုအပ်ဘဲ ရက်စက်မှုများကို ဖြစ်စေတယ်လို့ လူ့အခွင့်အရေးအရာရှိ ဝေဖန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဘန်ကောက်တိုက်ပြိုကျမှုအတွက် အီတာလျံ-ထိုင်းကုမ္ပဏီဥက္ကဋ္ဌအပါအဝင် ၁၇ ဦးကို ထိုင်း ဝရမ်းထုတ်

မြန်မာလုပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့က ပြည်နယ်စာရင်းစစ်ရုံး (SAO) အဆောက်အဦး ပြိုကျမှုနဲ့ ပတ်သက်ပြီး လူ ၁၇ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။ 
Read More

အမေရိကန်ကွန်ကရက် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌများက အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ဖို့ သမ္မတဒေါ်နယ်ထရန့်ထံ တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စု ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့အတွက် အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက နိုင်ငံခြားရေးရာကော်မတီဥက္ကဌများနဲ့ လွှတ်တော်အမတ်များက သမ္မတဒေါ်နယ်ထရန့်ထံ တိုက်တွန်းခဲ့တယ်လို့ အမေရိကန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက  ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂၃ သန်း ပံ့ပိုးမယ်လို့ တောင်ကိုးရီးယားသမ္မတ ပြော

၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်ကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၂၃ သန်း ပံ့ပိုးပေးအပ်သွားမယ့် အစီအစဉ်ကို တောင်ကိုးရီးယားသမ္မတ ယွန်ဆော့ယိုလ်က အောက်တိုဘာလ ၁၁ ရက် သောကြာနေ့မှာ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်စဉ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Read More

ထိုင်းနိုင်ငံ ဒုတိယအကြိမ် စေလွှတ်သည့် ထိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မန္တလေးမြို့ကို ရောက်ရှိ

မြန်မာ့မြေငလျင်ဘေး ကူညီပေးဖို့အတွက် ထိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၂ က နေပြည်တော်ကနေ မန္တလေးမြို့ကို ရောက်ရှိပြီး ဧပြီ ၇ ရက်မှာ လုပ်ငန်းတွေစတင်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ထိုင်းမှာ ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့လို့ လွတ်မြောက်လာသည့် မြန်မာ ၉၉ ယောက် ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ခံရ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၉၉ ယောက်ကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။