တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်အုပ်စု ကား ၂ စီးကို ဖြတ်တောက်တိုက်ခိုက်ရာ ပျူစောထီးနဲ့ ရဲ ၅ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေနဲ့ ကား ၁ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၂၃ ရက် မနေ့က မနက်ပိုင်းမှာ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ဘုရားထွက်ကျေးရွာကနေ ပဲ့တိုင်ကျေးရွာ ပျူစောထီးစခန်းဆီ လက်နက်ခဲယမ်းတွေ တင်ဆောင် မောင်းနှင်လာတဲ့ ကား ၂ စီးကို တော်လှန်ရေးတပ်တွေက ယမုံကျေးရွာအနီး လမ်းပိုင်းမှာ ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးနဲ့ ရဲတွေလိုက်ပါလာတဲ့ ရှေ့ဆုံးကား ၁ စီးကို တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ချိန် ကားပေါ်က စစ်အုပ်စုတွေ ထိခိုက်ဒဏ်ရာရရှိပြီး ခဲမိုင်းချောင်းအတွင်း ပြုတ်ကျခဲ့ကြောင်းနဲ့ အဆိုပါကားကို စီးနင်းထိန်းသိမ်းကာ နောက်ကလိုက်ပါလာတဲ့ စစ်အုပ်စုကားကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုပကဖက ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ပျူစောထီးနဲ့ ရဲ ၅ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရရှိသည့် လက်နက်များနှင့်အတူ တွေ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ

“ပဲ့တိုင်ကို လက်နက်ခဲယမ်းသွားပို့ကြတာ ဘုရားထွက်က ထွက်လာတာ၊ ပျူစခန်းရှိတယ်။ အဲ့ဒါ Town Ace ကားပါ။ ၂ စီးပေါင်း အင်အား ၁၅ ယောက်လောက် ပါတယ်။ ပစ်ခတ်မှုက မိနစ် ၂၀ လောက် ကြာတယ်။ ကျနော်တို့တိုက်ခိုက်မှုကြောင့် ကျန်တဲ့ ၁ စီးက ပဲ့တိုင်ရွာကို မရောက်ဘဲ ဘုရားထွက်ကိုပဲ ပြန်ဆုတ်သွားပါတယ်။” လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပျူစောထီးကားနဲ့အတူ (၆၀) မမ မော်တာပြောင်း ၁ ခု၊ (၆၀)မမ ကျည်သီး ၅ လုံး ၊ ၉ မမ ကျည် (၃၈) တောင့်၊ နာနတ်သီးလက်ပစ်ဗုံး (၂) လုံး၊ အူဇီကျည်ဘောက် ၂ ဘောက်၊ ဓားမြှောင် ၁ ချောင်း၊ ဖုန်း ၁ လုံး၊ ပျူစောထီးယူနီဖောင်း (၁) စုံကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ကျွန်းစုပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း ကားဒါရိုက်ဘာနဲ့ ပျူစောထီးအဖွဲ့ဝင်ဟောင်း ဆိုသူ ၂ ယောက်ကိုလည်း တော်လှန်ရေးတပ်တွေက ဖမ်းဆီးထိန်းသိမ်းထားနိုင်ပြီး အရေးယူဆောင်ရွက်နိုင်ဖို့ စစ်ဆေးနေကြောင်း သူက ဆက်ပြောခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရရှိသည့် လက်နက်များ
0 Shares:
You May Also Like
Read More

MDY-PDF စိုးမိုးနယ်မြေမှ သီတင်းကျွတ် လပြည့်ည (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ဘုတလင်တွင် နယ်မြေရှင်းလင်းရေးလုပ်မည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး အယောက် ၄၀ ထက်မနည်း သေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ထုတ်ပြန်ပါတယ်။
Read More

ရေဘေးသင့်ဒေသတွေမှာ ဧရာဝတီတိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ ကယ်ဆယ်ရေးနဲ့ လှူဒါန်းမှုတွေလုပ်နေ

ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နေတဲ့ ကျေးရွာတွေကို ဧရာဝတီတပ်ရင်း၃ စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ရေဘေးကယ်ဆယ်ရေးအပြင် စားနပ်ရိက္ခာ လှူဒါန်းမှုတွေကိုပါ ပြုလုပ်နေကြကြောင်း သိရပါတယ်။ ရေဘေးသင့်ပြီး စားရေးသောက်ရေးအခက်အခဲ ဖြစ်နေကြရတဲ့ ပြည်သူတွေကို အဝတ်အထည်၊ သောက်ရေသန့်နဲ့ စားစရာတွေကိုပါ လှူဒါန်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

လုံခြုံရေး စစ်ဆေးမှုလုပ်ဆောင်နေသည့် တော်ဝင်ဒေါင်းတပ်ရင်း အမျိုးသမီးစစ်သည်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ တော်ဝင်ဒေါင်းတပ်ရင်းက အမျိုးသမီးစစ်သည်တချို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါ စစ်ကြောင်းက ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

ပွင့်ဖြူမြိုနယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်သား ၁၉ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ နှစ် ကလေးငယ်အပါ ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။