ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းရှင်းလင်းခဲ့ရာမှာ ၅ ရက်အတွင်း နိုင်ငံခြားသား ၁၇၄၆ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး အာဖရိကတိုက်ရှိ မထင်မရှားနိုင်ငံငယ်က လူတွေလည်း ပါဝင်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြဝတီ-မဲထော်သလေး (KK Park) နဲ့ ရွှေကုက္ကိုလ်နယ်မြေရှိ ကျားဖြန့်လုပ်ငန်းတွေကို ဖယ်ရှားရှင်းလင်းတဲ့ လုပ်ငန်းစဉ်အတွင်း အခုလို နိုင်ငံခြားသားတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေအပြင် အာဖရိကတိုက် နိုင်ငံငယ်တချို့ဖြစ်တဲ့ ဘီနင်၊ ဘူယွန်ဒီ၊ တိုဂို စတဲ့ နိုင်ငံက နိုင်ငံသားတွေအထိပါ ပါဝင်နေခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေထဲမှာ တရုတ်၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံသားတွေ အများဆုံးပါဝင်ပြီး ကျန်တဲ့ အများစုက အရှေ့တောင်အာရှနဲ့ အာဖရိကတိုက်တွင်း နိုင်ငံတွေက နိုင်ငံသားတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၁၈ ရက်ကနေ ၂၃ ရက်ထိ ရွှေကုက္ကိုလ်နယ်မြေ ကျားဖြန့် လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား စုစုပေါင်း  ၁၇၄၆ ယောက်နဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ အသုံးပြုတဲ့ ကွန်ပျူတာ ၂၈၉၃ လုံး၊ မိုဘိုင်းဖုန်း ၂၁၇၅၀ လုံး၊ star Link ဘန်း ၁၀၁ လုံး၊ Router ၂၁ လုံး နဲ့ လုပ်ငန်းသုံးပစ္စည်း အများအပြားကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေအနက် Online Scam Center လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူတွေနဲ့  နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ်ဖမ်းဆီးပြီး အရေးယူနိုင်ဖို့ ဆောင်ရွက်နေသလို  လူကုန်ကူးခံရတဲ့  နိုင်ငံခြားသားတွေကို သက်ဆိုင်ရာ နိုင်ငံဆီ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်နေတယ်လို့ အကြမ်းဖက်စစ်တပ်က ဆိုပါတယ်။
 

နောက်ကွယ်က ကြိုးကိုင်နေသူတွေကို ဖော်ထုတ်ဖမ်းဆီးမယ်လို့ စစ်ကော်မရှင်က ကြေညာပေမယ့် တကယ်တမ်း ကျားဖြန့်တွေကို စီးနင်းမယ်လို့ သတင်းလွှင့်လိုက်တဲ့အခါ လက်အောက်ငယ်သား ဝန်ထမ်းတွေသာ အုံနဲ့ကျင်းနဲ့ ထွက်ပြေးကြပြီး တကယ့် ခေါင်းဆောင်ပိုင်း သူဌေးတွေကိုတော့ စစ်အုပ်စုနဲ့ လက်အောက်ခံ BGF က ကြိုတင်ပြောင်းရွှေ့ပေးထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဒါ့အပြင် KK Park နယ်မြေအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် အသုံးပြုတဲ့ အဆောက်အအုံ ၆၃၅ လုံးကို ဆက်လက်ဖြိုချ ဖျက်ဆီးနေခဲ့ရာမှာ နိုဝင်ဘာလ ၂၃ ရက် မနေ့ကအထိ တရားမဝင် အဆောက်အအုံ ၂၁၇ လုံး ဖြိုချပြီးပြီလို့ ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ MOI)

0 Shares:
You May Also Like
Read More

ရဲထွက် အုပ်ကြီးနှင့် လူမိုက်အဖွဲ့ရှိသည့် မြောက်ဥက္ကလာ ၂၂ ရပ်ကွက်ရုံးကို ဖောက်ခွဲတိုက်ခိုက် 

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂၂) ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေးအဖွဲ့တွေက မိုင်း၊ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ထံက သိရပါတယ်။ 
Read More

မိတ္ထီလာမြို့ စစ်ကောင်စီ ရှမ်းတဲလေတပ်စခန်းနဲ့ စခန်းတချို့ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

မန္တလေးတိုင်း မိတ္ထီလာမြို့ ရှမ်းတဲလေတပ်စခန်းအပြင်ဘက် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် တပ်မ ၉၉ နဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကပစတပ်တွေကို တော်လှန်ရေးအင်အားစုတွေဘက်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရတနာပုံတပ်ဦးနှင့် ၉/တွဲလက်များ ထောက်ပို့အင်အားစုတို့ ပူးပေါင်းပြီး စစ်ဘေးရှောင်နှင့် ဒေသခံပြည်သူများကို အခမဲ့ဆေးဝါးကုသပေးခဲ့ (ဓာတ်ပုံသတင်း)

ရတနာပုံတပ်ဦးနဲ့ ၉/တွဲလက်များ ထောက်ပို့အင်အားစု တို့ ပူးပေါင်းပြီး အခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုပေးခြင်း ဒုတိယအပတ်အဖြစ် စစ်ဘေးရှောင်နဲ့ ဒေသခံပြည်သူတွေကို နယ်မြေခံတိုက်နယ်ဆေးအဖွဲ့ရဲ့ ကူညီအားဖြည့်ပေးမှုနဲ့အတူ အခမဲ့ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ရတနာပုံတပ်ဦးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုမြို့နယ်အတွင်း စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

BPLA အညာစစ်ဒေသ လေ့ကျင့်တည်ဆောက်ခဲ့မှု (ဓာတ်ပုံသတင်း)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အမှတ် (၃၀၈) အညာစစ်ဒေသ ဖြစ်တည်လာဖို့ လေ့ကျင့်တည်ဆောက် ဖြတ်သန်းခဲ့ရတဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မန္တလေးတိုင်းတွင် ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ဦး သေဆုံးခဲ့

မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ပထမ ၆ လတာခန့်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။