အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်းကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာန၊ ယင်းမာပင်ခရိုင်စစ်ဌာန၊ ယင်းမာပင်မြို့နယ်စစ်ကြောင်း (YMB Column) ရဲ့ စစ်ရေးပြအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်မှာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၁ က သတင်းထုတ်ပြန်ထားပါတယ်။

ယင်းမာပင်မြို့နယ် စစ်ကြောင်းကို ယင်းမာပင်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေတဲ့ ယင်းမာပင် ခရိုင်အမှတ် (၁+၂၆) တပ်ရင်း၊ ယင်းမာပင်ခရိုင်အမှတ် (၂၄) တပ်ရင်းနဲ့ ဗျူဟာ ၄၇ (ယင်းမာပင်ခရိုင် အမှတ် (၂၇+၃၅+၃၆)) တို့နဲ့ ကနဦး စုဖွဲ့ထားတယ်လို့ သိရပါတယ်။

စစ်ရေး၊ နိုင်ငံရေး အကဲဆတ်နေတဲ့ ကာလအပိုင်းအခြားမှာ တော်လှန်ရေးအင်အားစုတွေ အချင်းချင်း ရင်ချင်းအပ် ကျောချင်းကပ်ထားပြီး စည်းလုံးညီညွတ်စွာ တော်လှန်တိုက်ပွဲ ဆင်နွှဲရမယ် ဆိုတာကို ကောင်းမွန်စွာ နားလည်သဘောပေါက်လက်ခံထားပြီးတာနဲ့အမျှ လက်တွဲညီညီ လှုပ်ရှားဆောင်ရွက်နိုင်ဖို့အတွက် ဒီစစ်ကြောင်းကို ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ယင်းမာပင်မြို့နယ် စစ်ကြောင်း (YMB Column) ဟာ  နိုင်ငံတဝန်း တော်လှန်တိုက်ပွဲဝင်နေတဲ့ တော်လှန်ညီနောင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၁ က ထုတ်ပြန် ထားပါတယ်။

Video – ယင်းမာပင်ခရိုင် တပ်ရင်း-၁

0 Shares:
You May Also Like
Read More

ကိုယ်ခန္ဓာအစိတ်အပိုင်းများ ဆုံးရှုံးခဲ့ရပေမယ့် စိတ်ဓာတ် ယိုင်နဲ့မသွားသည့် သူရဲကောင်းများ၏ သက်သေထူသော သံစဥ် (ရုပ်/သံ)

ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ဆုံးရှုံးထားရပေမယ့် စိတ်ဓာတ်တွေ ယိုင်နဲ့မသွားဘဲ စစ်အာဏာရှင် စနစ်ကို တတ်အားသမျှ တွန်းလှန်နေဆဲ ရဲဘော်တွေ သီဆိုထားတဲ့ သီချင်းကို တပ်ရင်း 513 - Reddragon PDF တပ်ရင်းက ဒီနေ့ မနက်ပိုင်းမှာ Facebook လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ကင်းယူမယ့်အဆောက်အအုံမှာ မိုင်းထောင်ပြီး တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ အဆောက်အအုံမှာ ကြိုတင်မိုင်းထောင်ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးကင်းယူဖို့ ရောက်ရှိလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ပျူစောထီး တသိုက်ကို ရှေ့ထွက်ပြောင်း ၅ပြောင်းနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မုံရွာ-မန္တလေးလမ်းပေါ် ဆက်ကြေးကောက်နေတဲ့ ပျူစောထီးတွေ ရှေ့ထွက်ပြောင်းတွေနဲ့ တိုက်ခိုက်ခံရပြီး ၂ယောက်သေဆုံးခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ပြောကြားသော အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ၏ မိန့်ခွန်း

"တော်လှန်ရေးရဲ့ ဦးတည်ချက်ဖြစ်တဲ့ အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ဖယ်ရှားရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးဆိုတဲ့ ဦးတည်ချက်တွေဟာ ပြည်သူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုကို အာမခံပေးနိုင်မယ့် နိုင်ငံတော်တစ်ရပ်ကို တည်ထောင်နိုင်ဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်”
Read More

ကသာမြို့ ခမရ ၃၀၉ မှ အင်းတော်သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ ၃၃ ယောက် သေပြီး ၃၁ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ခမရ ၃၀၉ ကနေ အင်းတော်မြို့သို့ စစ်ကူလာတဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ၃၃ ဘောက်သေပြီး ၃၁ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့အိုးအိမ်များကို ဖျက်ပြီး သယ်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ပြည်သူ့စစ်ခေါင်းဆောင်၊ ရဲတပ်သားနှင့် ပျူစောထီး ၃ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဇီးဖြူးကုန်းရွာကနေ ပြည်သူ့အိုးအိမ်တွေကို ဖျက်ပြီး သီးလုံးပျူစခန်းသို့ သယ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မဟူရာ ရွှေဘိုသားအဖွဲ့ထံက သိရပါတယ်။