မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ရာမှာ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ရဲဘော်တွေက ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၅ ရက်အတွင်း ပေါက်မြို့နယ်တောင်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်သားအများအပြားသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ဟာ ပေါက်-ဆိပ်ဖြူစစ်ကြောင်း၊ YRF ဗိုလ်နားပေါက်၊ ပခုက္ကူခရိုင် အထူးလှုပ်ရှား ပကဖတပ်ခွဲ (၃)တို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Ministry of Home Affairs and Immigration – Myanmar

0 Shares:
You May Also Like
Read More

မင်းတပ်မြို့ စံမင်းသီရိကုန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့ စံမင်းသီရိကုန်းမှာ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်ကောင်စီရဲ့ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေကို နိုဝင်ဘာ ၁၁ ရက်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေစဉ် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူနယ် တင်းဂါတ်ရွာ ပြည်သူ့စစ်ဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ပျူစောထီး ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် တင်းဂါတ်ရွာ ပြည်သူ့စစ်ဂိတ်စခန်းကို အောက်တိုဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ယောက်သေခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

သေ့ဘောဘိုးစခန်းသိမ်းပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တော်လှန်ရေးပူးပေါင်းတပ်များကို အောင်သပြေပန်းများဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။
Read More

တောင်ငူမြို့ ရေကြီးရေလျှံမှုကြောင့် လူထောင်ပေါင်းများစွာ အရေးပေါ်ရွှေ့ပြောင်းနေရပြီး အရေးပေါ်သုံးပစ္စည်းများ လိုအပ်နေ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၅၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရကာ အရေးပေါ်သုံး ဆေးဝါးနဲ့ စားနပ်ရိက္ခာ၊ အဝတ်အ ထည်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
Read More

တောင်ကိုရီးယား စစ်ကော်မရှင်သံရုံးအနီး ဆန္ဒပြ ပြည်သူများကို ဒေါ်ဇင်မာအောင် သွားရောက် ဂုဏ်ပြုနှုတ်ဆက် (ရုပ်/သံ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကော်မရှင်သံရုံးအနီး ပြုလုပ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သွားရောက်ကာ ဂုဏ်ပြု နှုတ်ဆက်ခဲ့ပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိနေ တယ်လို့ Black Panther Column - တပ်ခွဲ ၂ မှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။