Earthquake People’s Defense Force က ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်အတွင်း စစ်ရေးလှုပ်ရှားမှု တိုက်ပွဲအခြေအနေတွေကို သတင်းထုတ်ပြန်လာပါတယ်။ 

စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၅း၃၀ အချိန်က မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့၊ လက်ပံချောင်း ‌ကျေးရွာမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းကို မိနစ်အနည်းငယ်အတွင်းမှာပဲ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဘုန်းကြီးကျောင်း အနောက်ဖက်က ကာကင်းစခန်းကုန်း၊ စာသင်ကျောင်း၊ စစ်တပ်ဂိတ်နဲ့အတူ  လက်ပံချောင်း စက်လှေဆိပ်ကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အောက်တိုဘာလ ၁ ရက်နေ့မှာ ပခုက္ကူခရိုင်၊ ကံရပ်ရွာ၊ တန့်ကြည်ရွာကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တန့်ကြည်ရွာ ဘုန်းကြီးကျောင်းအနီးမှာ မဟာမိတ်တပ်တွေနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ပြီး အောက်တိုဘာ ၃ရက်ကနေ ၅ရက်နေ့ထိ  ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က အထိနာသွားတာကြောင့် ပါရာမော်တာ ၄ စီးနဲ့ ဗုံးသီး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

နိုဝင်ဘာ ၁၂ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာလည်း မြိုင်မြို့နယ်၊ စက်မှု ၂ ကနေ ဝက်ပုပ်ရွာအတွင်း စစ်တပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၅ယောက် ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၂ယောက်လည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ 

တိုက်ပွဲဖြစ်ပွားတဲ့နေ့မှာ စစ်တပ်ထံက တပ်သားအလောင်းတချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရရှိခဲ့ပြီး အထိနာသွားတဲ့ စစ်ကြောင်းဟာ စက်မှု ၂ ကို ပြန်လည်ဆုတ်ခွာခဲ့ရာ လမ်းမှာ အရပ်သား ပြည်သူ အမျိုးသား ၁ ယောက်၊ အမျိုးသမီး၁ယောက်ကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် နိုဝင်ဘာ၁၆ရက်‌နေ့မှာ ပခုက္ကူမြို့နယ်၊ တင်းဂတ်ပျူရွာက ပျူစောထီးဒုခေါင်းဆောင်ဆိုသူ ၁ယောက်နဲ့ အပေါင်းအပါ ၁ယောက် အရပ်သားပြည်သူတွေကို ပေါ်တာဆွဲဖို့ ထွက်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့က အမိအရ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

အထက်ဖော်ပြပါ တိုက်ပွဲတွေကို Earthquake People’s Defense Force ၊ ပခုက္ကူခရိုင် Local တပ်ရင်း- ၁ (PDLB) နဲ့ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လေကြောင်း အန္တရာယ်ကို အထူးဂရုစိုက်ကြဖို့၊ စစ်ရေးအသိ သတိရှိကြဖို့လည်း Earthquake People’s Defense Force က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာနဲ့တရုတ်ဟာ အင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးနိုင်ငံတွေလို့ အစီရင်ခံစာမှာပြော

မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံတွေဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read More

နမ့်ဆန်မြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငယ်အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်​-ပြည်လမ်းပိုင်းအတွင်း လူကြီးလမ်းကြောင်းစောင့်နေသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၈ဦးသေ ပစ်ခတ်မှုဖြစ်ရာ မင်းလှမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ရန်ကုန်-ပြည်လမ်းပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ လူကြီးလမ်းကြောင်းစောင့်နေတဲ့ စစ်အုပ်စုတွေ ထိတွေ့မှုဖြစ်ပြီး အထိနာသွားတဲ့ စစ်ကောင်စီက မင်းလှမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Read More

ပြည်တွင်း အမြန်ချောပို့လုပ်ငန်းများ ကုန်အမျိုးအစား၊ အလေးချိန်နှင့် ပို့ဆောင်ရမည့်နေရာများ ကန့်သတ်ခံထားရ

စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းမှာပါ Delivery service (အမြန်ချောပို့) လုပ်ငန်းတချို့ရဲ့ ကုန်ပစ္စည်းအမျိုးအစား၊ ကုန်အလေးချိန်နဲ့ ကုန်ပို့ရမယ့် နေရာတွေကို ကန့်သတ်လာတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

တော်လှန်ရေးကို ပိုမိုကျစ်လျစ် အားကောင်းလာစေမည့် MDY PDF ၏ စစ်ကိုင်းတပ်မဟာ

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ တပ်မဟာ အသစ်တစ်ခုကို ဖွဲ့စည်းသွားမယ်လို့ မနေ့က  ဒီဇင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဘုရင့်နောင် တိုက်ခိုက်ရေးကျောင်းအား တစ်နေ့တည်း ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) တို့ကို တစ်ရက်တည်းမှာပဲ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။