စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရွာ ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း ဖြစ်စဥ်တွေကို အဓိက ဖော်ပြပေးနေတဲ့ Infinity Group တာဝန်ရှိသူထံ သိရပါတယ်။

နိုဝင်ဘာ ၂၄ ရက် ဒီမနက် ၁နာရီလောက်မှာ စစ်တပ်က ထိတွေ့တိုက်ပွဲမရှိဘဲ ကံထူးမရွာ ဆေးရုံနဲ့ ဆေးရုံအနောက် ကားဝပ်ရှော့ကို လေကြောင်းအသုံးပြုကာ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံ ၆ ယောက် သေဆုံးကာ ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ဆေးရုံထဲက ဓာတ်မှန်ဆောင်ရယ်၊ ဆေးရုံနောက်က ကားဝပ်ရှော့ကို ချသွားတာ တစ်လုံးစီချသွားတယ်။ ကျနော်သိတာတော့ လောလောဆယ်တော့ ၆ ယောက်သေတယ်ကြားတယ်။ ထိခိုက်ကတော့ ၄/ ၅ ယောက်ကြားတယ်။ အတိအကျတော့မသိဘူး။ ထိတွေ့မှုမရှိဘူး။ ဒီအတိုင်းပဲ ပစ်သွားတာ.. သေဆုံးသူနဲ့ ဒဏ်ရာ ရသူတွေက ဆေးရုံနောက်ကျောက ကားဝပ်ရှော့က အလုပ်သမားနဲ့ ကားဆရာတွေ သေတယ်လို့ ပြောတယ်” လို့ Infinity Group တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ ကံထူးမရွာ ဆေးရုံဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပိတ်ထားတာဖြစ်ပြီး ကံထူးမရွာအနေနဲ့ ၂လအတွင်း ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

“အာဏာသိမ်းပြီးကတည်းက ဆေးရုံကမလည်ဘူး။ ပိတ်ထားတာကြာလှပြီ။ ဓာတ်မှန်ခန်းကတော့ တခါတရံတော့ သူတို့လူနာရှိရင်တော့ ဓာတ်မှန်လေးဘာလေး ရိုက်တာမျိုးရှိတယ်၊ အာဏာသိမ်းပြီးကတည်းက လေယာဉ်နဲ့ ပစ်မှာစိုးလို့ ဆေးရုံကိုမဖွင့်ရဲတာ၊ ဆေးရုံမှာလူလည်းမနေဘူး”လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့တုန်းကလည်း ကံထူးမရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၈ ယောက်သေဆုံးပြီး ဒဏ်ရာရသူ အယောက် ၂၀ ထက်မနည်း ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထိုမြို့နယ်မှာစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ (၂၇၂၁) ဦး တိမ်းရှောင်နေရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဓေသခံပြည်သူ (၂၇၂၁ ဦး တိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မှာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့

ရန်ကုန်မြို့မှာ မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ - NGYSC က ၇၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ "လူ့အခွင့်‌အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ " ဘန်နာစာသား ဆွဲကိုင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်ကို အဓိကသွားလာသည့် လမ်းမကြီး ၂ခုကို စစ်ကောင်စီ ပိတ်ဆို့ထားတာကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ကာ ဒေသခံများ အခက်တွေ့နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အဓိကသွားလာတဲ့ လမ်းမကြီး ၂ခုကို စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာကာ ဒေသခံတွေ အခက်တွေ့နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ 96 Soldiers PDF – တောင်ပိုင်းတိုင်းစစ်ဒေသက တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

96 Soldiers PDF က တော်လှန်ရဲဘော်တွေအနေနဲ့ လုံခြုံရေးသတိ၊ အသိနဲ့ စစ်ဆင်ရေးတွေကို ဖော်ဆောင်နေပြီး ရှေ့တန်းစစ်မြေပြင်မှာ စဥ်ဆက်မပြတ် တာဝန်ထမ်းဆောင်နေတယ်လို့ 96 Soldiers PDF - တောင်ပိုင်းတိုင်းစစ်ဒေသက ဒီနေ့ ညပိုင်းမှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။ 
Read More

သပိတ်ကျင်းမှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လက်ပံတန်းတွင် ကင်းပတ်သည့် စစ်ကောင်စီတပ်နှင့် ပေါ်တာဆွဲသည့် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ ၂ ဦးသေပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ…

"ဒီကောင်တွေ ပြည်သူတစ်ယောက်ကို ပေါ်တာဆွဲပြီး လက်ပံတန်းရဲစခန်းကို ပြန်လာကြတာပါ။ ဘယ်ရွာထဲဆိုတာကတော့ ပြောလို့မရဘူး။ ဒလန် သတင်းပေး အန္တရာယ် ရှိလို့ပါ။ ဒီလိုနဲ့ ပေါ်တာဆွဲခံရတဲ့သူကို ရှေ့ကကောင်တွေက ကားနဲ့ အရင်ခေါ်သွားတယ်။ ကျန်ခဲ့တဲ့ကောင်တွေက ဝါးပင်အောက် ၅ ယောက်လောက် စုပြီး ကျနော်တို့ထောင်ထားတဲ့ ပဒေသာမိုင်းတွေအပေါ် လာရပ်တော့ အချိန်ကိုက်ဆွဲလိုက်တာပါ။ မိုင်းက ၁ လုံးပဲ ကွဲလိုက်ပါတယ်။ မျက်စိရှေ့တင် ထိခိုက်လဲကျကုန်ပါတယ်။ " လို့ တပ်ရင်း (၃၈၀၁) တပ်ထောက်ဌာန ၊ Simple PDF တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။