တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် TNLA က မိုးကုတ်မြို့ကို အကြမ်းဖက်ကော်မရှင်ထံ ပြန်ပေးလိုက်ပြီးနောက် မြို့ထဲကို စစ်တပ် ဘယ်လိုပြန်ဝင်လာမလဲဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားနေချိန် လူထုရှေ့ ထွက်မလာတာကြာပြီဖြစ်တဲ့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်ဟာ တအာင်းပညာရေးအကယ်ဒမီ ကျောင်းဆင်းပွဲနဲ့အတူ လူထုရှေ့ ပြန်ထွက်ပေါ်လာခဲ့ပါတယ်။

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်မှာ တအာင်းပညာရေးအကယ်ဒမီ TEA အပတ်စဉ် (၁) ဆရာ အတတ်ပညာ ဒီပလိုအပ်နှင်းပွဲကို နိုဝင်ဘာ ၂၀ ရက်က ကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားကို PSLF/TNLA စစ် ဦးစီးချုပ် ဗိုလ်ချုပ်တာဟိုပလန်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်၊ အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တာပန်လ၊ တအာင်းပညာရေးကောင်စီတို့ ပါဝင်တက်ရောက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခမ်းအနားမှာ ၁၁၇ ယောက် ဆရာဖြစ် သင်တန်းဆင်းတယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ပညာရေးက သက်ဆိုင်ရာအာဏာပိုင်တွေ ယူနီဖောင်းဝတ်ထားသူတွေနဲ့ လက်နက်ကိုင်သူတွေ လုပ်ပိုင်ခွင့်ရှိတဲ့ သမ္မတတွေတောင် ခြယ်လှယ်ခွင့်မရှိဘူး။ ပညာရေးတိုးတက်ဖို့အတွက် ပညာရေးအဖွဲ့အစည်းတွေ လွတ်လပ်စွာ ဆုံးဖြတ်ရမယ်။ ကျနော်တို့ ရည်မှန်းထားတဲ့ ပညာရေးကို ဒီထက်မက ပိုမိုဆောင်ရွက်သွားမယ်” လို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော် က ဆိုပါတယ်။

လက်ရှိမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဟာ စစ်ကော်မရှင်နဲ့ အပစ်ရပ် သဘော တူညီချက်ရပြီးတဲ့နောက် မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ တပ်တွေ ဆုတ်ခွာသွားပြီးတော့ အကြမ်းဖက်စစ်အုပ်စုတွေ ပြန်လည်ဝင်ရောက်နိုင်ဖို့ ကူညီပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် TNLA က မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ နောင်ချို၊ သီပေါတို့ကို စစ်ကော်မရှင်ထံ အသာတကြည် ပြန်လည်ပေးအပ်လိုက်ရတာ ဖြစ်ပါတယ်။

အခုနှစ်အစောပိုင်းအထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ မြို့နယ်ပေါင်း ၁၈ မြိုု့နယ်ရှိခဲ့ပြီး တပ်မဟာ ၉ ခုနဲ့ တပ်ရင်း ၄၅ ရင်းရှိသလို မိုးကုတ်ခရိုင်၊ နမ့်ဆန်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ခမ်းခရိုင်၊ ကျောက်မဲခရိုင်တွေ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

(ဓာတ်ပုံ PSLF/TNLA)

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ ထိုင်းကုန်ပစ္စည်းဖမ်းဆီးမှုတွေကြောင့် ပစ္စည်းအဝယ်ပါးကာ ကုန်ကားသမားတွေ အရှုံးပေါ်နေ…

အကြမ်းဖက်စစ်ကောင်စီကနေ အခုရက်ပိုင်းအတွင်းမှာ အခွန်မဲ့ ထိုင်းကုန်ပစ္စည်းတွေကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးလာတာကြောင့် ကုန်သည်တွေက ပစ္စည်းအဝယ်ပါးကာ ကုန်တင်ကားလုပ်ငန်း လုပ်ကိုင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
Read More

မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံရပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြင့် အဆက်အသွယ်ပြတ်နေ

မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ဒီနေ့အချိန်ထိ အဆက်အသွယ် ပြတ်တောက်နေကာ အသက်အန္တရာယ်အတွက် လွန်စွာစိုးရိမ်နေရကြောင်း ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ (ရ.တ.က.သ) က ထုတ်ပြန်ပါတယ်။
Read More

၃ နှစ်အရွယ် မငွေမှုံဦး၏ ဖခင်ကို စစ်တပ် ဖမ်းခေါ်သွား၊ နောက်ရက်တွင် စစ်တပ်လက်နက်ကြီးကြောင့် မငွေမှုံဦး သေဆုံး

တနင်္သာရီတိုင်း၊ ရေဖြူမြို့ယ်၊ ရာဖူးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ယောက် ဦးခေါင်းထိမှန် သေဆုံးသွားခဲ့တယ်လို့ ဗျူဟာ ၃၃ စစ်ဆင်ရေးမှူးထံက သိရပါတယ်။
Read More

မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်မှုအတွင်း တရုတ်ထုတ်လက်နက်များ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ တရုတ်ထုတ် လက်နက်တွေ ပါဝင်နေတာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။
Read More

မောင်ရွှေလေးလို ရေတပ်စခန်းကြီးကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ပင်လယ်ပြင်လေ့ကျင့်ခန်း လုပ်ဦးမယ်လို့ ဆိုပြန်

အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် ရေတပ်စခန်းတွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီရေတပ်က ပင်လယ်ပြင်လေ့ကျင့်ခန်းကို ၄ ရက်ကြာ ပြုလုပ်မယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ပြည်သူတွေဟာ သဘာ၀ဘေးအန္တရာယ်နှင့်အတူ လူလုပ်ကပ်ဘေး စစ်အာဏာရှင်စနစ်ဆိုးကို ကြုံတွေ့နေရဟု NUG ယာယီသမ္မတ ပြော

မြန်မာပြည်သူတွေဟာ သဘာ၀ဘေးအန္တရာယ်နဲ့အတူ လူလုပ်ကပ်ဘေးဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ကြုံတွေ့နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။