Earthquake People’s Defense Force က ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်အတွင်း စစ်ရေးလှုပ်ရှားမှု တိုက်ပွဲအခြေအနေတွေကို သတင်းထုတ်ပြန်လာပါတယ်။ 

စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၅း၃၀ အချိန်က မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့၊ လက်ပံချောင်း ‌ကျေးရွာမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းကို မိနစ်အနည်းငယ်အတွင်းမှာပဲ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဘုန်းကြီးကျောင်း အနောက်ဖက်က ကာကင်းစခန်းကုန်း၊ စာသင်ကျောင်း၊ စစ်တပ်ဂိတ်နဲ့အတူ  လက်ပံချောင်း စက်လှေဆိပ်ကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အောက်တိုဘာလ ၁ ရက်နေ့မှာ ပခုက္ကူခရိုင်၊ ကံရပ်ရွာ၊ တန့်ကြည်ရွာကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တန့်ကြည်ရွာ ဘုန်းကြီးကျောင်းအနီးမှာ မဟာမိတ်တပ်တွေနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ပြီး အောက်တိုဘာ ၃ရက်ကနေ ၅ရက်နေ့ထိ  ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က အထိနာသွားတာကြောင့် ပါရာမော်တာ ၄ စီးနဲ့ ဗုံးသီး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

နိုဝင်ဘာ ၁၂ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာလည်း မြိုင်မြို့နယ်၊ စက်မှု ၂ ကနေ ဝက်ပုပ်ရွာအတွင်း စစ်တပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၅ယောက် ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၂ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ 

တိုက်ပွဲဖြစ်ပွားတဲ့နေ့မှာ စစ်တပ်ထံက တပ်သားအလောင်းတချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ပြီး အထိနာသွားတဲ့ စစ်ကြောင်းဟာ စက်မှု ၂ ကို ပြန်လည်ဆုတ်ခွာခဲ့ရာ လမ်းမှာ အရပ်သား ပြည်သူ အမျိုးသား ၁ ယောက်၊ အမျိုးသမီး၁ယောက်ကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် နိုဝင်ဘာ၁၆ရက်‌နေ့မှာ ပခုက္ကူမြို့နယ်၊ တင်းဂတ်ပျူရွာက ပျူစောထီးဒုခေါင်းဆောင်ဆိုသူ ၁ယောက်နဲ့ အပေါင်းအပါ ၁ယောက် အရပ်သားပြည်သူတွေကို ပေါ်တာဆွဲဖို့ ထွက်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့က အမိအရ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

အထက်ဖော်ပြပါ တိုက်ပွဲတွေကို Earthquake People’s Defense Force ၊ ပခုက္ကူခရိုင် Local တပ်ရင်း- ၁ (PDLB) နဲ့ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လေကြောင်း အန္တရာယ်ကို အထူးဂရုစိုက်ကြဖို့၊ စစ်ရေးအသိ သတိရှိကြဖို့လည်း Earthquake People’s Defense Force က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မြိတ်ခရိုင်အတွင်း ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်း ပုလော၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို လိုက်နာဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၂ က တိုက်တွန်းထားပါတယ်။
Read More

ရေဦးမှာ တိုင်းရင်းဆေးရုံထဲအထိုင်ချထားတဲ့ စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးမှန်လို့ လယ်ထဲပေါင်းနုတ်နေတဲ့ အမျိုးသမီး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့လို့ ပေါင်းနုတ်နေတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ဗမာ့တပ်တော်ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

အညာဒေသအခြေစိုက် ဗမာ့တပ်တော် - BAMAR ARMY အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဥ် ( ၂/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စုအတွက် စစ်မှု‌ထမ်းကြေး ကောက်ခံပေးသည့် ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြောက်ကုန်းကြီးအုပ်စုမှာ အကြမ်းဖက်စစ်‌ကော်မရှင်တပ်သား‌တွေအတွက် စစ်မှုထမ်းကြေး ကောက်ခံပေးနေတဲ့ ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadowက မောင်းကို ပြောပါတယ်။
Read More

စိတ်ရင်းစေတနာကောင်းနဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်၊ အဂတိလိုက်စားသူရဲ့ ပိုင်ဆိုင်မှုကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံအတွက် စိတ်ရင်းစေတနာကောင်းကို အရင်းခံပြီး အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်လို့  ပြောကြားလိုက်ပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း စစ်အုပ်စုမှ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ စစ်သုံ့ပန်း ၁၂၅ ဦး အထိရှိ

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်သား အရေအတွက် ၁၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။