အကြမ်းဖက်စစ်ကော်မရှင်က လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ “No Vote” လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

မဲပေးပိုင်ခွင့်ဟာ ပြည်သူတစ်ယောက်စီတိုင်းရဲ့ အခွင့်အရေးဖြစ်တဲ့အတွက် မဲမပေးဘဲ နေပိုင်ခွင့်လည်းရှိပြီး အကြောက်တရားနဲ့ ဖိနှိပ်ကာ သေနတ်မိုးတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ အသိပေးခဲ့ပါတယ်။

Yangon 4 Brothers တော်လှန်ရေးရဲဘော်တွေအနေနဲ့ မကြာခင်ကျင်းပမယ့် ‌ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မည်သို့မျှ တုန်လှုပ်နေမှာမဟုတ်ဘဲ ဆောင်ရွက်ဖို့ရှိတဲ့ ကိစ္စတွေကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိကာ စစ်အာဏာရှင်စနစ်ကျဆုံးတိုင်အောင် အုပ်တစ်ချပ် သဲတစ်ပွင့် ရရာနေရာမှ ပါဝင်လှုပ်ရှားနေမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Video – Yangon 4 Brothers

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် တပ်ရင်း ၆ ရဲဘော်များကို KIA လက်နက် ၁၀၀ ကျော် တပ်ဆင်ပေး (ရုပ်/သံ)

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ယင်းမာပင်ခရိုင် အမှတ် ၆ တပ်ရင်း ရဲဘော်တွေကို KIA က လက်နက် ၁၀၀ ကျော် တပ်ဆင်ပေးခဲ့တယ်လို့ အနောက်မြောက်လွင်ပြင်သို့ကမ်ပိန်းက ဆိုပါတယ်။
Read More

ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစခန်းကို ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်၊အမှတ်-၁ တပ်ရင်း Special Guerrilla Force တပ်ခွဲထံက သိရပါတယ်။
Read More

မြိုင်မြို့နယ် ကန်နီပျူစခန်းကို ဒရုန်းနဲ့ အီနာဂါဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ကန်နီပျူစခန်းကို ဒီဇင်ဘာ ၂ ရက် မနေ့နေ့လယ်ပိုင်းက Fixed Win Drone တွေနဲ့ အီနာဂါဗုံးသီးအလုံး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Victor Hidden Forces အဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၈ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ နဂါးဖြူတပ်ရင်း ရဲဘော် ၃ ယောက်အား အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၈ စခန်းကို တိုက်ခိုက်ခဲ့စဉ် ကျဆုံးခဲ့ရတဲ့ နဂါးဖြူတပ်ရင်းရဲဘော် ၃ ယောက်အား အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့တယ်လို့ White Dragon -P29904 မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်ပံတန်းတွင် စစ်အုပ်စုတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါ ၁၉ ဦး သေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး ဒုရဲအုပ်အပါအဝင် စစ်‌ကော်မရှင်တပ်သား ၁၉ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။ 
Read More

စစ်ကောင်စီ ပျောက်ဆုံးနေသည့် တိုက်လေယာဉ်ကို ပစ်ချခဲ့တာဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီက ပျောက်ဆုံးနေကြောင်း ဒီနေ့ ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ် ဖား‌ဆောင်းမြို့နယ်အတွင်းမှာ အပျက်အစီးတွေနဲ့တကွ ပြန်လည်တွေ့ရှိခဲ့ပါတယ်။