စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးမြို့နယ်ထံက သိရပါတယ်။

နိုဝင်ဘာ ၂၃ရက် ဒီမနက် ၁၀ နာရီခွဲလောက်မှာ မုံလှရွာထဲမှာ ယာယီတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ရွာထဲဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန် ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့တာပါ။

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူတွေ များပြားခဲ့သလို တော်လှန်ရေးရဲဘော် ၁ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ ထမင်းချက်ပြီး ဝိုင်းဖွဲ့ထိုင်နေတဲ့အချိန်မှာ ဝင်ပစ်တာ၊ မုံလှရွာထဲအထိ ဝင်ပစ်တာ။ ထမင်းချက်နေတဲ့ဟာတွေနဲ့ အိမ် ၂လုံးကဟာတွေကတော့ ပြုတ်တယ်။ သူပစ်ကိုယ်ပစ် ပစ်တဲ့အချိန်မှာ ခေါင်းဆောင်က ထိသွားတော့ ပြန်ဆုတ်ခဲ့ရတယ်။ ပေါင်ကို ထိမှန်သွားတာ မစိုးရိမ်ရပါဘူး” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦးမြို့နယ် တာဝန်ခံက မောင်းကို ပြောပါတယ်။

ပစ်ခတ်တိုက်ပွဲကို စစ်ကော်မရှင်ဘက်က အင်အား အများအပြားနဲ့ စစ်ကူရောက်လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ရပြီး လက်နက်တွေ ကောက်ယူနိုင်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

“မုံလှရွာက တော်တော်ကြီးတယ်။ ဧရိယာအားဖြင့် မီတာ ၁၀၀၀ လောက်ကျယ်တယ်။ သူတို့က ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း ခွဲပြီးနေကြတာ။ အင်အား ၁၀၀ လောက်က ခွဲနေတဲ့အခါမှာ ကျနော်တို့ ဒီဘက်ဝင်ပစ်လိုက်တော့ အနောက်ကနေ တက်လာလို့ ကျနော်တို့ လက်နက်ကောက်မယ့်အချိန်မှာ နောက်ကတက်လာလို့ ပြန်ဆုတ်ပေးလိုက်ရတယ်” လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

မုံလှရွာမှာ စစ်အုပ်စု အင်အား ၁၀၀ ဝန်းကျင် အထိုင်ချ တပ်စွဲထားတာ ၁ ပတ်ခန့်ရှိပြီဖြစ်ပြီး အဆိုပါ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာ ၈ ရက်ခန့်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုးမောက်နဲ့ ဗန်းမော်ကြား KIA သိမ်းပိုက်ထားတဲ့ တပ်စခန်းကို စစ်ကောင်စီ ပြန်လည်ထိုးစစ်ဆင်နေ

စစ်ကောင်စီက မိုးမောက်နဲ့ ဗန်းမော်မြို့ကြားက KIA ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်နေတယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ 
Read More

ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်လာမည်ဟု သတင်းများထွက်ပေါ်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်ကိုယ်တိုင် မြေပြင်ဆင်းမယ်လို့ ဆိုကာ တပ်လှန့်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်မှုထမ်းအပတ်စဉ် (၄) သင်တန်းဆင်း တပ်သားသစ် ၉ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာ၊ လက်နက်နဲ့အလင်းဝင်လာသူများကို သိန်း ၅၀ သိန်းစီ BNRA ဆုချ…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်ကူအဖြစ် ရောက်ရှိနေတဲ့ စစ်မှုထမ်းအပတ်စဉ် (၄) သင်တန်းဆင်း စစ်သား ၉ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာတာကြောင့်၊ လက်နက်ပါသူတွေကို ငွေကျပ်သိန်း ၅၀ စီ ဆုချီးမြှ့င်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ရောက် CDM စစ်သား၊ရဲများကို စစ်ဥပဒေဆိုင်ရာ ပညာရပ်များ ဆွေးနွေးပို့ချ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ရောက် CDM စစ်သား၊ရဲများကို လူအခွင့်အရေး၊ တရား မျှတမှု၊ စစ်ဥပဒေဆိုင်ရာ ပညာရပ်များကို ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကလေးဝမြို့နယ်၊ ဆင်အိုင်မရွာမှ ပျူစောထီးအဖွဲ့ဝင် (၁) ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီး အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် (၁) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရ လက်နက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။