မကွေးတိုင်း၊ မြိုင်နယ်နဲ့ ပေါက်နယ်အစပ်မှာ ပစ်ချခဲ့ရတဲ့ စက်တပ်လေထီးကို လာရှာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက် သေဆုံးကာ ပေါ်တာဆွဲခံထားရတဲ့ ပြည်သူ့စစ် ၃ ယောက် လက်နက်နဲ့အတူ အလင်းဝင် ရောက်လာတယ်လို့ မြိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၂ ရက် မနေ့က ပစ်ချခံရတဲ့ စက်တပ်လေထီးကို ရှာဖွေဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ မိနစ် ၂၀ ကြာဖြစ်ပွားပြီး စစ်သား ၄ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပေါက်မြို့နယ် ရွှေဘုံသာပျူရွာကနေ ထွက်ခွာလာကာ ချိုင့်ဇောက်၊ ထန်းပေါက်ကုန်း၊ ဖလံကိုင်း၊ သစ်ကြီးတော၊ ကျောက်တိုင်ခင်၊ ညောင်ဇင်ရွာတွေကို ဝင်ရောက်၊ နေအိမ်တွေကို မီးရှို့ပြီး ပြည်သူ့အချို့ကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကော်မရှင်စစ်ကြောင်းမှာ မန္တလေးနဲ့ ရှမ်းပြည်နယ်က ပေါ်တာဆွဲခံထားရတဲ့ ပြည်သူ့စစ် ၃ ယောက်ကလည်း MA 1 သေနတ် ၃ လက်၊ ကျည်ဘောက် ၃ ခုနဲ့ ကျည် ၈၇ တောင့် ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို MGY PDF၊ မြိုင် ပကဖ၊ ပေါက် ပကဖ၊ YDF၊ ဒေသခံ LPDF တွေနဲ့  မဟာမိတ်တပ်ဖွဲ့တွေ  ပူးပေါင်းဖော်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – မြိုင်ပကဖ

0 Shares:
You May Also Like
Read More

ညောင်ဂျစ်ပင်ပျူစခန်းကို ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ကာကင်းစခန်းများနှင့် အဆောက်အအုံများ ပေါက်ကွဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစခန်းကို မတ်လ ၁၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့  မြိုင် ထံက သိရပါတယ်။
Read More

ဘန်ကောက်မှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲဆန္ဒပြ (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  BIMSTEC အစည်းဝေး ကျင်းပမယ့် ရှန်ဂီလာဟိုတယ်အနီးမှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲပြီး  ဆန္ဒပြထားကြောင်း သိရပါတယ်။
Read More

ဆားတောင်မြို့က ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ကို အသင့်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်၊ စစ်သားအများအပြားသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားတောင်မြို့ကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အသင့်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအ များအပြားသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့နယ် ဆင်တဲ့ဝတံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တပင်ကန်ကျေးရွာ ဆင်တဲ့ဝတံတားထိပ်မှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myingyan District Army-3 Drone Team က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မူဆယ်မြို့အထွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အထွက်မှာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

KTV ကို လာတဲ့ ကပစ ၂၄ မှ ဗိုလ်မှူးသော်ဇင်ဦးနှင့် စကစထောက်တိုင် KTV ပိုင်ရှင်တို့ တိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဧပြီလ ၁၀ ရက် ည ၉ နာရီခန့်က KTV ကို လာတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) က ဗိုလ်မှူး သော်ဇင်ဦးနဲ့ စကစထောက်တိုင် အိမ်ဖြူတော် KTV ပိုင်ရှင် ကိုမြင့်ဦးတို့ ပခုက္ကူမြို့ စက်မှုန်ဇုံ ရထားဘူတာနဲ့ အိမ်ဖြူတော် KTV အနီး တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားတယ်လို့ Earthquake People’s Defence Force ထံက သိရပါတယ်။