မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စခန်းကုန်း၊ ဂိတ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့သလို ပျူစောထီး ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Earthquake People’s Defence Force က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ပခုက္ကူခရိုင် မြစ်ခြေမြို့ လက်ပံချောင်းကျေးရွာ ဘုန်း ကြီးကျောင်းမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအနောက်ဘက် ကာကင်းစခန်းကုန်း၊ စာသင်ကျောင်း၊ စစ်တပ်ဂိတ်နဲ့ လက်ပံ ချောင်းစက်လှေတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁ ရက်မှာလည်း ပခုက္ကူခရိုင် ကံရပ်ရွာ၊ တန့်ကြည်ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို တန့်ကြည်ရွာဘုန်းကြီးအနီး တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ မနက်တစ်ကြိမ်၊ ညနေပိုင်း တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားတွေ အထိနာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၂ ရက်မှာ ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ရွာအနီး အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းမှာလည်း မြိုင်မြို့နယ် စက်မှု ၂ ကနေ ဝက်ပုပ်ရွာအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်ခန့် သေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ စက်မှု ၂ သို့ ဆုတ်ခွာသွားပြီး အရပ်သားပြည်သူ အမျိုးသား ၁ ယောက်နဲ့  အမျိုးသမီး ၁ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၆ ရက်မှာလည်း ပခုက္ကူမြို့နယ် တင်းဂတ်ရွာက ပျူစောထီးဒုခေါင်းဆောင် ၁ ယောက်နဲ့ အပေါင်းအပါ ၁ ယောက်ကို တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အထက်ပါစစ်ဆင်ရေးတွေကို Earthquake People’s Defence Force ၊ ပခုက္ကူခရိုင် Local တပ်ရင်း- ၁(PDLB)  နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Earthquake People’s Defence Force

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ အန္တရာယ်ကွေ့စခန်းပတ်လည်မှာ ထောင်ထားတဲ့ မိုင်းကို KNDF/B-17 ရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အန္တရာယ်ကွေ့စခန်းပတ်လည်မှာ ထောင်ထားတဲ့ မိုင်းကို KNDF/B-17 က တပ်ထိန်းလှမောင် ရှင်းလင်းနေတဲ့ ရုပ်သံဖိုင်တစ်ခုကို ကရင်အမျိုးသားများ ကာကွယ်ရေးတပ် KNDF/B-17 က ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ မျှဝေလိုက်ပါတယ်။
Read More

ရွှေဘိုမြို့နယ် မြင်းချင်းပျူကျေးရွာအတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်(ရုပ်/သံ)

ရွှေဘိုမြို့နယ် မြင်းချင်းကျေးရွာအတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၁၅ ရက် ညပိုင်းအချိန်က ဝင်‌ရောက် တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ PDF ရဲဘော် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဝက်လက်-ရှိန်းမ ကားလမ်းမပေါ်မှာ စစ်သားတွေ စီးနင်းလာတဲ့ ယာဉ် ၃ စီးကို တိုက်ခိုက်မှု ၁ စီး ထိခိုက်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝက်လက်-ရှိန်းမကားလမ်းမပေါ်မှာ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ပြည်သူတွေထံက အနိုင်ကျင့်လုယူပြီး အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ယာဉ် ၃ စီးကို တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ DOUNG NI People Defence Force - DNPDF က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ကောင်းပြည့်ဆီဆိုင်အနီး အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် အကြမ်းဖက်စစ်တပ်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီ ၁၉ ရက် နေ့လည်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့ထံက သိရပါတယ်။