မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စခန်းကုန်း၊ ဂိတ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့သလို ပျူစောထီး ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Earthquake People’s Defence Force က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ပခုက္ကူခရိုင် မြစ်ခြေမြို့ လက်ပံချောင်းကျေးရွာ ဘုန်း ကြီးကျောင်းမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအနောက်ဘက် ကာကင်းစခန်းကုန်း၊ စာသင်ကျောင်း၊ စစ်တပ်ဂိတ်နဲ့ လက်ပံ ချောင်းစက်လှေတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁ ရက်မှာလည်း ပခုက္ကူခရိုင် ကံရပ်ရွာ၊ တန့်ကြည်ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို တန့်ကြည်ရွာဘုန်းကြီးအနီး တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ မနက်တစ်ကြိမ်၊ ညနေပိုင်း တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားတွေ အထိနာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၂ ရက်မှာ ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ရွာအနီး အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းမှာလည်း မြိုင်မြို့နယ် စက်မှု ၂ ကနေ ဝက်ပုပ်ရွာအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်ခန့် သေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ စက်မှု ၂ သို့ ဆုတ်ခွာသွားပြီး အရပ်သားပြည်သူ အမျိုးသား ၁ ယောက်နဲ့  အမျိုးသမီး ၁ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၆ ရက်မှာလည်း ပခုက္ကူမြို့နယ် တင်းဂတ်ရွာက ပျူစောထီးဒုခေါင်းဆောင် ၁ ယောက်နဲ့ အပေါင်းအပါ ၁ ယောက်ကို တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အထက်ပါစစ်ဆင်ရေးတွေကို Earthquake People’s Defence Force ၊ ပခုက္ကူခရိုင် Local တပ်ရင်း- ၁(PDLB)  နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Earthquake People’s Defence Force

0 Shares:
You May Also Like
Read More

ဖလမ်းမြို့နယ်အတွင်း တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီး (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာ တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ CNO/CNDF ပြောရေးဆိုခွင့် ရှိသူ ဆီက သိရပါတယ်။ 
Read More

ခရီးသွားပြည်သူတွေကို ဂိတ်ချပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ယောက်သေ၊ သေနတ် ၁ လက်ရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ဟားလီကွေ့မှာ ဂိတ်ချပြီး ခရီးသွား ပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ တယ်လို့ Federal Polaris Force အဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် PDF ရဲဘော် ၃ ဦး၏ နာရေး (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ PDF ရဲဘော် ၃ ယောက်ရဲ့ နာရေးစျာပန ပြုလုပ်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းထံက သိရပါတယ်။
Read More

မုံရွာမြို့ ရတနာပစ္စည်းအရောင်းဆိုင် လက်နက်ကိုင် ခြိမ်းခြောက်ဓားပြတိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့ မြဝတီရပ်ကွက် မေတ္တာလမ်းသွယ် ၁ ရှိ ရတနာပစ္စည်းအရောင်းဆိုင်အား စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်း လက်နက်ကိုင်လူတစ်စုက အနုကြမ်းစီးခြိမ်းခြောက်ဓားပြ တိုက်သွားခဲ့တယ်လို့ ‌သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ မပေါက်ကွဲသေးသည့် ဗုံးသီးများကို ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်အသုံးပြုခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေကို ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ T5 Wings အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဆဒုံးမြို့ကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှု ကလေးငယ်များအပါ ပြည်သူ ၈ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ကို အကြမ်းဖက်စစ်ကော်မရှင်က စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအများအပြားသေဆုံးပြီး ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။