ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ကျောင်းသားတွေအပါအဝင် လူငယ်အမျိုးသား ၃ယောက်ကို ပွဲစားဆိုသူက အလုပ်ရမယ်ဆိုပြီး အကြမ်းဖက်စစ်တပ်ထံ လိမ်လည်ရောင်းစားခဲ့ကြောင်း Rangoon Scout Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်ကျေးရွာ အလယ်ပိုင်းမှာ နေထိုင်တဲ့ ဆယ်ကျော်သက် ကျောင်းသား ၂ယောက်နဲ့ အသက် ၂၀ အရွယ် အမျိုးသား ၁ယောက်ဟာ ပွဲစားဆိုသူချိန်းဆိုတဲ့ ဝါယာလက်ရပ်ကွက်ကို သွားရောက်ရင်း မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။

နောက်တစ်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာတော့ အဲဒီလူငယ်တွေက မိသားစုတွေဆီ အသီးသီး အဆက်အသွယ်လုပ်ရင်း သူတို့ကို ပွဲစားဆိုသူက ပဲခူးတိုင်း၊ တောင်ငူမြို့က စစ်တပ်စခန်းတစ်ခုဆီ ရောင်းစားလိုက်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။

လူငယ်တွေရောက်ရှိသွားတဲ့ စစ်အုပ်စုတပ်ရင်းဘက်ကတော့ အသက် ၂၀အရွယ် အမျိုးသားကို ပြန်မလွှတ်ပေးကြောင်းနဲ့ ကျောင်းသားလူငယ်တွေကိုတော့ တစ်ယောက်ကို ငွေကျပ် သိန်း ၄၀ နဲ့ ပြန်ရွေးနိုင်ကြောင်း မိသားစုတွေဆီ အသိပေးခဲ့တယ်လို့ Rangoon Scout Network တာဝန်ရှိသူက ပြောပါတယ်။

“ပါသွားတဲ့သူတွေထဲ အသက် ၂၀ နှစ်ဝန်းကျင် လူငယ်က ကလေး ၁ ယောက် အဖေလို့ သိရပါတယ်။ သူတို့မိသားစုကော ကျောင်းသား ၂ ယောက်ရဲ့ မိသားစုတွေကော ချို့တဲ့ကြပါတယ်တဲ့။ တအိမ်ဆို ဒန်အိုး ဒန်ခွက်တွေ လိုက်ဝယ်ပြီး အသက်မွေးနေကြတာလို့ ပြောပါတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ သိရပါသေးတယ်။” လို့ Rangoon Scout Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုက ရန်ကုန်မြို့တွင်း ပေါ်တာဆွဲဖမ်းဆီးတာတွေကို ဆိုးဆိုးရွားရွား ပြန်လည်လုပ်ဆောင်လာပြီး စစ်သင်တန်းတွေဆီ ချက်ချင်းပို့ဆောင်နေတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ လူငယ်တွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာ စတဲ့ နည်းလမ်းတွေပါသုံးပြီး ခေါ်ဆောင်တတ်ကြောင်း သိရပါတယ်။

“အလုပ်နဲ့ မျှားခေါ်ပြီး စစ်မှုထမ်းထဲ ထည့်နေတာတွေ ခဏခဏတွေ့နေရတာမို့၊ အလုပ်နဲ့ ချိတ်ဆက်ကြတဲ့ခါ သေချာစိစစ်ကြဖို့ သတိပေးချင်ပါတယ်။ အဲ့ဒါအပြင် မူးယစ်ဆေးနဲ့ ခေါ်တာတွေကော၊ ပြည့်တန်ဆာတွေနဲ့ကော နည်းမျိုးစုံနဲ့ ရှိနေလို့ လူငယ်တွေအနေနဲ့ ဒီအချိန်မှာ ဘယ်သူ့ကိုမှ အယုံမလွယ်သင့်တော့ပါဘူး” လို့ Rangoon Scout Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တစ်လကို စစ်မှုထမ်း အရေအတွက် လူ ၅၀၀၀ ပြည့်မှီအောင် စစ်အုပ်စုက သတ်မှတ်ထားသလို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကလည်း ရှေ့တန်းစစ်မြေပြင်မှာ အသေအပျောက် များနေတာကြောင့် စစ်တပ်လက်ပါးစေတွေက လူအရောင်းအဝယ်နဲ့ ပြန်ပေးဆွဲ ငွေညှစ်တာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သံတွဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ ကလေးငယ်တွေအပါ ၁၃ ယောက်ထက်မနည်းသေဆုံးပြီး ၂၃ ယောက်ထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးတွေ ကြဲချခဲ့ရာ ကလေးငယ်တွေအပါ ပြည်သူ ၁၃ ယောက်သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အမြောက်တပ်ကို ဘယ်လိုသွားရလဲလို့ PDF တွေကို လာမေးတဲ့ စစ်ဗိုလ်လင်မယား အဖမ်းခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သုံးခွကျေးရွာအနီးမှာရှိတဲ့ PDF ဂိတ်စခန်းတစ်ခုကို လမ်းမှားဝင်သွားတဲ့ စစ်ဗိုလ်လင်မယား ၂ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ အတွက် စစ်ကောင်စီ စတင် စာရင်းကောက်ယူနေ

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ဖို့အတွက် မတရား စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်းကို စစ်ကောင်စီက စတင်ကောက်ယူနေပြီလို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
Read More

TNLA နှင့် MNDAA အပါ တော်လှန်ရေးအင်အားစုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဟာ ရှမ်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်း သျှမ်းလူငယ်ကွန်ဂရက် (DYC) ပြော

ရှမ်းပြည်နယ်ထဲက မြို့တွေမှာ TNLA၊ MNDAA အပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့လုပ်ရပ်ဟာ ရှမ်းပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒ မပါဝင်ဘဲ လူမျိုးစုအချင်းချင်းကြား ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တယ်လို့ သျှမ်းလူငယ်ကွန်ဂရက် Dai Youth Congress (DYC) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရ လက်နက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

မန္တလေး PDF ထိန်းချုပ်ရာနယ်မြေတွေကို NUG ကာကွယ်ရေးဝန်ကြီး ကွင်းဆင်းကြည့်ရှုခဲ့

မန္တလေး PDF ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကိုယ်တိုင် သွားရောက်ကွင်းဆင်းတွေ့ဆုံခဲ့တယ်လို့ စစ်အာဏာရှင်သပိတ်တွေကို စဉ်ဆက်မပြတ် လှုပ်ရှားဦးဆောင်နေတဲ့ ဒေါက်တာတေဇာဆန်းက သူရဲ့လူမှုကွန်ယက်ကတဆင့် ဖော်ပြလာပါတယ်။