စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာအနီးရှိ ရွှေမျောလုပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက် မနေ့ နေ့လယ်ပိုင်းက လောင်းပြည့်ကျေးရွာ ‌ရွှေမျောလုပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်၊ စက်တပ်လေထီးနဲ့ ၂ ကြိမ် လာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဗုံးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ပြီး အချို့ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွှေမျောဖောင်တချို့ မြစ်ထဲ နစ်မြုပ်ခဲ့ပြီး မီးလောင်ပျက်စီးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

Video – Ñăÿ Őõ

0 Shares:
You May Also Like
Read More

တောင်သာမြို့အနောက်ဘက် စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း ‌‌တောင်သာမြို့ အနောက်ဂိတ် ‌(ခေါ်) သံလမ်းဂိတ်ကို တော်လှန်ရေးတပ်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Scorpions People Defense Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် ဌာနဆိုင်ရာရုံးများ ပြန်ဖွင့်ရန်လာသည့် Non-CDM များလိုက်ပါရာ စစ်အုပ်စုယာဉ်တန်း တိုက်ခိုက်ခံရပြီး နောက်ပြန်လှည့်ပြေး (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဌာနဆိုင်ရာရုံးတွေ ပြန်လည်ပတ်နိုင်ဖို့ Non-CDM ဝန်ထမ်းတွေကို လိုက်ပါပို့ဆောင်တဲ့ စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ထီးကလယ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၄ ဦးအား ဖမ်းဆီးရမိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထီးကလယ်စစ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲဘော်တွေကို ပြည်သူများက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင် စစ်ဆင်ရေး (Operation CB) နဲ့အတူ ပါ ဝင်တိုက်ခိုက်ပြီး အောင်ပွဲနဲ့အတူ ပြန်လာတဲ့ အမျိုးသားလွတ်မြောက်‌ရေးတပ်တော် (NLA) ရဲဘော် တွေကို ပြည်သူတွေက အောင်သပြေပန်းနဲ့အတူ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်အတွင်း ပြည်သူတွေ သွားလာရအဆင်ပြေစေဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကျောက်ချောလမ်း ပြုပြင်ဖောက်လုပ်ပေး (ရုပ်/သံ)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်း တစ်နေရာမှာ မိဘပြည်သူတွေ အချိန်တိုအတွင်း စိတ်ချမ်းသာစွာ သွားလာနိုင်ရေး မီတာ ၇၀၀၀ အရှည်၊ အကျယ် ၂၈ ပေရှိတဲ့ ကျောက်ချောလမ်းပြုပြင်ဖောက်လုပ်ပေးခဲ့တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် “No Vote” လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်က လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ "No Vote" လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers က ဒီနေ့ ထုတ်ပြန်ထားပါတယ်။