စစ်အုပ်စုရဲ့ရွေးကောက်ပွဲကော်မရှင်အပါအဝင် သက်ဆိုင်ရာကျောင်းတွေက အဓမ္မဖိအားပေးလို့ ကြိုတင်မဲပေးရသူ ကျောင်းသား၊ ကျောင်းသူ သုံးသောင်းနီးပါးရှိတယ်လို့ ယနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာများရဲ့ဖော်ပြချက်အရ သိရပါတယ်။

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခဲ့ရတဲ့ကျောင်းသားအများစုဟာ အလုံ၊ ဒဂုံမြို့သစ် ( မြောက်ပိုင်း)၊ ထားဝယ်၊ မြိတ်၊ ကျွန်းစု၊ စဉ့်ကိုင်၊ လောင်းလုံ၊ လယ်ဂျာ၊ ကွယ်ဟိန်း၊ ပင်းတယ အစရှိတဲ့မြို့တွေကဖြစ်ကြောင်းနဲ့ အခြားမြို့တွေဆီကလည်း ပါဝင်ကြောင်း စစ်အုပ်စုအာဘော်သတင်းတွေမှာ ဖော်ပြထားတာပါ။

တက္ကသိုလ်ကျောင်းသား၊‌ ကျောင်းသူတွေဟာ မဲဆန္ဒနယ်ပြင်ပကို ကျောင်းတက်ရောက်မှာဖြစ်လို့ နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အတွင်း ကြိုတင်မဲပေးဖို့ စေခိုင်းခံရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း ကြိုတင်မဲထည့်ပြီးမှ တက္ကသိုလ်ဝင်ခွင့်ပြုမယ်လို့ ကျောင်း‌တွေဘက်က ဖိအားပေးတာတွေ ရှိခဲ့ပါတယ်။

စစ်အုပ်စုပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို စိတ်ဝင်စားသူတွေမရှိတဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေကို ဖိအားပေးမဲထည့်ခိုင်းတာဖြစ်တယ်လို့ ကျောင်းသားတစ်ဦးက ဆိုပါတယ်။

အတုအယောင်ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းတွေကပ်ထားကြောင်းကို မနေ့ညက ရပ်ကွက်အတွင်း လှည့်လည်အသိ‌ပေးသွားတယ်လို့လည်း ၄င်းကဆိုပါတယ်။

အကြမ်းစစ်တပ်ထုတ်ပြန်တဲ့ ပထမအကြိမ်မဲစာရင်းမှာ နာမည်မှားတာတွေ သေဆုံးသူတွေပါဝင်နေတာတွေ နာမည်ထပ်တာတွေနဲ့ အမှားအယွင်းများစွာရှိနေတယ်လို့ ဝေဖန်မှုများရှိသလို၊ အဲ့လိုမှားယွင်းမှုများရှိနေကြောင်းကို ဘူးလက်လှဆွေလို စစ်တပ်အမာခံဆိုသူများကလည်း ဝန်ခံထားပါတယ်။
0 Shares:
You May Also Like
Read More

မန္တလေးတွင် Bluetooth Speaker Box အားသွင်းရာမှ မီးလောင်ပြီး နေအိမ် ၈ လုံး ပျက်စီး

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်း၊ ၇၁လမ်း နဲ့ ၇၂လမ်း ကြားမှာ မနေ့ညက မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၈လုံး မီးလောင်ပျက်စီးသွားကြောင်း မြို့ခံတွေဆီက သိရပါတယ်။
Read More

နွားထိုးကြီး PDF ၏ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကျင်းပပြီး ရဲဘော်များကို လက်နက် တပ်ဆင်ပေး

နွားထိုးကြီး PDFရဲ့ မွမ်းမံသင်တန်း အပတ်စဥ်(၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၃ ရက် ဒီနေ့မှာ ကျင်းပခဲ့ပြီး မွမ်းမံသင်တန်းဆင်း ရဲဘော်တွေကို မဟာမိတ်အဖွဲ့က လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ နွားထိုးကြီး PDF (မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၁၀) တပ်ရင်း)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇူလိုင်လအတွင်း စစ်အုပ်စုကြောင့် သေဆုံးခဲ့သူ ၁၀၄ ဦးကို အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၁၄၀ ဦးရှိဟု AAPP ထုတ်ပြန်

နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လ ၁ လတာအတွင်း အရပ်သားပြည်သူ ၁၀၄ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို ရိက္ခာဆန် ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို အလှူရှင်တွေရဲ့ လှူဒါန်းပေးမှုနဲ့ ရိက္ခာဆန် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ အညာဒေသပရဟိအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်းအခြေစိုက် ခလရ ၁၃၄ တပ်ရင်းစခန်းသိမ်းတိုက်ပွဲအတွင်း လွိုင်ကော် PDF မှ ၂၁ နှစ်အရွယ် ရဲဘော် ၁ ဦးကျဆုံးခဲ့…

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းစခန်းသိမ်း တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်ဒေးဗစ် (ခ) နေဝင်းရဲ့ ဈာပနအခမ်းအနားကို ဇွန်လ ၂၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) - Loikaw PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြိုင် ပကဖ အခြေခံ စစ်သင်တန်းဆင်းပွဲ

မြိုင်ပကဖ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၄/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၁ရက်နေ့က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။