မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ၁၈နှစ်ပြည့်ပြီးထားတဲ့ လူငယ်တွေကို အတင်းအဓမ္မဖိအားပေးကာ ကြိုတင်မဲထည့်ခိုင်းနေသလို မဲမထည့်သူတွေကို အရေးယူသွားမှာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေကိုလည်း ကျောင်းဆက်တက်ခွင့် ရုတ်သိမ်းသွားမယ်လို့ ခြိမ်းခြောက်နေကြောင်း ပြည်သူ့ညီနောင်-စလင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ရက်နေ့က စလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ အသက်၁၈နှစ်ပြည့်ပြီးသား လူငယ် ၁၀၀နီးပါး ကြိုတင်ဆန္ဒမဲပေးခဲ့ရကြောင်း သိရပါတယ်။

မဲပေးခဲ့ရတဲ့ လူငယ်တွေဟာ ကျောင်းကြားရပ်ကွက်နဲ့ မြင်တင်ရပ်ကွက် ၂ခုက အသက် ၁၈နှစ်ပြည့်ပြီးသား လူငယ်တွေဖြစ်ကာ ဒီလိုမဲပေးနိုင်ဖို့ ကျောင်းဆရာ/ဆရာမတွေနဲ့ မဲကော်မတီအဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေက ကြိုတင်စီစဥ် လုပ်ဆောင်ခဲ့တာဖြစ်ပြီး အကြမ်းဖက် စစ်သား၊ ရဲနဲ့ ပျူစောထီးတွေက လုံခြုံရေးယူပေးခဲ့တယ်လို့လည်း သိရပါတယ်။

“ထွေအုပ်ရုံးမှာ ဆရာဆရာမတွေ၊ မဲရုံတာဝန်ရှိသူတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ရခ၊ စခတွေအပါဆို စုစုပေါင်း အင်အား ၅၀လောက်ရှိမယ်။ ၂ရပ်ကွက်ပေါင်း လူငယ်တွေ ကြိုတင်မဲထည့်ရတယ်ပေါ့။” လို့ ပြည်သူ့ညီနောင်-စလင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုက အိမ်ထောင်စုစာရင်းရှိသူတိုင်း မဲထည့်ဖို့နဲ့ မဲမပေးသူတွေကို ထောင်ဒဏ်ချမှတ်သွားမယ် ဆိုပြီး ထီးကြီးဘုရားဝန်းအတွင်း ဆိုင်းဘုတ်ထောင် ခြိမ်းခြောက်တာမျိုးတွေပါ လုပ်ဆောင်လာကြောင်း သိရပါတယ်။

စစ်အုပ်စုလက်အောက်ခံ UEC က ထုတ်ပြန်ထားသည့် တက္ကသိုလ်ကျောင်းသားကျောင်းသူများ ကြိုတင်မဲပေးနေသည့် မြင်ကွင်းတစ်ခု

ဒါတင်မကသေးဘဲ မကွေး၊  ရေနံချောင်းတို့မှာ အဝေးသင် တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ကြိုတင်မဲထည့်ရမှာဖြစ်ကြောင်းနဲ့ မဲမထည့်ရင် ကျောင်းတက်ခွင့်မပေးဘူးဆိုကာ ခြိမ်းခြောက်ထားတာကြောင့် ကျောင်းသားကျောင်းသူတွေ အခက်တွေ့နေကြကြောင်း ပြည်သူ့ညီနောင်-စလင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အခုလိုမျိုး အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မဖိအားပေးမှုတွေကြောင့် ကြိုတင်မဲထည့်ရတဲ့ နိုင်ငံတဝှမ်းက တက္ကသိုလ်ကျောင်းသား ကျောင်းသူအရေအတွက်ဟာ သုံးသောင်းနီးပါးထိရှိလာပြီလို့လည်း သိရပါတယ်။

တက္ကသိုလ်ကျောင်းသား၊‌ ကျောင်းသူတွေဟာ မဲဆန္ဒနယ်ပြင်ပကို သွားရောက်ကျောင်းတက်ရမှာဖြစ်လို့ ကြိုတင်မဲပေးဖို့ စေခိုင်းခံရတာ ဖြစ်ပါတယ်။

အလုံ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ထားဝယ်၊ မြိတ်၊ ကျွန်းစု၊ စဉ့်ကိုင်၊ လောင်းလုံ၊ လယ်ဂျာ၊ ကွယ်ဟိန်း၊ ပင်းတယ အစရှိတဲ့မြို့တွေမှာ ကျောင်းသားကျောင်းသူတွေ ကြိုတင်မဲပေးခဲ့ပြီးဖြစ်ကြောင်း စစ်အုပ်စုလက်ဝေခံ မီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။

0 Shares:
You May Also Like
Read More

 မြိုင်မြို့နယ်တောင်ပိုင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ဦး ကျဆုံး၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၇ ယောက် ကျဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်််နယ်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ဗမာ့တပ်တော်က စစ်မြေပြင် အ‌ခြေခံ ကိုယ်စီကျွမ်းကျင်မှုသင်ခန်းစာတွေ လက်‌တွေ့လေ့ကျင့်သင်ကြားနေ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ်(၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ စစ်မြေပြင် အ‌ခြေခံကိုယ်စီကျွမ်းကျင်မှုသင်ခန်းစာတွေ လက်‌တွေ့လေ့ကျင့်သင်ကြားနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ဗမာ့တပ်တော်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဖားကန့်တွင် စစ်ကော်မရှင်တပ်၏ ဖမ်းဆီးခြင်းခံရသူ များလာသလို သေနတ်ဒဏ်ရာဖြင့် သေဆုံး ရုပ်အလောင်းလည်း များပြားလာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ပြည်သူတွေ များပြားလာသလို သေနတ်ဒဏ်ရာနဲ့ သေဆုံးသူတွေလည်း များလာတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် စောရွှေမောင်းတို့ကို KNU မှ အပြီးတိုင် ထုတ်ပယ်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောမူတူးစေးဖိုးနဲ့ တပ်မဟာ (၆) ဒူးပလာခရိုင်ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောရွှေမောင်းတို့ကို KNU ကနေ အပြီးတိုင် ထုတ်ပယ်လိုက်ပြီလို့ KNU ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောတောနီးက အတည်ပြုပြောဆိုပါတယ်။
Read More

အတင်းအဓမ္မ ပြန်လည်စုဆောင်းခံရသည့် တပ်ကြပ်အပါအဝင် စစ်မှုထမ်း ၂ ဦး ရှေ့တန်းတွင် ထွက်ပြေးအလင်းဝင်

သြဂုတ်လဆန်းပိုင်းကစလို့ မုံရွာမြို့နယ် ကျောက္ကာလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲထဲကနေ စစ်မှုထမ်း ၂ ယောက် ထွက်ပြေးကာ အလင်းဝင်လာခဲ့တယ်လို့ Northwest Plains Revolutionary Forces – NPRF က ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းက ပျူစောထီးကို ဖမ်းဆီး စစ်ဆေးစဉ် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံ ပျုရွာက စစ်တပ်သတင်းပေးဖြစ်သူ ပျူစောထီး ချစ်ပိုဆိုသူကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးစဉ်မှာ ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။