စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း အင်အား ၁၈၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ နောက်ပြန်ဆုတ်ပြေးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ခင်ဦးမြို့နယ်က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၃ ရက် မနေ့နေ့လယ်ပိုင်းက ခင်ဦးမြို့နယ် မုံလှကျေးရွာအတွင်း ၄ ရက်ကြာ တပ်စွဲထားပြီး ပျဉ်ထောင်ရွာသို့ ထွက်လာတဲ့ ကန့်ဘလူနည်းဗျူဟာ ၃၃၂၊ ခမရ ၁၁၁ နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၈၀ ခန့်ကို လမ်းခုလတ်တစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ အများအပြားသေဆုံးတာကြောင့် အလောင်းတွေကို ချန်ထားရစ်ကာ မုံလှရွာသို့ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာမှာ ငါးကြင်းမြှီး ၁ လက်၊ MA-1 ၁၀ လက်၊ MA-2 ၃ လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ MA-3 ၃ လက်၊ MA-4 ၁ လက်၊ G-3 ၄ လက်၊ MAS Sniper ၁ လက်၊ M1- ၅ လက်နဲ့ ဆက်စပ်ကျည်ခဲယမ်းအစုံ အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမှတ် (၂) ရွှေဘိုခရိုင်၊ အမှတ် (၃) တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် (၁) (၂) (၃)(၄) (၅) ပကဖတွေနဲ့ ခင်ဦးမြို့နယ် ပလဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Zayar Aung

0 Shares:
You May Also Like
Read More

ခရစ္စမတ်နေ့မှာ မိုးဗြဲမြို့ပေါ် စစ်တပ် ဒရုန်းနဲ့ ဗုံးကြဲလို့ နေအိမ်အလုံး ၅၀ ကျော် ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ပေါ် ရပ်ကွက်ကို ဒီနေ့ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ နေအိမ်အလုံး ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

PDF Zoland ရဲဘော် သင်တန်းသူ၊ သင်တန်းသားတွေရဲ့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းပုံရိပ်တွေကို ထုတ်ပြန် (ရုပ်/သံ)

ခက်ခဲကြမ်းတမ်းတဲ့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကို တက်ရောက်သင်ကြားနေတဲ့ ရဲဘော် သင်တန်းသူ၊ သင်တန်းသားတွေရဲ့ လေ့ကျင့်ရေး ပုံရိပ်တွေကို PDF Zoland မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

PRA-Magway က ကပစ-၁၄ ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်စဉ် ထိခိုက်ပျက်စီးမှုတွေကို စစ်သုံ့ပန်းအဖြစ်ဖမ်းမိထားတဲ့ တပ်ကြပ်ရွှေဥအားမေးမြန်းချက် (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ ဝမ်ဗိုက်လို့တင်စားကြတဲ့ ကပစ-၁၄ ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်စဉ် ထိခိုက်ပျက်စီးမှုတွေကို ကပစ-၁၄ မှ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကြပ် ရွှေဥအား မေးမြန်းချက်ကို PRA-Magway မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် စစ်ကြောင်းထိုးရန် ရောက်ရှိနေသည့် စစ်ကော်မရှင်တပ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာတောင်ဘက် စစ်ကော်မရှင်ဂိတ်မှာ စစ်ကြောင်းထိုးဖို့ ရောက်ရှိနေတဲ့ စစ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

MLA ၏ ကျန်းမာရေးဌာနမှ စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်း ပြုလုပ် (ရုပ်/သံ)

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ ကျန်းမာရေးဌာနက ဦးစီးပြီး စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားများစွာ အလံဖြူထောင် အညံ့ခံခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ (ရုပ်/သံ)

ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) ကို ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းက အာရက္ခတပ်တော် AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ရာပေါင်းများစွာ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။