ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင်က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်သား၊ ရဲနဲ့ ပျုစောထီး ၅ ယောက် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က နိုဝင်ဘာလ ၂၃ ရက် မနက် ၉ နာရီဝန်းကျင်အချိန်မှာ အဆိုပါ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဆေးရေး ဂိတ်စခန်းမှာရှိနေတဲ့ စစ်သား၊ ရဲနဲ့ ပျုစောထီး ၅ ယောက်သေဆုံးပြီး လက်နက်တချို့ ရရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးသတင်းရင်းမြစ်တစ်ယောက်က “သတင်းကတော့ မှန်ပါတယ်။ သတင်းထုတ်ပြန်ပါမယ်။ လုံခြုံရေး ကိစ္စရှိနေလို့ပါ” လို့ ဆိုပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာလည်း “ကြည်စုရွာမှ မောင်းနှင်လာသော FAW ကား (၁) စီးအား နေရာတွင် ရပ်တန့်စစ်ဆေးစဉ် ယာဉ်ပေါ်မှ PDF အကြမ်းဖက်သမား (၁၅) ဦးခန့်သည် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့” လို့ ရေးသားဖော်ပြထားတာတွေ တွေ့ရပါတယ်။

ဒါ့အပြင် ရဲ ၁ယောက်နဲ့ ပျူစောထီး ၄ဦး သေဆုံးခဲ့ကြောင်း၊ ဘီအေ-၆၃ (၁) လက်၊ ဘီအေ-၆၄ (၁) လက်၊ အမ်အေ-၁၃ (၁) လက်တို့ ပျောက်ဆုံးလျက်ရှိကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားကြပါတယ်။

အဆိုပါ စစ်ဆေးရေးဂိတ်ဟာ ကြို့ပင်ကောက်မြို့နဲ့ မီတာ ၃၀၀ ခန့်အကွာမှာရှိပြီး ကြို့ပင်ကောက် နယ်မြေစခန်းက ဒုရဲအုပ် ကျော်ဇင်ထွန်း၊ ပျူစောထီး ဦးသိန်းဝင်း အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင် ၆ ယောက် လမ်းသွားလမ်းလာတွေကို စစ်ဆေးနေစဉ် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ စစ်တပ်လော်ဘီ ချန်နယ်များ)

0 Shares:
You May Also Like
Read More

ဘောလခဲ မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးနဲ့ ရဲတပ်ကြပ်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ ဘောလခဲ PDF ထံ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက်နဲ့ ရဲတပ်ကြပ် ၁ ယောက်ဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီ ဒီဇင်ဘာလအတွင်း အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲ​များ ဆက်လက်ပြင်းထန်​နေပြီး မြို့ပေါ်နေရာအများစုကို စစ်တပ် ပြန်လည်ထိန်းချုပ်​ထားဟု ဆို

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး(MDY PDF) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက နေရာအများစုကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်နဲ့ စစ်ကောင်စီ လော်ဘီမီဒီယာတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း NUG စိုးမိုးနယ်မြေများမှာ ငလျင်ဘေး၊ မီးဘေးနဲ့ စစ်ဘေးသင့် ပြည်သူများကို ကုန်ခြောက်ရိက္ခာများ ထောက်ပံ့… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်းရှိ ငလျင်ဘေးသင့်၊ မီးဘေးသင့်နဲ့ စစ်ရှောင်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကိုင်းမြို့နယ်အခွန်တော်အရာရှိနဲ့ တာဝန်ရှိသူတွေက ဆန်၊ ဆီနဲ့ ပဲတွေ ပေးပို့ထောက်ပံ့ပေးခဲ့တယ်လို့ NUG အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းဘူးမြို့အနောက်မြောက်ဘက် အိုးပြင်မဲရွာကို ခလရ ၈၈ စစ်ကြောင်း မီးဝင်ရှို့၊ နေအိမ်၂၀ ကျော် မီးလောင်ပျက်စီး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ခလရ ၈၈ အကြမ်းဖက်စစ်သားတွေက မြို့အနောက်မြောက်ဘက် အိုးပြင်မဲကျေးရွာကို စစ်ကြောင်းဝင်မီးရှို့ရာ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း မင်းဘူးခရိုင် ပကဖ ထောက်လှမ်းရေးက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေး လုပ်ဆောင်ပေးနေသည့် ထွေအုပ်ရုံးများခပ်စိပ်စိပ်တိုက်ခိုက်ခံလာရ…

" ရွေးကောက်ပွဲဖြစ်မြောက်ဖို့ လုပ်နေတဲ့ နေရာတွေ အခုလထဲမှာ တိုက်ခိုက်ခံရတာတွေ ပိုဖြစ်လာတာ တွေ့ရပါတယ်။ နောက်ပြီး UG တွေရဲ့ မစ်ရှင်ထုတ်ပြန်ချက်တွေမှာလည်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ကြိုးပမ်းနေသူတွေကို ဆက်တိုက် တိုက်ခိုက်သွားမယ်လို့ ပြောထားကြတယ်” လို့ Rangoon Scout Network တာဝန်ရှိသူကမောင်းကိုပြောပါတယ်။
Read More

ဝမ်းတွင်းတွင် မြို့တွင်းမြို့ပြင် ကျေးရွာအနှံ့ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမှု ဆိုးရွား များပြားလာ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်အုပ်စုရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြန်လည်ဆိုးရွားလာသလို တအိမ်တက် တအိမ်ဆင်း လက်ကိုင်ဖုန်းတွေပါ စစ်ဆေးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။