အာဏာသိမ်းစစ်တပ်က စီစဥ်ပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာမှာ ပြည်သူတွေအနေနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေကို သံသယမဖြစ်ဘဲ ယုံကြည်နိုင်တယ်လို့ ပျော်ဘွယ်မြို့နယ်မှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကြံ့ခိုင်ရေး အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပြောခဲ့ပါတယ်။

သံသယဖြစ်စရာ မလိုဘူးလို့ ပြောနေတဲ့ ကြံ့ခိုင်ရေးပါတီ USDP ဟာ ပြည်သူတွေ မုန်းတီးတဲ့ အာဏာသိမ်းစစ်တပ်က စစ်ဗိုလ်ချုပ်တွေ များစွာနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်လက်အောက်ခံ ပါတီတစ်ခု ဖြစ်နေပါတယ်။

“ကျနော်တို့ ချမှတ်ထားတဲ့ ပြည်သူတွေအတွက် ရေးဆွဲထားတဲ့ ကတိကဝတ်လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့၊ ဖော်နိုင်တဲ့လူတွေကိုပဲ ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးထားတယ်လို့ ကျနော်တို့ ပြောချင်တာ။ ဒီကိုယ်စားလှယ်တွေဟာ သာမန်မဟုတ်ဘူး။ တိုင်းနဲ့ပြည်နယ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ အကုန်လုံးမှာ အဲ့ဒီလို စံထားပြီးတော့ ရွေးထားတာဖြစ်တယ်လို့ ကျနော် မိဘပြည်သူတွေကို အသိပေးချင်တယ်။ ဒီကိုယ်စားလှယ်တွေကို ယုံယုံကြည်ကြည် တာဝန်ပေးအပ်နိုင်တယ်။ သံသယရှိစရာ မလိုဘူး” လို့ USDP အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ဆိုပါတယ်။

ပျော်ဘွယ်မြို့နယ်မှာ ပြည်သူတွေနဲ့ တွေ့ဆုံပြီး မဲဆွယ်စည်းရုံးရာမှာ ဦးသောင်းအေးက အခုလို ပြောဆိုခဲ့တာဖြစ်ပြီး အာဏာသိမ်း အကြမ်းဖက်စစ်တပ် လက်အောက်ကနေ ဆင်းသက်လာတဲ့ သူတို့ပါတီဟာ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို အဆင့်ဆင့် စိစစ်ကာ ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးထားတယ်လို့ ပြောခဲ့ပါတယ်။

“ခင်ဗျားတို့ ကြေညာစာတမ်းကြီးက ဟုတ်ပြီ။ အဲ့ဒါကို ဘယ်သူက အကောင်အထည်ဖော်မှာလဲ။ နိုင်ငံခြားသားတွေခေါ်ပြီး အကောင်အထည်ဖော်မှာလား။ ဘာလား၊ ညာလား၊ လားစရာရှိတယ်။ ကျနော်တို့က အဲ့လိုမဟုတ်ဘူး” လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ စစ်တပ်လက်အောက်ခံ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် အများဆုံး ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပြီး တချို့ မဲဆန္ဒနယ်တွေမှာ အကြောင်းကြောင်းကြောင့် ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်မရှိဘဲ ရွေးကောက်ပွဲမစခင် အနိုင်ရနေမှုအပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲမှုကြောင့် ပြည်သူ ၄ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စက်တပ် လေထီးတွေနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ - တောင်သာမြို့နယ်ဆီက သိရပါတယ်။
Read More

ကျွန်းလှက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းထား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မကွေးတိုင်း ပကဖ ရဲ့ ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း… (ဓာတ်ပုံသတင်း)

မကွေးတိုင်lအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က နယ်မြေထိန်းချုပ်ထားတဲ့ လွတ်မြောက်ရာတစ်နေရာမှာ “ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း”ကို မကွေးတိုင်း ပကဖ က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက် ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့ ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာရှိတဲ့ ၅၈၇ လက်နက်ကြီးတပ်ရဲ့ လမ်းပြဖြစ်သူကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အတည်ပြု ပြောဆိုပါတယ်။
Read More

ရေဦးမှာ သင်တန်းဆင်းပွဲလုပ်နေတဲ့ ပျူတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၃ယောက်သေ၊ ၇ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ်မှာ ပျူစောထီးသင်တန်းဆင်းပွဲကျင်းပတဲ့နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၃ယောက်သေပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ​၇ယောက်ရှိခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

STUM ဦးဆောင်သူ အပါအဝင် အဖွဲ့ဝင် ၁၀ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အလုပ်သမားအဖွဲ့အစည်းများ တောင်းဆို

မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးကို ဆောင်ရွက်နေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၀ ယောက်ကို စစ်ကော်မရှင်က ဖမ်းဆီးထားအမှုအပေါ် အမြန်ဆုံးပြန်လွှတ်ပေးဖို့ အရပ်ဘက် အလုပ်သမားအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။