စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာမှာ ၄ရက်ကြာ အထိုင်ချ တပ်စွဲပြီးတဲ့နောက် ပျဥ်ထောင် ပျူစောထီးကျေးရွာကို စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စု အများအပြားကျဆုံးကာ အထိနာခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက် မနေ့ နေ့လယ်ပိုင်းက ကန့်ဘလူအခြေစိုက် နည်းဗျူဟာ ၃၃၂၊ ခြေမြန်တပ်ရင်း ၁၁၁ နဲ့ ကန့်ဘလူပျူစောထီး စုစုပေါင်း အင်အား ၁၈၀ ခန့်ပါ အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မုံရွာ-ပျဥ်ထောင် လမ်းခုလတ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံး တပ်ပျက်တဲ့အထိ အသေအဆုံးများခဲ့ကာ အလောင်းတွေ ချန်ရစ်ခဲ့ပြီး မုံလှယာယီအခြေစိုက်စခန်းဆီ ကစဥ့်ကလျား တပ်ဆုတ်ပြန်ပြေးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုထံက ငါးကြင်းမြှီး ၁ လက်၊ MA-1 ၁၀ လက်၊ MA-2 ၃ လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ MA-3 ၃ လက်၊ MA-4 ၁ လက်၊ G-3 ၄ လက်၊ MAS Sniper ၁ လက်၊ M1- ၅ လက်နဲ့ ဆက်စပ်ကျည်ခဲယမ်းအစုံ အများအပြား သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမှတ် (၂) ရွှေဘိုခရိုင်၊ အမှတ် (၃) တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် (၁) (၂) (၃) (၄) (၅) ပကဖတွေနဲ့ ခင်ဦးမြို့နယ် ပလဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ခင်ဦးပကဖ)

0 Shares:
You May Also Like
Read More

ပြည်သူကို ဗဟိုပြု တော်လှန်လူထု လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ် (ဓာတ်ပုံသတင်း)

ရန်ကုန်အခြေစိုက် တော်လှန်လူငယ်တွေက “'ပြည်သူကိုဗဟိုပြု တော်လှန်လူထု” ဆိုတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့တစ်နေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

မင်းကွန်းတွင် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ခလရ (၁၁၆) မှ ဗိုလ်ကြီး မင်းထွန်းစိုးအပါ ၅ ဦး သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်မှာ အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာ ခလရ (၁၁၆)က ဗိုလ်ကြီးမင်းထွန်းစိုးအပါအဝင် စစ်သား ၅ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတချို့ ရရှိခဲ့တယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့-UGF က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၊ ချောင်းဦးမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနှင့် ဗုံးသီးကြဲချတိုက်ခိုက်နေ

စစ်ကိုင်းတိုင်းရှိ မြင်းမူ၊ ချောင်းဦး ၊ မုံရွာ စတဲ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ မြင်းမူမြိုနယ်သတင်းမှန်ပြန်ကြားရေးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ခလရ ၂၅၈ တပ်ရင်းမှ စစ်မှုထမ်းဆင်း စစ်သား ၁ ဦး သေနတ် ၁ လက်နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အခြေစိုက် ခလရ ၂၅၈ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ဟာ သေနတ် ၁ လက် ယူဆောင်ပြီး အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်က ထုတ်ပြန်ပါတယ်။
Read More

ဝါဒဖြန့်ရန် ခပ်မြန်မြန် ဓာတ်ပုံရိုက်ရင်း အကြမ်းဖက်စစ်သားများ ခပ်မြန်မြန်ပဲ သေဆုံးသွား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မင်းပြင်ရွာမှာ စစ်တိုက်တုန်းက မသေခဲ့တဲ့ အကြမ်းဖက်စစ်သားတွေ ဝါဒဖြန့်ဖို့ အုပ်စုလိုက် ဓာတ်ပုံရိုက်နေရင်း ရခိုင့်တပ်တော် AA ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အစုလိုက်အပြုံလိုက် သေသွားခဲ့ပါတယ်။
Read More

အင်းလေး PDF က တောင်ရိုး အမျိုးသားများ၏ (၁၆)ကြိမ်မြောက်အမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်…

မတ်လ(၁)ရက်၊ တပေါင်းလဆန်း(၃)ရက် ဒီနေ့မှာ ကျရောက်တဲ့ တောင်ရိုး အမျိုးသားတွေရဲ့ (၁၆) ကြိမ်မြောက်အမျိုးသားနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊အမှတ်(၁၀၀၉)တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တောင်ရိုးအမျိုးသားနေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။