အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်နိုင်ငံရောက် မြန်မာတွေက နိုဝင်ဘာ ၂၂ ရက်မှာ သမ္မတရဲ့ အိမ်ဖြူတော်ရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်ပြီး ထောက်ချောက်တစ်ခုလည်း ဖြစ်တာကြောင့် နိုင်ငံတကာအနေနဲ့ ပြတ်ပြတ်သားသား ပယ်ချဖို့ တိုက်တွန်းခဲ့ကြပါတယ်။

ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံး လွတ်မြောက်ဖို့ကိုလည်း ဆန္ဒပြသူတွေက ဆိုင်ဘုတ်တွေ၊ ပိုစတာတွေ ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်ဟာ မြန်မာတစ်ပြည်လုံးကို လှည့်ပတ် ဗုံးကြဲနေရင်းနဲ့ပဲ ပြည်သူအားလုံးနဲ့ နိုင်ငံတကာ လက်မခံတဲ့ကြားကနေ အတုအယောင် ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ KyawSoe Latt)

0 Shares:
You May Also Like
Read More

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ၏ အပတ်စဥ် (၅) စစ်သင်တန်းဆင်းပွဲ

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က တပ်သား ၁ ယောက် လက်နက်နဲ့အတူ ထားဝယ်ခရိုင်တပ်ရင်း(၂) ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်အတွင်းက စစ်ကောင်စီတပ်သား တစ်ယောက်က လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) က ထုတ်ပြန်ထားပါတယ်။
Read More

တာမွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ်တွေ စစ်မှုထမ်းဖို့ ယာယီ ရွှေ့ဆိုင်းချင်ရင် သိန်း ၄၀ တောင်းခံနေ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်မောင်ဆိုသူက ရပ်ကွက်အတွင်း စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေတဲ့ လူငယ်တွေ စစ်မှုထမ်းဖို့ ယာယီရွှေ့ဆိုင်းချင်ရင် ကျပ်ငွေ သိန်း ၄၀ တောင်းခံနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
Read More

ဘုတလင်မှာ စစ်ကော်မရှင်တပ်က ဒေသခံများအား အတင်းအဓမ္မ ဖမ်းဆီးကာ ရွေးကောက်ပွဲအတွက် အဓမ္မစေခိုင်းမှုအချို့ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ဒေသခံတွေကို စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲ မဲပေးမှုအတွက် အတင်းအဓမ္မ စေခိုင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

အိမ်ထဲရောက်နေတဲ့ သူခိုးက ဓားနဲ့ထိုးလို့ အိမ်ရှင်အမျိုးသား ပွဲချင်းပြီး သေဆုံး…

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် သုခဒဂုံအိမ်ရာမှာ သူခိုးကို ဖမ်းဆီးဖို့ကြိုးစားရာမှ အိမ်ရှင်လင်မယား ဓားထိုးခံရပြီး အမျိုးသားဖြစ်သူ ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးဖြစ်သူ ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေနဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ်အတွင်း ပျက်စီးနေသည့် လမ်းပိုင်းများကို ပအဖ နှင့် ဆည်မြောင်းဌာနတို့ ပြည်သူနှင့်အတူ ပြုပြင်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ဇွန်လအစောပိုင်းက မိုးအဆက်မပျက်ရွာသွန်းမှုကြောင့်‌ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ကာ ပျက်စီးခဲ့တဲ့ မူးဘောင်လမ်းတွေကို အလျင်အမြန် ပြုပြင်ခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မနေ့က ထုတ်ပြန်ပါတယ်။