ပဲခူးတိုင်း၊ ဇီကုန်းမြို့ပေါ် KTV မှာ လာရောက်ပျော်ပါးနေတဲ့ စစ်ကော်မရှင်တပ်သား ၇ ယောက်ကို ဝင်ရောက်တိုက်က်ရာ စစ်သား ၇ ယောက်လုံး သေဆုံးသွားပြီး သူတို့ရဲ့ လက်နက်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ နတ်စစ်သည်တပ်ဖွဲ့ထံက သိရပါတယ်။

မနေ့က နိုဝင်ဘာလ ၂၂ ရက် ည ၁၁ နာရီဝန်းကျင်အချိန်မှာ အဆိုပါ KTV ကို စစ်သားတွေ ရောက်နေတယ်လို့ သတင်းရတာကြောင့် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့ သတင်းကြိုရထားပါတယ်။ အားလုံးက ၇ ယောက်၊ အကုန်သေပါတယ်။ သူတို့က KTV မှာ သောက်စား ပျော်ပါးနေကြတာ ဟုတ်ပါတယ်” လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃၊ နတ်စစ်သည် တပ်ဖွဲ့မှူး ကိုအောင်က မောင်းကို ပြောပါတယ်။

စစ်ကော်မရှင်တပ်သားများထံမှ သိမ်းဆည်းရရှိသည့် စစ်လက်နက် ပစ္စည်းတချို့

ညအချိန် ဖြစ်တာကြောင့် သေဆုံးသွားတဲ့ စစ်သား ၇ ‌ယောက်ထဲမှာ ရာထူးမြင့်သူတွေ ပါ၊ မပါ ဆိုတာကို သေချာ မစစ်ဆေးခဲ့ရတာကြောင့် ဆက်လက်စုံစမ်းဆဲ ဖြစ်တယ်လို့ သူကဆိုပါတယ်။

အဆိုပါ စစ်ဆင်ရေးကို နတ်စစ်သည်တပ်ဖွဲ့နဲ့ ကြို့ပင်ကောက် BTZM တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ စစ်သားတွေထံက G3 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်တောင့် ၈၀၊ အီကွေ့မန့် ၂ ခု၊ ဓား ၃ လက်နဲ့ လက်ထိပ် ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်သားများထံမှ သိမ်းဆည်းရရှိသည့် စစ်လက်နက် ပစ္စည်းတချို့
0 Shares:
You May Also Like
Read More

သပြေကုန်းရွာ ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီ တပ်စခန်းကို KNDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ ရရှိ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ သပြေကုန်းရွာဘုန်းကြီးကျောင်းဝန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KNDF တပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF ဗျုဟာအမှတ် (၂) က ဇွန်လ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်များကြောင့် ပြည်နယ် မတည်မငြိမ်ဖြစ်နေဟု နိုင်ငံအနှံ့ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေသည့် မင်းအောင်လှိုင် ပြော

အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင်က ကရင်ပြည်နယ်ကို တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် လုပ်ဆောင်နေသူတွေဟာ ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တယ်လို့ ပြောလာပြန်ပါတယ်။
Read More

စစ်ကောင်စီကြောင့် ချင်းမှာ ၄ နှစ်အတွင်း အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ထောင်နီးပါး သေဆုံးခဲ့ရ

ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် အရပ်သားနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း တစ်ထောင်နီးပါး သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ် ၃ရက်တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၂ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်တပ်ဘက်က ဗိုလ်ကြီး ၁ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးနဲ့ လာရောက်ဗုံးကြဲရာ ဒေသခံအမျိုးသမီး ၁ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ပေါ် တောင်ရပ်ကွက်နဲ့ ရွှေမုဠောဘုရားမှာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ပေါင် (၅၀၀)ဗုံးနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီလက်ထဲမှာ အသက်မဲ့နေတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ ပါဝင်လာ

ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ မြန်မာ့ရိုးရာအတာသင်္ကြန် ပါဝင်လာတာကို ယူနက်စကိုရဲ့ တရားဝင် Website မှာဖော်ပြချက်အရသိရပါတယ်။